အစိုးရနှင့်KNU တိုက်ပွဲဖြစ်ပွား

...

အစိုးရနှင့်KNU တိုက်ပွဲဖြစ်ပွား

Irrawaddy News, 17 Jun 2014

URL: http://www.irrawaddy.org/burma/trust-shaken-burma-army-allegedly-attacks-karen-soldiers.html
တင်္နသာရီတိုင်းဒေသကြီး၊တ​နင်္သာ​ရီမြို့နယ်ရှိကရင်အမျိုးသားအစည်းအရုံး(KNU)ဘိတ်-ထားဝယ်လက်အောက်ခံကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်KNU/KNLA၏ဟွေးဖာနယ် စပ်စခန်းကိုအစိုးရစစ်တပ်ကဝင်ရောက်ပစ်ခတ်ရာKNU/KNLAဘက်မှတပ်သားတစ်ဦးကျဆုံးကာတစ်ဦးဒဏ်ရာရရှိခဲ့ပြီးနောက်အစိုးရတပ်များနောက်ပြန်ဆုတ်သွားပြီဖြစ်ကြောင်းသိရှိရ
သည်။

တ​နင်္သာ​ရီ​တိုင်း၊မြိတ်-ထားဝယ်ခရိုင်အတွင်းနယ်ကျွံလာသည့်အစိုးရတပ်ခမရ(၅၅၇)မှတပ်ဖွဲ့နှင့်အပစ်အခတ်ရပ်စဲထားသောKNU/KNLA တပ်မဟာ(၄)လက်အောက်ခံတပ်ရင်း(၁၁)တို့(၂)
ရက်ကြာပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးပထမရက်ဇွန်လ(၁၃)ရက်နေ့တွင်ဘက်မှတပ်သားတစ်ဦးကျဆုံးခဲ့ကြောင်းKNU/KNLA မြိတ်-ထားဝယ်ခရိုင်ဥက္ကဌစောဘီးလယ်ကပြောသည်။

“ပထမနေ့ကတိုက်ပွဲမှာကျွန်တော်တို့ဘက်ကတစ်ယောက်သေပြီး(M၁၆)တစ်လက်ဆုံးသွားတယ်။ဒုတိယနေ့တိုက်ပွဲမှာ(M၇၉)တစ်လက်ထပ်ဆုံးတယ်။သူတို့ကကျွန်တော်တို့နယ်မြေထဲကိုအ ကြောင်းမကြားပဲဝင်လာတာကနေဖြစ်ကြတာ။သူတို့ကိုအကြောင်းကြားတော့ကျွန်တော်တို့ဘက်ကစပစ်တာလို့ပြောတယ်။ကျွန်တော်တို့ဘက်ကပြောတော့လည်းသူတို့ဘက်ကစပစ်တာလို့ ပြောတယ်”ဟုဥက္ကဌစောဘီးလယ်ကဧရာ၀တီသို့ပြောသည်။

တိုက်ပွဲဖြစ်ပွားမှုနှင့်ပက်သက်၌KNတ​နင်္သာ​ရီတိုင်းစစ်မှူးဗိုလ်ချုပ်ခင်မောင်ဌေး၊တ​နင်္သာ​ရီ​တိုင်းဒေသကြီးအစိုးရတို့ကိုအကြောင်းကြားခဲ့ပြီးနောက်အစိုးရစစ်တပ်နောက်ပြန်ဆုတ်သွားပြီဖြစ်
ကြောင်း၊အစိုးရစစ်တပ်ဘက်ကKNU၏သေနတ်(၂)လက်သိမ်းဆည်းထားကြောင်းအကြောင်းပြန်ကြားခဲ့ပြီးအောက်ခြေတပ်များအကြားနားလည်မှုရရှိရေးအတွက်အကြောင်းကြားထား
ကြောင်းဥက္ကဌစောဘီးလယ်ကဆိုသည်။

၎င်းကဆက်လက်၍“အခုကတော့သူ့ဘက်ကိုယ့်ဘက်စနစ်တကျဖြစ်အောင်ပြန်ကွပ်ကဲထားတာပဲ။သူတို့ဘက်ကလည်းညွှန်ကြားထားတယ်။ကျွန်တော်တို့ဘက်ကလည်းညွှန်ကြားထားတယ်။ဒါမှလည်းအပစ်အခတ်ရပ်စဲရေးအတွက်လူထုကလည်းအယုံအကြည်ရှိသွားမယ်။ကျွန်တော်တို့ရဲ့ဗဟိုဌာနချုပ်ကိုလည်းအကြောင်းကြားထားပါတယ်”ဟုပြောသည်။

ပစ်ခတ်မှုဖြစ်ပေါ်လာခြင်းမှာပြီးခဲ့သည့်(၂၀၁၂)ခုနှစ်မှစ၍အစိုးရနှင့်KNUအပစ်အခတ်ရပ်စဲရေးသဘောတူညီမှုရရှိပြီးနောက်KNUတပ်မဟာ(၄)တွင်ယခုပထမဆုံးအကြိမ်တိုက်ပွဲဖြစ်ပွားခြင်း
ဖြစ်သည်။