ကလေးအလုပ်သမားအချက်အလက်စာရင်းကောက်ယူမည်

...

ကလေးအလုပ်သမားအချက်အလက်စာရင်းကောက်ယူမည်

The New Light of Myanmar, 02 Jul 2014

URL: http://www.myanmar.cm/newspapers/the-new-light-of-myanmar.html
မြန်မာ့အလုပ်သမားအင်အားစစ်တမ်းကောက်ယူမှုတွင်UNICEFနှင့်အစိုးရတို့သည်နိုင်ငံ၌ကလေးအလုပ်သမားတိုက်ဖျက်ရေးလေးနှစ်စီမံကိန်းတွင်တစိတ်တပိုင်းအနေဖြင့်ပါဝင်သောကြောင့်
၎င်းတို့သည်ကလေးအလုပ်သမားများနှင့်ပက်သက်၍အချက်အလက်ကောက်ယူရန်စီစဉ်နေသည်ဟုအလုပ်သမားဝန်ကြီးဌာနနှင့်လူမှုဖူလုံရေးတို့၏တာရှိသူတစ်ဦးမှပြောကြားခဲ့သည်။

အဆင့်(၅)ဆင့်ပါရှိသောဇန်နဝါရီလ(၁)ရက်နေ့တွင်စတင်ခဲ့သည့်လေးနှစ်စီမံကိန်းသည်၂၀၁၇ခုနှစ်၊ဇန်နဝါရီလ(၃၀)ရက်နေ့တွင်ပြီးဆုံးမည်ဖြစ်ပြီးကလေးအလုပ်သမားပညာပေးတိုးမြှင့်မှုများ၊
အစိုးရဝန်ထမ်းများနှင့်ကလေးအလုပ်သမားတိုက်ဖျက်ရေးအတွက်လုပ်ဆောင်ရာတွင်ပူးပေါင်းပါဝင်သူများ၏ကျွမ်းကျင်မှုကိုတိုးမြှင့်ပေးခြင်းနှင့် ပြည်တွင်းဥပဒေများသည်နိုင်ငံတကာဥပဒေ
နှင့်ကိုက်ညီမှုရှိမရှိဆိုသည်ကိုပြန်လည်သုံးသပ်ခြင်းစသည်တို့ကိုဦးတည်ချက်ထားကာလုပ်ဆောင်နေသည်။နမူနာစစ်တမ်းကောက်ယူစဉ်ကမိသားစုတစ်ထောင်မှကလေးအယောက်(၃၆၀၀)ဦး
ထက်မနည်းအပေါ်အချက်အလက်ကောက်ယူခဲ့သည်ဟုဝန်ကြီးဌာန၏အဆိုအရသိရသည်။

UNICEFသည်မြို့နယ်(၁၃)မြို့နယ်တွင်ဧပြီလ(၉)ရက်နေ့မှဇွန်လ(၂၀)ရက်နေ့အထိစက်ရုံ(၁၈)ရုံ၊လ္ဖက်ရည်ဆိုင်(၁၀)ဆိုင်၊စားသောက်ဆိုင်(၂)ဆိုင်နှင့်ကားပြင်ဆိုင်(၁)ဆိုင်တို့တွင်ကလေးအလုပ်
သမား(၁၉၈)ဦးကိုအချက်အလက်ကောက်ယူခဲ့သည်ဟုဝန်ကြီးဌာနရှိအရာရှိတစ်ဦးမှပြောခဲ့သည်။

အချက်အလက်တွင်အလုပ်ချိန်၊အကာအကွယ်ပေးမှု၊လုံခြုံမှု၊အလုပ်လုပ်ကိုင်ရာပတ်ဝန်းကျင်၊ရုပ်ပိုင်းဆိုင်ရာအခြေအနေနှင့်ကလေးအလုပ်သမားများ၏ပညာရေးတို့ပါဝင်သည်။ဝန်ကြီးဌာနမှဇူ
လိုင်လ(၇)ရက်နေ့တွင်မြို့နယ်(၇)မြို့နယ်၌ကလေးအလုပ်သမားအပေါ်ဗဟုသုတမြှင့်တင်ပေးခြင်းနှင့်ပက်သက်၍အလုပ်ရုံဆွေးနွေးပွဲတွင်ပါဝင်ရန်စီစဉ်ဆောင်ရွက်နေပြီးမြို့နယ်တစ်ခုစီမှအလုပ်သ
မားအယောက်(၅၀)နှင့်မန်နေဂျာများကိုအလုပ်ရုံဆွေးနွေးပွဲတွင်ပါဝင်ကြရန်ဖိတ်ကြားမည်ဖြစ်သည်။

ကလေးဥပဒေတွင်အသက်(၁၃)နှစ်မှ(၁၆)နှစ်ထိကလေးများကိုတနေ့တွင်လေးနာရီအလုပ်လုပ်နိုင်ရန်ခွင့်ပြုထားသည်။၂၀၁၁၂ခုနှစ်တွင်လှိုင်သာယာစက်မှုဇုန်ရှိစက်ရုံမှကလေးအလုပ်သမား(၄၂)
ယောက်အားလျော်ကြေးငွေပေးအပ်ခဲ့ပြီအလုပ်လုပ်ခြင်းမှရဲစဲခဲ့သည်ဟုဝန်ကြီးဌာန၏အဆိုအရသိရသည်။