မိုင်းအန္တရယ်ပေးပညာပေးခြင်းကိုကျေးလက်တောရွာတွင်ပြဇာတ်တိုလေးများဖြင့်ပြုလုပ်မည်

...

မိုင်းအန္တရယ်ပေးပညာပေးခြင်းကိုကျေးလက်တောရွာတွင်ပြဇာတ်တိုလေးများဖြင့်ပြုလုပ်မည်

kandarawaddy, 17 Jun 2014

URL: http://www.ktimes.org/index.php/news/944-2014-06-17-05-13-18
ကယား(ကရင်နီ)ပြည်နယ်ကျေးလက်တောရွာတွင်မိုင်းပညာပေးအစီအစဉ်များကိုပြဇာတ်တိုလေးများအနေဖြင့်အမြင်ဖွင့်သင်တန်းများပြုလုပ်သွားမည်ဟုလွိုင်ကော်မြို့ဂရုဏရုံးမှမိုင်းအန္တရယ်
လျော့ချရေးတာဝန်ခံညီညီနိုင်ကပြောသည်။

မြေမြှုပ်မိုင်းများ၏အန္တရယ်ကိုကြိုတင်ကာကွယ်ရှောင်ရှားနိုင်ရန်အတွက်လူထုပညာပေးလုပ်ငန်းများဆောင်ရွက်လျက်ရှိရာပြီးခဲ့သောဇွန်လ(၁၂)ရက်နေ့မှ(၁၅)ရက်နေ့အထိ(၄)ရက်တိုင်တိုင်လွိုင်
ကော်မြို့ ဂရုဏအဖွဲ့မှYLFC(Youth Life Formation Center)ရုံးတွင်သင်တန်းတစ်ရပ်ပြုလုပ်သွားပြီးသင်တန်းသားများရှေ့ဆက်လုပ်ငန်းစဉ်အဖြစ်ပြုလုပ်သွားမည်ဟုသိရသည်။

“သူတို့ကိုသင်တန်းပေးပြီးတောရွာထဲသွားမယ်။သွားပြီးမှနယ်လှည့်အဖွဲ့ပုံစံမျိုးလေးနဲ့သွားပြီးတော့ပြဇာတ်တိုလေးတွေပြမယ်။ပြဇာတ်တိုလေးထဲမှာမှမိုင်းအန္တရယ်နဲ့ပတ်သက်တဲ့အမြင်ဖွင့်သင် တန်းလေးတွေအမြင်ဖွင့်သတင်းလေးတွေထည့်ပေးမှာပါ”ဟုညီညီနိုင်ကပြောသည်။

ကယားပြည်နယ်တွင်မိုင်းအများဆုံးဒေသများမှာမော်ချီး၊ရှားတောနှင့်ထိုင်းမြန်မာနယ်စပ်တလျောက်တွင်ဖြစ်ပြီးလောပိတတခွင်နှင့်လျှပ်စစ်မီးတိုင်ကြီးများအောက်တွင်လည်းမြေမြှုပ်မိုင်းများ
အများအပြားရှိနေကြောင်းသိရသည်။

ဒေါတနောကျေးရွာမှညီညီလတ်က“ရွာဧရိယာတွေမှာမိုင်းရှင်းတယ်လို့အရင်ကကြားခဲ့ဖူးတယ်။နောက်ပြီးတော့ရွာအနောက်ဖက်ရဲ့၃မိုင်လောက်မှာမိုင်းအဟောင်းအကြွင်းအကျန်လေးတွေရှိတယ်
လို့ပြောသံကြားတယ်။မိုင်းနဲ့ပက်သက်ပြီးတော့မိုင်းကဘယ်လောက်ကြောက်စရာကောင်းလဲပြီးတော့မိုင်းနဲ့ပက်သက်တဲ့ဗဟုသုတပေါ့နော်ဒီမှာရသမျှဗဟုသုတတွေပြန်ဝေမျှပေးနိုင်မယ်လို့မျှော်
လင့်တယ်”ဟုပြောသည်။

မိုင်းအန္တရယ်အသိပညာပေးသင်တန်းများကိုလည်းဒီးမောဆို၊ဖရူဆိုမြို့ပေါ်တွေမှာလည်းပြုလုပ်သွားမည်ဖြစ်သည်ဟုသိရသည်။

မြန်မာတနိုင်ငံလုံးရှိမိုင်းအများဆုံးရှိသည့်ပြည်နယ်များတွင်ကယားပြည်နယ်သည်လည်းအလယ်အလတ်လောက်တွင်ရှိနေပြီးမြို့နယ်အသီးသီးတိုင်းတွင်မိုင်းများရှိနေသည်ဟုသိရသည်။

ကရင်အမျိုးသားတိုးတက်ရေးပါတီနှင့်အစိုးရတို့၂၀၁၃ခုနှစ်၊ဇွန်လ(၁၉)ရက်နေ့တွင်ကျင်းပသည့်ဒုတိယအကြိမ်ပြည်ထောင်စုအဆင့်တွေ့ဆုံဆွေးနွေးမှုအရထုတ် ပြန်ထားသည့်သဘောတူညီချက်
ထဲတွင်မြေမြှုပ်မိုင်းရှင်းလင်းရေးနှစ်ဦးနှစ်ဘက်ညှိနှိုင်းဆောင်ရွက်ရန်ပါရှိထားသော်လည်းလက်ရှိတွင်နိုင်ငံတကာအဖွဲ့အစည်းများနှင့်လူမှုအဖွဲ့အစည်းများကမိုင်းပညာပေးရေးသင်တန်းများကို
သာဆောင်ရွက်နိုင်ကြသေးသည်။