ကယန်းပြည်ဆင်းရဲချွတ်ခြုံမှုများကြားစာသင်ကျောင်းအတွက်တက်ကြွစွာလှုပ်ရှားသူ

...

ကယန်းပြည်ဆင်းရဲချွတ်ခြုံမှုများကြားစာသင်ကျောင်းအတွက်တက်ကြွစွာလှုပ်ရှားသူ

Irrawaddy News, 10 Jun 2014

URL: http://www.irrawaddy.org/burma/among-impoverished-kayan-activist-puts-teachers-schools.html
လွိုင်ကော်--ရှမ်းပြည်တောင်ပိုင်းနှင့်ကရင်နီပြည်နယ်တို့တွင်နေထိုင်ကြသောကယန်းလူမျိုးများသည်မြန်မာနိုင်ငံ၏တိုင်းရင်းသားလူနည်းစုအုပ်စုအငယ်ဆုံးများထဲမှတခုဖြစ်ပြီးအဆင်းရဲဆုံးထဲမှ
တစ်ခုဖြစ်သည်။

မြန်မာပြည်အရှေ့ဘက်ခြမ်း၏တောင်ကုန်းအတွင်းပိုင်းများတွင်တည်ရှိသော၎င်းတို့၏ကျေးရွာများသည်ဆယ်စုနှစ်ကြာပဋိပက္ခဖြစ်ပွားမှုတွင်အကျိုးသက်ရောက်ခံစားခဲ့ကြပြီးမကြာခဏအခြေခံ
ပညာရေးပိုင်းဆိုင်ရာအကူအညီများပြတ်လပ်ခဲ့ကြသည်။သို့သော်လည်းကယန်းအရေးတက်ကြွစွာလှုပ်ရှားသူတစ်ဦးဖြစ်သည့်ပဲဒူးသည်ထိုအရာများကိုပြောင်းလဲပစ်ရန်ဆုံးဖြတ်ခဲ့သည်။

“ကရင်နီပြည်နယ်မှာကျေးရွာ(၄၇၀)ရွာထဲကတဝက်ကိုကျွန်တော်တို့တွေ့ထားပြီးစေတနာ့ဝန်ထမ်းကျောင်းဆရာ၊ဆရာမများလိုအပ်ပါတယ်။ဒေသတွင်းလိုအပ်ချက်ကိုအခြေခံပြီးကျောင်းဆရာ၊ဆ
ရာမများကိုကျွန်တော်တို့ကမ်းလှမ်းပါတယ်”ဟုလွိုင်ကော်တွင်ယခင်တပတ်၌တွေ့ဆုံမေးမြန်းသည့်အချိန်အတွင်း၎င်းမှပြောခဲ့ခြင်းဖြစ်သည်။

အသက်(၃၀)နှစ်ရှိပြီဖြစ်သောပဲဒူးသည်ကရင်နီပြည်နယ်၊လွိုင်ကော်မြို့တော်တွင်အခြေစိုက်ထားသောကယန်းမျိုးဆက်သစ်လူငယ်(KNGY)အဖွဲ့၏ဥက္ကဌဖြစ်သည်။ထိုနေရာမှစတင်ကာသူသည်ဝေး
လံခေါင်ဖျားသောရွာများရှိလူအင်အားနည်းသောကျောင်းများသို့မူလတန်းပညာရေးကိုဆောင်ယူပေးရန်ရည်ရွယ်၍ရည်မှန်းချက်ကြီးသောပရိုဂရမ်တစ်ခုကိုကြီးကြပ်ဆောင်ရွက်သည်။

၎င်းတို့သင်တန်းပေးထားသောကျောင်းဆရာ၊ဆရာများနှင့်အတူယခုနှစ်တွင်KNGYသည်ကရင်နီပြည်နယ်နှင့်ရှမ်းပြည်နယ်တောင်ပိုင်းတို့တွင်ရှိသောကယန်းလူမှုအသိုင်းအဝိုင်းမှစာသင်ကျောင်း (၂၅၀)ကိုကူညီပံ့ပိုးပေးရရန်စီစဉ်နေသည်ဟုပဲဒူး၏အဆိုအရသိရပြီးပရိုဂရမ်ကုန်ကျစရိတ်သည်နှစ်စဉ််ယူအက်စ်ဒေါ်လာ(၁၀၀,၀၀၀)ရှိပြီးအကြမ်းဖျင်းတဝက်ကိုနိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေးအတွက် အမေရိကန်အေဂျင်စီ(USAID) ကထောက်ပံ့ကူညီသည်ဟု၎င်းမှထပ်ပေါင်းပြောခဲ့သည်။

ဂရိုဂရမ်တွင်လျှောက်ထားသူများကိုလက်ခံပြီးအများအားဖြင့်ဆယ်တန်းပညာရေးရှိသည့်လူငယ်လူရွယ်များဖြစ်ကြပြီး၎င်းတို့အားသုံးလဆရာတတ်သင်သင်တန်းပေးမည်ဟုပဲဒူးမှပြောသည်

“ကျောင်းမှာကလေးတွေအများကြီးရှိပေမယ့်လည်းအစိုးရဟာမကြာခဏဆရာတစ်ဦးတည်းကိုသာပေးနိုင်ပါတယ်။တချို့ဆရာတွေကျတော့ကလေးတစ်ဦးချင်းစီကိုသူတို့အချိန်ပေးဖို့မတတ်နိုင်ကြ
ပါဘူး၊တချို့ကလေးတွေကအချိန်ပြည့်စာမသင်ကြပါဘူး။”ဟု၎င်းမှပြောခဲ့သည်။

“အစိုးရစာရင်းထဲမှာမရှိတဲ့ရွာတွေကလူဦးရေဟာအလွန်ကိုပဲနည်းပါးပါတယ်၊အဲ့ဒီ့မှာအစိုးရကကျောင်းဆရာ၊ဆရာမတွေမပံ့ပိုးပေးနိုင်ပါဘူး။”၂၀၁၃ခုနှစ်မှစတင်ကာKNGYသည်ကျောင်းဆရာ၊ ဆရာမအယောက်(၂၀၀)ခန့်ကိုလေ့ကျင့်ပေးခဲ့သည်၊တဦးချင်းစီကိုတစ်လလျှင်ယူအက်စ်ဒေါ်လာ(၄၀)(မြန်မာငွေ၃သောင်းကိုးထောင်ကျော်)ပေးခဲ့သည်။

“ယခုအခါမှာကျွန်တော်ဟာအလုပ်များနေပါတယ်၊ဒါပေမယ့်ကျွန်တော်ပျော်ပါတယ်၊ဘာကြောင့်လဲဆိုတော့လူထုအတွက်ကျွန်တော်လုပ်ပေးနိုင်လို့ပါပဲ”ဟုပဲဒူးမှပြောခဲ့ကာပြည်တွင်းအစိုးရစာသင်
ကျောင်းတွေမှာKNGYဆရာ၊ဆရာမတွေဟာသင်ကြားဖို့တရားဝင်အဆင့်မမှီတာတောင်ကရင်နီပညာရေးဌာနမှစီမံကိန်းကိုထောက်ခံကြသည်ဟု၎င်းမှထပ်ပေါင်းပြောကြားခဲ့သည်။

အစိုးရမှနိုင်ငံတော်စာသင်ကျောင်းများတွင်မူလတန်းသင်ကြားသူဆရာ၊ဆရာမများသည်အထက်တန်းပညာရေး အဆင့်ရှိရမည်ဟုသတ်မှတ်ထားသော်လည်းကရင်နီပြည်နယ်တွင်ဆရာ၊ရာ
မလောင်းအနည်းငယ်သာထိုချက်နှင့်ကိုက်ညီကြသည်။

“ကျွန်တော်တို့နယ်မြေမှာပညာတတ်လူကိုရှာဖို့အရမ်းကိုခက်ခဲပါတယ်၊တကယ်လို့တယောက်ယောက်ကတက္ကသိုလ်မှာပညာသင်ကြားပြီးဘွဲ့ရပြီဆိုရင်သူဟာကျွန်တော်တို့ရွာမှာအထူးချွန်ဆုံးသူပါပဲ” ဟုစီမံကိန်းမှKNGYသင်တန်းဆရာAthanasio ကပြောခဲ့သည်။

“သက်ဆိုင်ရာတာဝန်ရှိသူတွေကဒေသတွင်းလိုအပ်မှုအခြေအနေကိုနားလည်သဘောပေါက်ကြပြီးသူတို့ကျောင်းမှာကျွန်တော်တို့ရဲ့စေတနာ့ဝန်ထမ်းဆရာတွေကိုထားဖို့ကျွန်တော်တို့ကမေးတဲ့အခါ
တိုင်းသူတို့ကကျွန်တော်တို့နဲ့သဘောတူခဲ့ပါတယ်”ဟုပဲဒူးမှပြောခဲ့သည်။

သို့သော်လည်းအစိုးရနှင့်သူ၏ဆက်ဆံရေးသည်အမြဲတမ်းအကောင်းချည်းပဲတော့မဟုတ်ခဲ့ချေ။ကယန်းအရေးတက်ကြွစွာလှုပ်ရှားသူအနေဖြင့်ယခင်စစ်အစိုး ရသည်သူ့အားလိုက်လံအနှောက်အ
ယှက်ပြုခဲ့ပြီး၂၀၀၈ခုနှစ်တွင်မြန်မာစစ်တပ်လက်ထဲ၌တိုင်းရင်းသားနယ်ပယ်ဒေသများတွင်နိုင်ငံရေးအာဏာကိုချုပ်ကိုင်ထားသောစစ်တပ်မှရေးဆွဲသည့်ဖွဲ့စည်းပုံဥပဒေကိုဆန့်ကျင်သည့်ကမ်ပိန်း
တွင်ပါဝင်ခဲ့သောကြောင့်ထောင်(၃၄)နှစ်ကျခံရန်တရားစွဲဆိုခံခဲ့ရသည်။

သူသည်အကျဉ်းထောင်တွင်လေးနှစ်ကုန်ဆုံးပြီးနောက်၂၀၁၂ခုနှစ်တွင်သမ္မတဦးသိန်းစိန်၏နိုင်ငံရေးသမားများကိုလွတ်ငြိမ်းချမ်းသာခွင့်ဖြင့်လွတ်မြောက်လာသည်။ထောင်မှလွတ်မြောက်လာပြီး နောက်သူသည်၎င်း၏လှုပ်ရှားမှုများကိုပြန်လည်စတင်ကာလွိုင်ကော်တွင်KNGYရုံးကိုဖွင့်လှစ်ခဲ့ပြီးသူ၏ဒေသတွင်ဒီမိုကရေစီအရေး၊လူ့အခွင့်အရေးနှင့်ပညာရေးတို့ကိုမြှင့်တင်ဆောင်ရွက်ရန်အ တွက်သင်တန်းများကိုစတင်ပံ့ပိုးခဲ့သည်။

“ဒါဟာလူထုလိုအပ်ချက်တွေအပေါ်မှာအခြေခံထားတဲ့စီမံကိန်းတခုသာဖြစ်ပါတယ်-လူထုအတွက်ကျွန်တော်တို့စီမံကိန်းကိုကြိုတင်ပြင်ဆင်ခဲ့ပါတယ်”ဟု၎င်းမှပြောကြားခဲ့သည်။