တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့်အတိုက်အခံပါတီများမဲဆောက်မြို့တွင်တွေ့ဆုံမည်

...

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့်အတိုက်အခံပါတီများမဲဆောက်မြို့တွင်တွေ့ဆုံမည်

Myanmar Times, 01 Jul 2014

URL: http://www.mmtimes.com/index.php/national-news/10875-ethnic-armed-groups-opposition-parties-to-meet-in-mae-sot.html
ထင်ရှားသောနိုင်ငံရေးအတိုက်အခံခေါင်းဆောငများသည်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ၊စစ်မှန်သည့်နိုင်ငံရေးများကိစ္စများကိုဆွေးနွေးရန်အတွက်ယခုတပတ်တွင်ထိုင်းနိုင်ငံသို့လာရောက် မည်ဖြစ်ကြောင်း၈၈မျိုးဆက်ခေါင်းဆောင်မင်းကိုနိုင်မှပြောကြားခဲ့သည်။

မင်းကိုနိုင်မှမြန်မာနိုင်ငံအတွင်းရှိနိုင်ငံရေးအတိုက်အခံအင်အားစုများနှင့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များသည်ထိုနေ့တွင်အစည်းအဝေးကြီးကျင်းပမည်ဖြစ်ပြီးဒီမိုကရေစီဖော်ဆောင်ရေးစနစ်ကိုဦးတည်ဆွေးနွေးသွားမည် ဖြစ်သည်ဟုမင်းကိုနိုင်မှပြောကြားခဲ့သည်။

“ဆွေးနွေးမယ့်ခေါင်းစဉ်ကတော့ဒီမိုကရေစီဝါဒကိုအခြေခံတဲ့ဖက်ဒရယ်နိုင်ငံဖြစ်လာဖို့ပါပဲ။ဒီမိုကရေဒီအရေးနဲ့ငြိမ်းချမ်းရေးတည်ဆောက်မှုတွေလည်းပါဝင်ပါမယ်”ဟု၎င်းမှပြောကြားခဲ့သည်။

အစည်းအဝေးကိုထိုင်းနိုင်ငံနယ်စပ်မဲဆောက်မြို့တွင်ဇူလိုင်(၃-၄)ရက်နေ့များတွင်ကျင်းပပြုလုပ်မည်ဖြစ်ပြီးတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဖြင့်ဖွဲ့စည်းထားသည့်တိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ(UNFC)မှဖိတ်ကြား ခြင်းဖြစ်သည်။

UNFC သည်အစိုးရငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့နှင့်တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ်ကိုဆွေးနွေးနေသောတနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးညှိနှိုင်းအသင်း(NCCT)မှပေါက်ဖွားလာခြင်းဖြစ်သည်။

ထို့ပြင်အစည်းအဝေးတွင်စည်းလုံးညီညွတ်သောတိုင်းရင်းသားလူမျိုးများမဟာမိတ်အဖွဲ့(UNA)၊၈၈မျိုးဆက်ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း၊၁၉၉၀ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့၊အမျိုးသားဒီမိုကရေစီအဖွဲ့အ ချုပ်တိုင်းရင်းသားရေးရာကော်မတီ၊ရှစ်လေးလုံးငွေရတုဆုံးဖြတ်ချက်များဖော်ဆောင်ရေးဦဆောင်ကော်မတီစသည့်အဖွဲ့အစည်းများမှကိုယ်စားလှယ်(၄၀)ကျော်တက်ရောက်ပြီးတွေ့ဆုံဆွေးနွေးပွဲကို(၂)ရက်ကြာပြုလုပ်မည်ဖြစ် ကြောင်း၈၈မျိုးဆက်အဖွဲ့မှရုံးထိုင်မှူးဦးဇော်မင်းမှပြောကြားခဲ့သည်။

UNA၊၈၈မျိုးဆက်အဖွဲ့များနှင့်ရှစ်လေးလုံးကော်မတီများမှကိုယ်စားလှယ်များသည်အစည်းအဝေးအတွက်ကြိုတင်ညှိနှိုင်းဆွေးနွေးပွဲကိုဇွန်လ(၂၅)ရက်နေ့တွင်ပြုလုပ်ခဲ့သည်။

ဦးဇော်မင်းမှဇွန်လိုင်(၃-၄)ရက်အစည်းအဝေးသည်တနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးဆွေးနွေးမှုများကိုကြိုတင်ပြင်ဆင်ရာတွင်အကူအညီပေးလိမ့်မည်ဖြစ်ကြောင်းပြောကြားခဲ့သည်။