ဒေါ်အောင်ဆန်းစုကြည်မှအခြေခံဥပဒေပြင်ဆင်ရန်အတွက်နိုင်ငံတကာအကူအညီရရန်ကြိုးပမ်း

...

ဒေါ်အောင်ဆန်းစုကြည်မှအခြေခံဥပဒေပြင်ဆင်ရန်အတွက်နိုင်ငံတကာအကူအညီရရန်ကြိုးပမ်း

Mizzima News, 15 Jun 2014

URL: http://www.mizzima.com/mizzima-news/world/item/11476-nld-leader-seeks-international-help-to-amend-constitution
လွန်ခဲ့သောခြောက်နှစ်၌စစ်ဘက်ဆိုင်ရာရေးဆွဲခဲ့သောအခြေခံဥပဒေအရလာမည့်နှစ်တွင်ကျင်းပမည့်ရွေးကောက်ပွဲတွင်ဒေါ်အောင်ဆန်းစုကြည်သမ္မတနေရာဝင်ရောက်ယှဉ်ပြိုင်ခြင်းကိုတားမြစ်
ပိတ်ပင်ထားသည်။

ပြီးခဲ့သည့်သတင်းပတ်၌ဒေါ်အောင်ဆန်းစုကြည်ကိုသမ္မတနေရာယှဉ်ပြိုင်ခြင်းမှထိထိရောက်ရောက်ပိတ်ပင်ထားသောအခြေခံဥပဒေပုဒ်မ၅၉(စ)ကိုပြင်ဆင်ခြင်းမပြုရန်ပြည်ထောင်စုလွှတ်တော်၌
အခြေခံဥပဒေပြင်ဆင်ရေးအကောင်အထည်ဖော်မှုကော်မတီမှကော်မတီအတွင်းမဲခွဲဆုံးဖြတ်ရာမပြင်လိုသောမဲကပိုများပြီးမပြင်ရန်ဆုံးဖြတ်ခဲ့သည်။ယင်းမဲခွဲမှုတွင်မပြင်လိုသောမဲ(၂၆)မဲရှိပြီး(၅)
မဲသာပြင်ရန်မဲပေးခဲ့သည်ဟုကော်မတီဝင်တချို့ကိုကိုးကား၍မီဒီယာများကဖော်ပြသည်။

၂၀၀၈အခြေခံဥပဒေတွင်ဇနီး၊ခင်ပွန်းနှင့်သားသမီးများနိုင်ငံခြားသားများဖြစ်နေသောကြောင့်မည်သူ့ကိုမဆိုနိုင်ငံကိုဦးဆောင်ခြင်းမှပိတ်ပင်ထားသည်နီပေါနိုင်ငံသို့အလည်အပတ်ခရီးတွင်မိမိ
အနေဖြင့်လွတ်လပ်၍တရားမျှတခြင်းသာမကပဲစစ်မှန်သောဒီမိုကရက်တစ်ရွေးကောက်ပွဲများတွင်ပါဝင်ယှဉ်ပြိုင်လိုသည်ဟုအခြေခံဥပဒေဆိုင်ရာညီလာခံတွင်ပါလီမန်အမတ်များကိုပြောကြားသည်။

မြန်မာနိုင်ငံ၏အခြေခံဥပဒေပြင်ဆင်ရေး၎င်း၏လှုပ်ရှားမှုများကိုရှင်းလင်းပြောကြားရင်းမျှတသောရွေးကောက်ပွဲဆိုသည်မှာမျှတစွာပါဝင်ခွင့်ဟုအဓိပ္ပာယ်ရကြောင်းပြောကြားသည်။“အခြေခံဥပ ဒေပြင်ဆင်ရေးလှုပ်ရှားမှုဟာလက်ခံမှုရရှိဖို့လိုနေပါတယ်”ဟုဒေါ်အောင်ဆန်းစုကြည်ကပြောသည်။

“ကမ္ဘာတဝှမ်းကကျွန်မတို့မိတ်ဆွေတွေအနေနဲ့မြန်မာနိုင်ငံကဖြစ်ပေါ်တိုးတက်မှုတွေကိုသတိပြုနေကြပြီးစစ်မှန်တဲ့နိုင်ငံရေးလိုအပ်ချက်တွေကနေအာရုံလွှဲသွားအောင်လုပ်နေတဲ့သူတွေရှိတယ်ဆိုတဲ့
အချက်ကိုလည်းသတိပြုရပါမယ်”ဟုနှစ်ပေါင်းများစွာနေအိမ်အကျဉ်းချုပ်မှနေ၍၂၀၁၀ခုနှစ်တွင်လွတ်မြောက်လာသူဒေါ်အောင်ဆန်းစုကြည်ကပြောသည်။