ထားဝယ်ခရိုင်အစားထိုးအိမ်မြေကွက်လယ်သမားများလက်မခံနိုင်

...

ထားဝယ်ခရိုင်အစားထိုးအိမ်မြေကွက်လယ်သမားများလက်မခံနိုင်

mizzima, 06 Jun 2014

URL: http://www.bnionline.net/index.php/news/imna/17098-dawei-farmers-offered-a-single-house-hold-land-plot-for-every-three-acres-of-confiscated-farmland.
တနင်္သာရီတိုင်း၊ထားဝယ်မြို့တွင်သိမ်းဆည်းထားသည့်မြေယာများကိုလယ်သမားများ၏စိုက်ပျိုးမြေအစား၄င်းမြေနေရာတွင်အိမ်မြေကွက်(ပေ၄၀-၆၀)များတိုင်းထွာသတ်မှတ်ပေးအပ်သည်ကို
လယ်သမားများလက်မခံကြောင်းသိရသည်။

လယ်ပိုင်ရှင်တစ်ဦးဖြစ်သူမရွှေစင်ယုက“ကျမတို့လိုအပ်တာကမိသားစုတွေအသက်မွေးဝမ်းကျောင်းပြုခဲ့တဲ့ကျမတို့လယ်ယာမြေကိုပဲလိုချင်တာပါ၊(၃)ဧကလယ်မြေအတွက်အိမ်ခြံမြေတကွက်ပဲပေး တာကိုလုံးဝလက်မခံနိုင်ဘူး”လို့လွတ်လပ်သောမွန်သတင်းအေဂျင်စီIMNAသို့ပြောသည်။

လက်ရှိလယ်ယာမြေများတွင်အိမ်ခြံမြေကွက်သတ်မှတ်ရန်မြေတိုင်းဌာနကတိုင်များလာရောက်စိုက်ထူစဉ်လယ်သ မားများလက်မခံပဲတိုင်စွဲနုတ်သဖြင့်အငြင်းပွားမှုများဖြစ်ပေါ်ပြီးတောင်သူလယ်
သမား(၂၀)ဦးကိုယမန်နေ့တွင်ထားဝယ်ရဲစခန်းကစစ်ဆေးခေါ်ယူမေးမြန်းမှုများပြုလုပ်ခဲ့ကြောင်းသိရသည်။

ဦးထွန်းထွန်းဝင်းက“ရဲစခန်းကိုခေါ်သွားပြီးစစ်ချက်ယူတယ်၊ခရိုင်ဒုဦးစီးကပုဒ်မ(၃)ခုနဲ့ဒီလယ်သမားတွေကိုအမှု ဖွင့်ထားဆဲပဲ”ဟုပြောသည်။အဆိုပါတောင်သူလယ်သမားများရဲစခန်းမှပြန်ထွက်
လာချိန်တွင်မြေတိုင်းဌာနကတိုင်းထွာမှုများပြုလုပ်ခဲ့ပြီးလယ်ယာမြေတွင်အိမ်ခြံမြေသတ်မှတ်တိုင်များစိုက်ထူထားသည်ဟုသူကဆက်ပြောသည်။

အသိမ်းဆည်းခံလယ်မြေတွေများတွင်ဒေသခံလယ်သမားများယခင်နှစ်ပေါင်းများစွာလုပ်ကိုင်ခဲ့ခြင်းဖြစ်ပြီးလျော်ကြေးမယူလိုသောလယ်သမား(၅၀)ခန့်နှင့်မြေကွက်ဖော်အုပ်ချုပ်ရေးအဖွဲ့ကြားပြီး
ခဲ့သည့်ဇွန်လ(၁)ရက်နေ့မှတင်းမာမှုများစတင်ဖြစ်ပေါ်ခဲ့သည်။

ယခင်သိမ်းဆည်းထားသောလယ်မြေဧက(၅၀ဝ)ကျော်ထဲမှဧက(၂၀ဝ)ကျော်ကိုတနင်္သာရီတိုင်းဒေသကြီးပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး၊တိုင်းဒေသကြီးဝန်ကြီးအိမ်ရာများ၊ဝန်ထမ်း အိမ်ရာနှင့်ဆေးရုံတစ်ရုံဆောက်လုပ်ထားပြီးကြောင်းသိရသည်။

ထားဝယ်ခရိုင်အတွင်းအစိုးရမှပြန်လည်စွန့်လွှတ်သည့်မြေယာများအားမူလပိုင်ရှင်တောင်သူများထံသို့ယာယီလုပ်ကိုင်ခွင့်ပြန်လည်းပေးအပ်ပွဲအခမ်းအနားကိုလည်းပြီးခဲ့သည့်မေလ(၃၀)ရက်နေ့
တွင်ထားဝယ်မြို့မြို့တော်ခန်းမ၌ကျင်းပခဲ့ပြီးနောက်သိမ်းဆည်းထားသည့်လယ်မြေတွင်လက်ရှိလုပ်ကိုင်နေသည့်တောင်သူလယ်သမားများနှင့်အာဏာပိုင်များကြားပဋိပက္ခဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။