ဒေသခံကရင်တိုင်းရင်းသားများအပြည်ပြည်ဆိုင်ရာပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ကျင်းပ

...

ဒေသခံကရင်တိုင်းရင်းသားများအပြည်ပြည်ဆိုင်ရာပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ကျင်းပ

Karen News, 10 Jun 2014

URL: http://karennews.org/2014/06/indigenous-karen-people-celebrate-world-environment-day.html/
ကရင်ပြည်နယ်၊ဖာပွန်ခရိုင်၊စောလဝင်းမြစ်ပေါ်ရှိကရင်ဒေသများထဲမှဒေသရင်းတစ်နေရာတွင်အပြည်ပြည်ဆိုင်ရာပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ကိုကရင်ပတ်ဝန်းကျင်နှင့်လူမှုရေးလှုပ်ရှားမှု ကွန်ယက်(KESAN)အဖွဲ့မှဇွန်လ(၅)ရက်နေ့တွင်အခမ်းအနားကိုစီစဉ်ကျင်းပခဲ့သည်။ကျောင်းသားများ၊လူငယ်လူရွယ်များ၊မိဘများ၊ဆရာ၊ဆရာမများနှင့်လူထုခေါင်းဆောင်များအပါအဝင်စု
စုပေါင်းနှစ်ရာကျော်တက်ရောက်ခဲ့ကြသည်။

ကရင်လူမျိုးများသည်အစဉ်အလာအားဖြင့်၎င်းတို့၏အသက်ရှင်ရပ်တည်မှုအတွက်တစ်ဦးနှင့်တဦးကူညီကြရန်မြစ်များနှင့်သစ်တောများသဘာဝပတ်ဝန်းကျင်တွင်လှည့်လည်ကျင်လည်မှီခိုကြ
သည်။ကျွန်ုပ်တို့ကိုပံ့ပိုးပေးသည့်အစားအစာ၊အိမ်၊ဆေးဝါးနှင့်သစ်သားလုပ်မဟုတ်သည့်တခြားထုတ်ကုန်များစသည်တို့ဖြင့်ကျွန်ုပ်တို့အားပံ့ပိုးကူညီပေးရာတွင်သစ်တောများသည်ကရင်လူမျိုး
များ၏နေ့စဉ်ရှင်သန်နေထိုင်မှုအတွက်မရှိမဖြစ်လိုအပ်သည်။ထို့ကြောင့်ကရင်လူမျိုးတဦးအနေဖြင့်ကျွန်ုပ်တို့၏သဘာဝပတ်ဝန်းကျင်ကိုထိန်းသိမ်းကာကွယ်စောင့်ရှောက်ခြင်းသည်ကျွန်ုပ်တို့၏ တာဝန်ပင်ဖြစ်ပြီးထိုသို့ပြုလုပ်ခြင်းဖြင့်မျိုးဆက်သစ်များအတွက်ကျွန်ုပ်တို့ဘိုးဘေးဘီဘင်များထားခဲ့သည်များကိုအကျိုးရှိရှိထိန်းသိမ်းနိုင်မည်ဖြစ်သည်။လူတစ်ဦးတစ်ယောက်အနေဖြင့်ကျွန်ုပ်
တို့ပတ်ဝန်းကျင်သည်ကျွန်ုပ်တို့ဂုဏ်သိက္ခာပင်ဖြစ်သည်ကိုကရင်လူမျိုးများနားလည်သဘောပေါက်ကြရန်အရေးကြီးသည်။

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့တွင်တစိတ်တပိုင်းအနေဖြင့်ပါဝင်သူအငြိမ်းစားကျောင်းဆရာတစ်ဦးဖြစ်သည့်စောဆမ်းစန်သည်ကရင်လူမျိုးများအတွက်သဘာဝပတ်ဝန်းကျင်အရေးကြီးပုံကို
ကရင်သတင်းစဉ်သို့ပြောပြခဲ့သည်။“ကျွန်တော့်အနေနဲ့ပြောရမယ်ဆိုရင်ဒီနေ့ဟာကျွန်တော့အတွက်အရမ်းကိုအရေးပါပါတယ်၊ဘာဖြစ်လို့လဲဆိုတော့သဘာဝပတ်ဝန်းကျင်ဟာကျွန်တော်တို့
ကောင်းစွာနေထိုင်ကြဖို့အတွက်အရေးကြီးလို့ပါပဲ၊အထူးသဖြင့်ရေနဲ့သစ်တောတွေဟာကျွန်တော်တို့မိသားစုတွေနဲ့ဒေသခံလူထုအတွက်အခြေခံအုပ်မြစ်တွေပါပဲ၊

တကယ်လို့ကျွန်တော်တို့ပတ်ဝန်းကျင်ထိခိုက်ပျက်စီးမယ်ဆိုရင်ကျွန်တော်တို့ဟာမိုးခေါင်တာတွေ၊ရေခမ်းတာတွေစတဲ့သဘာဝဘေးအန္တရယ်တွေကိုရင်ဆိုင်ရပြီးကျွန်တော်တို့ရဲ့အသက်ရှင်သန်
နေထိုင်မှုကိုထိခိုက်စေမယ့်အကျိုးဆက်တွေဖြစ်ပေါ်လာပါလိမ့်မယ်။”

ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့မတိုင်မီနှစ်ရက်အလိုတွင်KESANမှာသစ်တောများပြုန်းတီးခြင်းနှင့်ရေကာတာဆောက်လုပ်ရေးစသည့်ပမာဏအတိုင်းအတာကြီးမားသောဖွံ့ဖြိုးတိုးတက်
မှုစီမံကိန်းများ၏ထိခိုက်မှုဆိုးကျိုးများနှင့်ပက်သက်၍သဘာဝပတ်ဝန်းကျင်ပညာပေးသင်တန်းများပေးခဲ့သည်။စမ်းချောင်းများသန့်ရှင်းခြင်းနှင့်လူထုဥယျာဉ်တွင်သီးပင်စားပင်အမျိုးမျိုးစိုက် ပျိုးခြင်းများအပါအဝင်လှုပ်ရှားဆောင်ရွက်မှုများကိုပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့တွင်ပြုလုပ်ခဲ့သည်။

သဘာဝပတ်ဝန်းကျင်ပြဿနာများဖြစ်ကြသည့်ကမ္ဘာကြီးပူနွေးလာခြင်း၊ရာသီဥတုပြောင်းလဲခြင်း၊သစ်တောပြုန်းတီးခြင်း၊ညစ်ညမ်းခြင်း၊သက်ရှိအမျိုးမျိုးမျိုးသုန်းသွားခြင်းစသည့်အန္တရယ်များ
ကိုနိုင်တကာမှအသိအမှတ်ပြုခဲ့ကြပြီးကရင်လူမျိုးများသည်ထိုအကြောင်းအရာများကိုနားလည်သဘောပေါက်ပြီးကာကွယ်ဖို့ကူညီကြရန်နှင့်သဘာဝပတ်ဝန်းကျင်အသိပညာပေးမှုများတွင်ပါဝင်
ကြရန်ကရင်လူမျိုးအတွက်အလွန်ပင်အရေးကြီးပြီးသဘာဝပတ်ဝန်းကျင်သံယံဇာတများကိုထိမ်းသိမ်းစောင့်ရှောက်ပြီးကျွမ်းကျင်စွာအသုံးချစီမံခန့်ခွဲစေရန်ဖြစ်သည်။