ကချင်ပြည်နယ်၊ရခိုင်ပြည်နယ်ရှိလူအနည်းစုကောက်ခံရမှုမရှိပဲသန်းခေါင်စာရင်းကောက်ယူမှုအဆုံးသတ်တော့မည်

...

ကချင်ပြည်နယ်၊ရခိုင်ပြည်နယ်ရှိလူအနည်းစုကောက်ခံရမှုမရှိပဲသန်းခေါင်စာရင်းကောက်ယူမှုအဆုံးသတ်တော့မည်

The Myanmar Times, 28 May 2014

URL: http://www.veooz.com/news/gHDfXvB.html
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနတာဝန်ရှိသူများမှမူလကောက်ယူခြင်းမှချန်ထားခဲ့သောကချင်ပြည်နယ်နှင့်ရခိုင်ပြည်နယ်တို့ရှိလူဦးရေနှင့်အတူရက်တိုးကောက်ယူ
သောအချက်အလက်သန်းခေါင်စာရင်းကောက်ယူမှုကိုလာမည့်အပတ်တွင်တရားဝင်ပြီးဆုံးမည်ဟုအတည်ပြုခဲ့သည်။

သို့ဖြစ်စေကာမူအတည်ပြုချက်သည်ကချင်ပြည်နယ်၏KIAထိန်းချုပ်ရာနယ်မြေများတွင်ကချင်အစိုးရနှင့်အတူသန်းခေါင်စာရင်းကောက်ယူရန်အစိုးရမှသဘောတူညီမှုရှိခဲ့ကြောင်းအစီ
ရင်ခံစာတွင်ဖော်ပြခဲ့သည်။

“ဒီနယ်မြေတွေမှာကောက်ယူဖို့ကျွန်မတို့ကောင်းဆုံးကြိုးစားခဲ့ပါတယ်၊ဒါပေမယ့်ကျွန်မတို့သဘောတူညီမှုမရနိုင်ခဲ့တဲ့အတွက်မေလကုန်မှာကျွန်မတို့ရပ်လိုက်ပါမယ်”ဟုဝန်ကြီးဌာန၏သန်း
ခေါင်စာရင်းနည်းပညာပိုင်းဆိုင်ရာအဖွဲ့ညွှန်ကြားရေးမှူးမှပြောကြားခဲ့သည်။

အမျိုးသားသန်းခေါင်စာရင်းကောက်ယူမှုသည်ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့(UNFPA)မှငွေကြေးနှင့်နည်းပညာပိုင်းဆိုင်ရာများရရှိခဲ့ပြီးသန်းခေါင်စာရင်းကောက်ယူမှုကိုမတ်လ၃၀မှ
ဧပြီ၁၀ရက်နေ့အထိစီစဉ်ထားသည်။

သို့သော်လည်းKIAထိန်းချုပ်ရာနယ်မြေများတွင်သန်းခေါင်စာရင်းကောက်ယူသူများအားဝင်ရောက်ကောက်ယူခွင့်မပြုခြင်းနှင့်ရခိုင်ပြည်နယ်တွင်မူဆလင်အသိုင်းအဝိုင်းများမှဘင်္ဂါလီ
ထက်ရိုဟင်ဂျာအဖြစ်သူတို့အားသတ်မှတ်စေချင်သောကြောင့်ပြဿနာများလျှင်မြန်စွာပေါ်ပေါက်လာသည်။

UNFPAနှင့်အစိုးရနှစ်ဖက်စလုံးမှရက်သတ္တပတ်နှင့်လများစွာပြောကြားခဲ့သည့်သန်းခေါင်စာရင်းကောက်ယူရာတွင်ဖြေကြားသူအားလုံးသည်၎င်းတို့ဖြစ်ချင်သည့်အရာကိုကိုယ်တိုင်သတ်
မှတ်ရန်လွတ်လပ်မှုရှိသည်ဟုပြောကြားခဲ့သည်။

သို့သော်လည်းရခိုင်ပြည်နယ်တွင်ဗုဒ္ဓဘာသာအုပ်စုများမှဖိအားပေးမှုများတိုးပွားလာသောကြောင့်သမ္မတရုံးမှရိုဟင်ဂျာဟုသတ်မှတ်သူများကိုသန်းခေါင်စာရင်းကောက်ယူခြင်းမပြုဟုမတ်
လ၃၀ရက်နေ့တွင်ကြေငြာခဲ့သည်။

သန်းခေါင်စာရင်းကောက်ယူမှုကိုဝေဖန်သူများမှသန်းခေါင်စာရင်းကောက်ယူမှုလုပ်ဆောင်သူများထံသို့ပြဿနာများသိသိသာသာရောက်ရှိလာမည်ဟုပြောခဲ့သည်။

“အစိုးနဲ့UNFPAတို့ရဲ့ကချင်ပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့မှာနိုင်ငံလုံးအတိုင်းအတာသန်းခေါင်စာရင်းကောက်ယူမှုပြီးစီးခြင်းမရှိပဲမအောင်မမြင်ဖြစ်​ရာ​တာ​ဟာ​သန်းခေါင်စာရင်းကောက်ယူရာ
မှာလုံခြုံ ရေးဆိုင်ရာအန္တရယ်များကိုထည့်​သွင်း​မ​စဉ်းစားလို့​ပါ​ပဲ​”ဟုလူ့အခွင်အရေးစောင့်ကြည့်ရေးအဖွဲ့မှရန်ကုန်အခြေစိုက်သုတေသီတစ်ဦးဖြစ်သူDave Mathieson မှပြောကြားခဲ့သည်။

“အစိုးရဟာဒီတဖက်စွန်းရောက်တဲ့အသံတွေကိုရပ်ကြည့်နေသင့်ပါတယ်၊သူတို့အကြိုက်မလိုက်သင့်ပါဘူး၊ပြီးတော့UNFPAနှင့်အလှူ ရှင်များကသန်းခေါင်စာရင်းကောက်ယူမှုအားနည်းချက်
များမှကောက်ယူခြင်းမခံရပဲဖယ်ထုတ်ခံရသည့်လူအနည်းစုအတွက်တာဝန်မျှဝေယူခြင်းရှိရပါမယ်”