အခြေခံဥပဒေပြင်ဆင်ရေးထောက်ခံသူလက်မှတ်ပေါင်းသုံးသန်း NLD ရရှိ

...

အခြေခံဥပဒေပြင်ဆင်ရေးထောက်ခံသူလက်မှတ်ပေါင်းသုံးသန်း NLD ရရှိ

Myanmar Times, 30 Jun 2014

URL: http://www.mmtimes.com/index.php/national-news/10828-petition-drive-gets-3-million-signatures.html
အခြေခံဥပဒေပြောင်းလဲခြင်းနှင့်ပက်သက်၍အစိုးရမှဗီတိုအာဏာသုံးခြင်းကိုဖယ်ရှားပေးရန်တောင်းဆိုခြင်းလက်မှတ်ရေးထိုးရာတွင်လူပေါင်းသုံးသန်းကျော်လက်မှတ်ရေးထိုးခဲ့ကြ
သည်ဟုပါဝင်သူတစ်ဦးမှပြီးခဲ့သောတပတ်တွင်ပြောကြားခဲ့သည်။

အခြေခံဥပဒေပုဒ်မ၄၃၆ကိုပြင်ဆင်ရန်တောင်းဆိုခြင်းစာလွှာကိုအမျိုးသားဒီမိုကရေစီအဖွဲ့နှင့်၈၈မျိုးဆက်ကျောင်းသားများအဖွဲ့မှနေပြည်တော်တွင်မေလ(၂၇)ရက်နေ့၌စတင်ခဲ့သည်။
ကွင်းဆင်းစည်းရုံးခြင်းအတွက်ပြည်သူလူထုကိုပညာပေးခြင်းများပြု​လုပ်​ပေးခြင်းနှင့်ကူညီထောက်ပံ့ပေးရန်ရည်ရွယ်ချက်ဖြင့်ရန်ကုန်မြို့တွင်မေလ(၁၇)ရက်နေ့၌NLDနှင့်၈၈မျိုးဆက်
များမှလူထုကျယ်ကျယ်ပြန့်ပြန့်စုရုံးခြင်းများကိုရှေ့ဦးအကြိုအဖြစ်ပထမအကြိမ်လုပ်ဆောင်ခဲ့သည်။

ဇွန်လ(၂၇)ရက်နေ့ထိလူပေါင်းသုံးသန်းကျော်မှတောင်းဆိုလွှာကိုလက်မှတ်ရေးထိုးခဲ့ကြသည်ဟုNLD အ​ထွေထွေအတွင်းရေးမှူးဦးဉာဏ်ထွန်းမှပြောကြားခဲ့သည်။

“ကျွန်တော်တို့တပြည်လုံးအတိုင်းအတာနဲ့ပေါ့ဒီ(၂၉)ရက်နေ့မှာတစ်လပြည့်မြောက်ပါပြီ၊တိုင်းနဲ့ပြည်နယ်တွေမှာသူတို့စုဆောင်းပြီးရရှိထားတဲ့လက်မှတ်ကိုပြည်သူတွေသိအောင်တိုင်းနဲ့
ပြည်နယ်(၁၄)ခုမှာလက်မှတ်ဘယ်လောက်ရနေတယ်၊(၁၄)ခုထဲကတင်ပေးတဲ့လက်မှတ်တွေကိုကျွန်တော်တို့ပေါင်းပြီးတော့ကြေငြာချက်ထုတ်လိုက်တာပါ၊ကျွန်တော်တို့ရန်ကုန်တိုင်းက
လက်မှတ်(၆)သိန်း၊ဒုတိယကတော့ဧရာဝတီတိုင်းနဲ့မန္တလေးဖြစ်ဖို့များပါတယ်ခင်ဗျ၊ဘယ်နေရာကနေပဲလက်မှတ်ထိုးထိုးတစ်ကြိမ်ပဲထိုးပေးပါလို့မေတ္တာရပ်ခံထားပါတယ်။”

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးလူထုလက်မှတ်တွေကိုပြီးခဲ့တဲ့မေလ(၂၇)ရက်နေ့ကနေလာမယ့်ဇူလိုင်(၁၉)ရက်နေ့အထိကောက်ခံသွားမှာဖြစ်ပါတယ်။

တောင်းဆိုခြင်းကမ်ပိန်းသည်လူထုအားလက်မှတ်ရေးထိုးရန်တိုက်တွန်းအားပေးနေသောအနုပညာရှင်အများအပြား၏အကူအညီများကိုပါရရှိခဲ့သည်။

“လက်မှတ်များကိုစုဆောင်းဖို့အတွက်ကျွန်တော်တို့တရွာပြီးတစ်ရွာသွားနေပါတယ်”ဟုကမ်ပိန်းတွင်စေတနာ့ဝန်ထမ်းအဖြစ်လုပ်အားပေးနေသည့်ရုပ်ရှင်ဒါရိုက်တာကြည်ဖြူ​ ရှင်​မှ​ပြော​ခဲ့​
သည်။​

“ကျွန်မတို့ရလဒ်တွေကိုဇူလိုင်(၁၉)ရက်မှာကြေငြာနိုင်ဖို့အတွက်ဇူလိုင်(၁၅)ရက်နေ့မှကျွန်မတို့ပြီးစီးမယ်လို့ထင်ပါတယ်”ဟုပြောခဲ့သည်။

လက်မှတ်စုဆောင်းခြင်းစာရွက်ကိုနိုင်ငံရပ်ခြားတွင်အလုပ်လုပ်ကိုင်နေသောရွှေ့ပြောင်းအလုပ်သမားများလက်မှတ်ရေးထိုးနိုင်ရန်အတွက်အီးမေးလ်လည်းပို့ပေးခဲ့သည်။၎င်းတို့မှစာရွက်
ကိုစကမ်(scan)ဖတ်ခြင်း(သို့)ဓာတ်ပုံရိုက်ခြင်းများပြုလုပ်ပြီးလက်မှတ်ရေးထိုးကာထိုစာရွက်ကိုပြန်လည်ပေးပို့ရမည်ဖြစ်သည်။

တောင်းဆိုခြင်းစာလွှာတွင်လက်မှတ်ရေးထိုးသူသည်၎င်း၏အမည်၊အဖအမည်၊အသက်၊မှတ်ပုံတင်နံပါတ်နှင့်ဆက်သွယ်ရမည့်လိပ်စာတို့ကိုပေးရန်လိုအပ်သည်။