ကရင်အဖွဲ့များမှစည်းလုံးညီညွတ်မှုအတွက်သုံးရက်တာညီလာခံကျင်းပ

...

ကရင်အဖွဲ့များမှစည်းလုံးညီညွတ်မှုအတွက်သုံးရက်တာညီလာခံကျင်းပ

Irrawaddy News, 29 May 2014

URL: http://www.irrawaddy.org/burma/karen-groups-seek-unity-3-day-conference.html
ရာနှင့်ချီသောလက်နက်ကိုင်အဖွဲ့များမှတိုင်းရင်းသားခေါင်းဆောင်များ၊လူငယ်အဖွဲ့များနှင့်လူထုအခြေစိုက်အဖွဲ့အစည်းများသည်ကမ္ဘာအနှံ့ကရင်လူထုများအကြားစည်းလုံးညီညွတ်မှုတည်
ဆောက်မှုအပေါ်အာရုံစူးစိုက်မှုများရှိကြရန်အတွက်ကရင်ပြည်နယ်တွင်အစည်းအဝေးတစ်ရပ်ကျင်းပပြုလုပ်ခဲ့သည်။

ဘားအံခရိုင်တွင်ကျင်းပသောသုံးရက်တာကရင်စည်းလုံးညီညွတ်မှုနှီးနှောဖလှယ်ပွဲကိုလူပေါင်းခန့်မှန်းခြေငါးရာမှခြောက်ရာကျော်လောက်တက်ရောက်ကြသည်။နှီးနှောဖလှယ်ပွဲကိုဗုဒ္ဓဟူး
နေ့တွင်စတင်ခဲ့ပြီးမြန်မာနိုင်ငံရှိကရင်အဖွဲ့များ၊အမေရိကန်၊ဥရောပနှင့်တခြားနိုင်ငံများစသည်တို့မှကိုယ်စားလှယ်များတက်ရောက်ပါဝင်ကြသည်။

တက်ရောက်လာသူများအကြားတွင်ကရင်အမျိုးသားအစည်းအရုံး(KNU)၊ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA)နှင့်ကရင်ငြိမ်းချမ်းရေးကောင်စီ၊ရန်ကုန်အခြေစိုက်ကရင်နိုင်ငံရေး
ပါတီများစသည်တို့ပါဝင်သည်ဟုKNUဟုကေအဲန်ယူထံမှသတင်းရရှိခဲ့သည်။

“နှီးနှောဖလှယ်ပွဲရဲ့ရည်ရွယ်ချက်ကတော့ကရင်လူမျိုးများအကြားပိုမိုကောင်းမွန်တဲ့စည်းလုံးညီညွတ်မှုကိုတဆင့်ပြီးတဆင့်ပြီးတဆင့်တည်ဆောက်သွားကြဖို့ပဲဖြစ်ပါတယ်”ဟုဘားအံရှိကေ
အဲန်ယူဆက်ဆံရေးရုံးမှတာဝန်ရှိသူတစ်ဦးဖြစ်သည့်ဗိုလ်မှူးရှိရှိုးမှဧရာဝတီသို့ပြောခဲ့သည်။

ဆယ်ကြိမ်မြောက်ကျင်းပသောကရင်စည်းလုံးညီညွတ်မှုနှီးနှောဖလှယ်ပွဲကိုထိုင်းနိုင်ငံ၊တာ့ခရိုင်နှင့်မျက်နှာချင်းဆိုင်တွင်ရှိသည့်ကေအဲန်ယူတပ်မဟာ၇ထိန်းချုပ်ရာနယ်မြေဖြစ်သောလေးဝါး
တွင်ကျင်းပခဲ့သည်။ဗြိတိသျှကောင်စီအုပ်ချုပ်မှုမှမြန်မာနိုင်ငံလွတ်လပ်ရေးရရှိလာပြီးနောက်ပိုင်းတွင်ကရင်တော်လှန်ရေးသမားများဦးဆောင်သည့်ကေအဲန်ယူမှဗဟိုအစိုးရအားဆယ်စုနှစ်
များစွာတိုက်ပွဲဆင်နွှဲခဲ့ကြသည်။

KNUကို၁၉၄၇တွင်တည်ထောင်ခဲ့ကာ၁၉၄၉ခုနှစ်တွင်၎င်းတို့သည်လက်နက်ကိုင်တိုက်ပွဲဝင်တော့မည်ဟုတရားဝင်ကြေငြာခဲ့သည်။၁၉၄၇ခုနှစ်တွင်ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်ကိုအခြေစိုက်
ကာတည်ထောင်ခဲ့ကြသည်။နောက်ပိုင်းတွင်ပဲခူးတိုင်းတောင်ငူသို့ပြောင်းရွှေ့အခြေစိုက်ခဲ့ပြီးနောက်ဆုံးတွင်ထိုင်း-မြန်မာနယ်စပ်၊မယ်သဝေါသို့ရောက်ရှိလာသည်။

သမ္မတဦးသိန်းစိန်အစိုးရမှတိုင်းရင်းသားလက်နက်ကိုင်အုပ်စုများနှင့်၂၀၁၂ခုနှစ်အစောပိုင်းတွင်ငြိမ်းချမ်းရေးလုပ်ငန်းများစတင်လုပ်ဆောင်ခဲ့သောအခါကေအဲန်ယူသည်သမိုင်းဝင်အပစ်အ
ခတ်ရပ်စဲရေးသဘောတူညီမှုကိုလက်မှတ်ရေးထိုးခဲ့သည်။