ကယားပြည်နယ်တပြည်နယ်လုံးနီးပါးGSMဖုန်းလိုင်းများစက်တင်ဘာလတွင်အသုံးပြုနိုင်တော့မည်

...

ကယားပြည်နယ်တပြည်နယ်လုံးနီးပါးGSMဖုန်းလိုင်းများစက်တင်ဘာလတွင်အသုံးပြုနိုင်တော့မည်

kantarawaddy, 15 Jul 2014

URL: http://www.ktimes.org/index.php/news/977-gsm
ကယား(ကရင်နီ)ပြည်နယ်တပြည်နယ်လုံးနီးပါးလာမည့်စက်တင်ဘာလအတွင်းတွင်GSMဖုန်းလိုင်းများကိုအသုံးပြုနိုင်တော့မည်ဟုပြည်နယ်စက်သွယ်ရေးမန်နေဂျာဦးသက်မော်ကကန္တာရဝ
တီတိုင်း(မ်)သို့ပြောသည်။

ဦးသက်မော်က“ဇူလိုင်လလောက်မှာကျွန်တော်တို့တပ်ဆင်အပိုင်းတွေပြီးလို့သြဂုတ်လ(သို့မဟုတ်)စက်တင်ဘာနောက်ကျရင်တော့စက်တင်ဘာပေါ့၊သြဂုတ်လထဲတော့အကိုတို့ပေးနိုင်အောင်
လျာထားပြီးတော့လုပ်နေပါတယ်”ဟုကန္တာရဝတီတိုင်း(မ်)သို့ပြောသည်။

ကယားပြည်နယ်တွင်အသစ်ပြုလုပ်နေသည့်ဆက်သွယ်ရေးမိုဘိုင်းတာဝါတိုင်စခန်းများကိုဇူလိုင်လအတွင်းအပြီးတပ်ဆင်သွားမည်ဖြစ်သည်ဟုပြောသည်။ကယားပြည်နယ်အတွင်းအသစ်တည်
ဆောက်လျှက်ရှိသောဆက်သွယ်ရေးမိုဘိုင်းတာဝါတိုင်စခန်း(၇)ခုမှာလွိုင်ကော်မြို့ပေါ်တွင်ခလရ(၅၄)တပ်ရင်း၊နွားလဝိုးကယန်းသာယာရွာ၊ဒီးမော့ဆိုမြို့၊ဖရူဆိုမြို့၊ဘောခဲမြို့၊ဖားဆောင်းမြို့၊မယ်စဲ
များတွင်ပြုလုပ်ပြီးရှားတောမြို့ နယ်မပါဝင်သေးကြောင်းသိရသည်။

၎င်းစခန်း(၇)ခုတွင်လွိုင်ကော်မြို့ခလရ(၅၄)တပ်ရင်းတွင်တည်ဆောက်နေသည့်မိုဘိုင်းတိုင်တွင်W-CDMA၊GSMနှစ်မျိုးစလုံးအသုံးပြု၍ရရှိမှာဖြစ်ပြီးကျန်နေရာ(၆)ခုရှိမိုဘိုင်းစခန်းများတွင်မြန်
မာ့ဆက်သွယ်ရေးလုပ်ငန်းမှထုတ်ပေးသည့်GSM အမျိုးအစားမိုဘိုင်းဖုန်းများကိုအသုံးပြုနိုင်မှာဖြစ်သည်။

ဒီးမော့ဆိုဒေသခံဦးဟိန်းမင်းလတ်က“အဓိကကတော့အသုံးပြုရတဲ့သူတွေအဆင်ပြေတာပဲလိုချင်တယ်လေ၊နောက်တစ်ခုကဖုန်းလိုင်းကောင်းဖို့ပါပဲ(G)တိုင်ပဲထောင်ထောင်(C)တိုင်ပဲထောင်
ထောင်ဝန်ဆောင်မှုကောင်းတာပဲလိုချင်တယ်”ဟုပြောသည်။

ယခင်ကCDMA-800MHZ မိုဘိုင်းဖုန်းများကိုဘောလခဲ၊ဖားဆောင်း၊မဲစဲမြို့ နယ်များတွင်မြန်မာ့ဆက်သွယ်ရေးမှဖြန့်ဝေခဲ့ကာစက်ကိရိယာအခက်အခဲကြောင့်ဖုန်းလိုင်းများပိတ်ခဲ့ရပြီးယခုချိန်
ထိအော်တိုအိတ်ချိန်းဖြင့်သာအသုံးပြုရသည်။

ယခုအခါGSMတာဝါတိုင်စခန်းအသစ်များတည်ဆောက်ပေးရာတွင်CDMAဖုန်းများအသုံးပြုကြသည့်သူများအတွက်CDMA ဖုန်းများကိုသုံးနိုင်ရန်ဆောင်ရွက်ပေးစေလိုကြောင်းဘောလခဲမြို့ မှဒေသခံတစ်ဦးဖြစ်သူကပြောသည်။

ဘောလခဲဒေသခံတစ်ဦးက“အခုလိုလုပ်ပေးလိုက်တာဝမ်းသာပါတယ်၊ဒါပေမယ့်ကျွန်တော်တို့ကျတော့အရင်ကCDMA-800 ပဲရထားတာဆိုတော့ဘယ်လိုသွားသုံးရမှာလဲပေါ့၊အခုကG ပဲရမယ်
ဆိုတော့G မရှိပဲCတွေပဲရှိတဲ့သူCပဲဝယ်သုံးနိုင်တဲ့သူတွေကတော့အခက်အခဲရှိတာပေါ့”ဟုကန္တာရဝတီတိုင်း(မ်)ကိုပြောသည်။

GSMဖုန်းလိုင်းများကိုလက်ရှိကယားပြည်နယ်အတွင်းတွင်လွိုင်ကော်မြို့တစ်မြို့တည်းသာအသုံးပြု နိုင်ပြီးဒီးမော့ဆိုမြို့နယ်တွင်CDMA ၊ကျန်သည့်မြို့နယ်များတွင်အော်တိုအိတ်ချိန်းဖြင့်သာအသုံး
ပြုရသဖြင့်ဆက်သွယ်ရေးခက်ခဲသည့်ပြည်နယ်ဖြစ်သည်။

ဆက်သွယ်ရေးစခန်းများပြုလုပ်နေမှုတွင်အဆောက်အဦးများမိုဘိုင်းတာဝါတိုင်များကိုရာနှုန်းပြည့်နီးပါးတည်ဆောက်နေပြီဖြစ်ပြီးစက်ပစ္စည်းကိရိယာများတပ်ဆင်ရန်သာလိုအပ်တော့ကြောင်း
တပ်ဆင်ပြီးပါကစတင်အသုံးပြုနိုင်ပြီဖြစ်ပြီးဆက်သွယ်ရေးခက်ခဲနေသည့်ဒေသများတွင်ယခင်ကထက်ပိုမိုလွယ်ကူလာတော့မည်ဟုပြည်နယ်ဆက်သွယ်ရေးမန်နေဂျာဦးသက်မော်ကပြောသည်။