မွန်ပြည်နယ်ဘီးလင်းတွင်တံတားသစ်နှင့်စာကြည့်တိုက်ဆောက်လုပ်ပြီးစီး

...

မွန်ပြည်နယ်ဘီးလင်းတွင်တံတားသစ်နှင့်စာကြည့်တိုက်ဆောက်လုပ်ပြီးစီး

The New Light of Myanmar, 16 Jul 2014

URL: http://www.myanmar.cm/newspapers/the-new-light-of-myanmar.html
ဘီလင်း၊ဇွန်လိုင်လ(၁၅)ရက်နေ့--ကျေးလက်တံတားနှင့်စာကြည့်တိုက်ကိုမွန်ပြည်နယ်၊ဘီးလင်းမြို့နယ်ရှိပိုင်ထားဝယ်ကျေးရွာတွင်တနင်္လာနေ့၌ဖွင့်လှစ်ခဲ့သည်ဟုတာဝန်ရှိသူများမှပြောကြားခဲ့သည်။

“အသစ်ဖွင့်လိုက်တဲ့တံတားဟာဆိုရင်ကျွန်တော်တို့ရွာနဲ့တခြားရွာ(၆)ရွာတို့ရဲ့ကုန်ပစ္စည်းတွေကိုမြို့စျေးကိုအလွယ်တကူဝင်ရောက်အောင်လုပ်ပေးမှာပဲဖြစ်ပါတယ်။စာကြည့် တိုက်ဟာဆိုရင်လည်းဒေသ တွင်းလူငယ်လူရွယ်များအကြားစာပေပညာပိုမိုတိုးတက်လာစေဖို့အတွက်ကူညီမှာပဲဖြစ်ပါတယ်”ဟုပိုင်ထားဝယ်ရွာရှိအငြိမ်းစားကျောင်းဆရာဦးစောထွန်းထွန်းဦးကပြောခဲ့သည်။

အရှည်(၄၀၀)ပေ​နှင့်အကျယ်(၁၈)ပေရှိကွန်ကရစ်ခင်းတံတားဆောက်လုပ်ရာတွင်ဒေသတွင်းနေထိုင်သူများမှပေးသောသိန်းခြောက်ဆယ်နှင့်အတူကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဌာနမှ(၁၈)သိန်း
ကုန်ကျခဲ့သည်။

လူငယ်စွမ်းရည်စာကြည့်တိုက်ကိုဆောက်လုပ်ရာတွင်ပိုင်ထားဝယ်ဘုန်းတော်ကြီးကျောင်းဆရာတော်နှင့်ဒေသတွင်းရှိလူအများမှကျပ်(၄၅)သိန်းနှင့်မွန်ပြည်နယ်အစိုးရမှကျပ်(၁၀)သိန်းခွဲ
ဝေကုန်ကျခဲ့သည်။

မြို့နယ်စီမံခန့်ခွဲသူများ၊မြို့ နယ်သတင်းအချက်အလက်နှင့်လူထုဆက်ဆံရေးဌာနအကြီးအကဲနှင့်စေတနာရှင်(၉)ကိုးဦးတို့မှကျပ်တစ်ရာတစ်ဆယ့်တစ်သိန်း(၁၁၁)တန်ဖိုး​ရှိစာအုပ်များနှင့်ပုံနှိပ်ထုတ်ဝေ
ထားသည့်အမျိုးမျိုးသောစာအုပ်စာနယ်ဇင်းများကိုလှူဒါန်းခဲ့သည်။