ဥရောပလုပ်ငန်းရှင်များကရင်ပြည်နယ်တွင်သမဝါယမလုပ်ငန်းငွေ​စု​ငွေ​ချေး​ထောက်ပံ့

...

ဥရောပလုပ်ငန်းရှင်များကရင်ပြည်နယ်တွင်သမဝါယမလုပ်ငန်းငွေ​စု​ငွေ​ချေး​ထောက်ပံ့

Irrawaddy News, 05 Jun 2014

URL: http://www.irrawaddy.org/business/european-donors-fund-savings-co-ops-karen-state.html
ဥရောပသမဂ္ဂနှင့်ပြင်သစ်အစိုးရကငွေကြေးဝန်ဆောင်မှုများရရှိရန်ခက်ခဲသောမြန်မာနိုင်ငံ၏အလွန်ဝေးကွာသောနေရာများနှင့်အဆင်းရဲဆုံးသောတိုင်းရင်းသားများနေထိုင်ရာပြည်နယ်များအ
တွက်ရည်စူးပြီးအမေရိကန်ဒေါ်လာ(၁.၃)ကိုကရင်ပြည်နယ်ရှိသမဝါယမလုပ်ငန်းများအတွက်ရင်းနှီးမြုပ်နှံမည်ဖြစ်ကြောင်းထုတ်ပြန်ချက်တွင်ဆိုထားပါသည်။

ဗုဒ္ဓဟူးနေ့ထုတ်ပြန်ချက်အရ(၉၆၅၅၀၉)ယူရိုကိုသုံးနှစ်စီမံကိန်းအတွက်ရင်းနှီးအသုံးပြုမည်ဖြစ်ပြီးဥရောပသမဂ္ဂမှငွေကြေးပမာဏ၏(၈၂)ရာခိုင်နှုန်းရင်းနှီးပြီးကျန်ရှိငွေကိုပြင်သစ်နိုင်ငံနိုင်ငံတ ကာဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့အစည်းတစ်ခုဖြစ်သောAgence Française de Développement ကရင်းနှီးမြုပ်နှံမည်ဖြစ်သည်။

သမဝါယမလုပ်ငန်းများမှတဆင့်ငွေကြေးပံ့ပိုးခြင်းနှင့်ကရင်ပြည်နယ်ရှိလယ်ယာဖွံ့ဖြိုးတိုးတက်ရေးနှင့်လုပ်ငန်းများမြှင့်တင်ရေးစီမံကိန်းအမည်ဖြင့်နိုင်ငံတကာမိုက်ခရိုဖိုင်းနင့်အဖွဲ့အစည်းတစ်ခု
ဖြစ်သောPlaNet Financeမှမြန်မာအုပ်စုတစ်စုဖြစ်သောလူ့အသိုင်းအဝိုင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးအသင်းနှင့်အတူစတင်လုပ်ဆောင်မည် ဖြစ်သည်။

အဆိုပါစီမံကိန်းသည်ဘားအံပြည်နယ်လှိုင်းဘွဲမြို့နယ်တွင်းရှိကျေးရွာသုံးဆယ်မှအနည်းဆုံးအိမ်ခြေအလုံး(၂၀၀၀)အပါအဝင်သမဝါယမချေးငွေများပေးနိုင်ရန်စုငွေသုံးမျိုးကိုစတင်တည်ထောင်
မည်ဟုအဆိုပါထုတ်ပြန်ချက်ကဆိုထားသည်။

ဤသမဝါယမလုပ်ငန်းများအားဖြင့်မြန်မာပြည်၏တိုက်ပွဲအပြီးနေရာဒေသများရှိလယ်သမားများ၏စုငွေများနှင့် ဝင်ငွေများတိုးပြီးလုံခြုံစိတ်ချစွာနေနိုင်ရေးကိုမျှော်လင့်နိုင်မည်ဖြစ်သည်။

ကရင်ပြည်နယ်သည်ပြည်တွင်းစစ်ကိုဆယ်စုပေါင်းများစွာခံစားခဲ့ရပြီးရွာသူရွာသားထောင်နှင့်ချီ၍နေရာပြောင်းရွှေ့ကြရသည်။မိသားစုဝင်အများစုမှာနေ့စဉ်ဝင်ငွေ(၁)ဒေါ်လာထက်ပင်နည်းကြ
သည်။လူပေါင်း(၁၄၀၀၀၀)ကျော်ထိုင်းနိုင်ငံဘက်သို့ထွက်ပြေးတိမ်းရှောင်ကြရပြီးဒုက္ခသည်စခန်းကိုးစခန်းတွင်နေထိုင်ကြသည်မှာဆယ်စုနှစ်နှစ် ခုပင်ရှိပြီဖြစ်သည်။

လက်ရှိကုလသမဂ္ဂ၏လေ့လာတွေ့ရှိချက်အရမြန်မာပြည်တစ်လျှောက်တွင်ငွေကြေးဝန်ဆောင်မှုများနည်းပါးပြီး လူဦးရေ၏လေးရာခိုင်နှုန်းသာလျှင်ဘဏ်စုငွေရှိကြသည်။ဤဖြစ်စဉ်၏ရလဒ်နှင့်
အခြားအခက်အခဲများကြောင့်လူဦးရေ၏(၆၂)ရာခိုင်နှုန်းမှာမိမိတို့၏ငွေကြေးများကိုအရန်စုထားခြင်းမရှိဟုစာရင်းကောက်ယူချက်အရဆို ထားသည်။

ဤတပတ်အတွင်းတွင်PlaNet Finance မှစီမံကိန်းတည်ထောင်ခန့်ခွဲရေးသင်တန်းကိုပြုလုပ်ခဲ့ပြီးCDA မှဝန်ထမ်းများ၊မြန်မာနိုင်ငံအစိုးရသမဝါယမလုပ်ငန်းနှင့်လုပ်ငန်းအသေးစားဌာနမှအရာ
ရှိများအပါအဝင်ကရင်ပြည်နယ်ရှိပြည်ထောင်စုသမဝါယမအသင်းအဖွဲ့ကိုယ်စားလှယ်များမှတက်ရောက်ခဲ့ကြသည်။