ဒုက္ခသည်များနေရပ်ပြန်လည်အခြေချခြင်းသည်ကြာရှည်သည့်လုပ်ငန်းစဉ်တစ်ခုဖြစ်ကြောင်းထိုင်းစစ်တပ်ပြောရေးဆိုခွင့်ရှိသူမှပြောကြား

...

ဒုက္ခသည်များနေရပ်ပြန်လည်အခြေချခြင်းသည်ကြာရှည်သည့်လုပ်ငန်းစဉ်တစ်ခုဖြစ်ကြောင်းထိုင်းစစ်တပ်ပြောရေးဆိုခွင့်ရှိသူမှပြောကြား

Democratic Voice of Burma, 14 Jul 2014

URL: http://www.dvb.no/news/thai-army-spokesman-says-refugee-return-will-be-a-long-process-burma-myanmar/42290
ထိုင်းစစ်တပ်မှနယ်စပ်စခန်းများတွင်နေထိုင်သောဒုက္ခသည်တစ်သိန်းသုံးသောင်းအားတစ်နှစ်အတွင်းနေရပ်သို့ပြန်လည်နေရာချထားပေးမည်ဟူသောထိုင်းတပ်မတော်၏ရည်ရွယ်ချက်နှင့်စပ်လျဉ်း ၍ထိုင်းစစ်တပ်ပြောရေးဆိုခွင့်ရှိသူမှငြင်းဆိုကြောင်းအစီအရင်ခံစာကိုတနင်္လာနေတွင်ထုတ်ပြန်ခဲ့သည်။

ဘန်ကောက်ပို့စ်သတင်းစာတွင်ဇူလိုင်လ(၁၄)ရက်နေ့တွင်ဖော်ပြသောသတင်းအရထိုင်းဘုရင့်တပ်မတော်ခြေလျှင်တပ်ရင်းဌာန(၉)မှအမည်မဖော်လိုသူတစ်ဦးမှတပ်မတော်၊UNအေဂျင်စီနှင့်လူ့အခွင့် အရေးအဖွဲ့များ၊မယ့်ဖားလွန်ဖောင်ဒေးရှင်းတို့သည်ထိုင်းမြန်မာနယ်စပ်ရှိဒုက္ခသည်စခန်း(၉)ခုတွင်နေထိုင်သောဒုက္ခသည်တစ်သိန်းသုံးသောင်းအားမည်သူကပြန်လည်အခြေချရန်ဆန္ဒရှိသည်၊မည် သူကတတိယနိုင်ငံသို့အခြေချချင်သည်နှင့်မည်သူကထိုင်းနိုင်ငံထဲတွင်ကျန်နေခဲ့မည်ဆိုသည်ကိုအဖြေရှာရန်အတွက်တွေ့ဆုံမေးမြန်းမှုများပြုလုပ်ခဲ့သည်ဟုပြောခဲ့သည်။

ထိုင်းစစ်တပ်ပြောရေးဆိုခွင့်ရှိသူဗိုလ်မှူးကြီးCol. Weerachon Sukondhadpatipakကလည်းအခုအချိန်မှာဒုက္ခသည်တွေကိုနေရပ်ပြန်ပို့မယ့်အခြေအနေရောက်မယ်မထင်ဘူးဟုဒီဗွီဘီသို့ပြောခဲ့
သည်။

“အခုအချိန်မှာဒုက္ခသည်တွေကိုနေရပ်ပြန်လည်ပို့ဆောင်ဖြစ်မယ့်လို့ကျွန်တော်မထင်ပါဘူး။ဒါဟာကျွန်တော်တို့ဖြေရှင်းရမယ့်အကြောင်းကိစ္စဖြစ်ပေမယ့်လည်းမြန်မာနိုင်ငံကိုဒုက္ခသည်တွေပြန်ပို့နေပြီ
လို့မဆိုလိုပါဘူး”ဟု၎င်းမှပြောခဲ့သည်။“ဒါဟာကြာရှည်တဲ့လုပ်ငန်းစဉ်ဖြစ်ပြီးသက်ဆိုင်ရာအဖွဲ့များအားလုံးနဲ့အတူဆွေးနွေးဖို့လိုအပ်ပါတယ်။”

“ဒုက္ခသည်အားလုံးကိုတနှစ်အတွင်းပြန်ပို့ဖို့ဆိုတာခက်ခဲပါလိမ့်မယ်”ဟု၎င်းမှထပ်ပေါင်းပြောကြားခဲ့သည်။

UNHCRမှဝါရင့်တိုင်ပင်ညှိနှိုင်းရေးအရာရှိဖြစ်သူအီရန်ဟောမှလည်းအစိုးရနှစ်ဘက်စလုံးမှဒုက္ခသည်များပြန်လည်အခြေချခြင်းကိုနှစ်များစွာဆွေးနွေးခဲ့ကြကြောင်း၊သို့သော်လည်းပြန်လည်အခြေ ချရန်အတွက်အချိန်သတ်မှတ်ထားတာမရှိသေးကြောင်းပြောကြားခဲ့သည်။

“ထိုင်းအာဏာပိုင်တွေအားလုံးလိုလိုကဒီလိုအမြင်ရှိနေပါတယ်။ဒါပေမယ့်အစီအစဉ်မရှိသေးသလိုသက်သေအထောက်အထားမှတ်တမ်းမှတ်ရာလည်းမရှိသေးပါဘူး၊ဒုက္ခသည်တွေကိုပြန်ပို့ဖို့ဘယ်
နေ့စမယ်၊ဘယ်နေ့ပြီးမယ်ဆိုတာလည်းမရှိပါဘူး၊ဒါပေမယ့်မြန်မာအစိုးရကအချိန်ကျရင်သူ့နိုင်ငံသားတွေကိုပြန်လည်ခေါ်ဆောင်ဖို့ဥပဒေဘောင်အတွင်းကမှန်ကန်တဲ့ရည်ရွယ်ချက်ရှိပါတယ်။ဒါပေ
မယ့်အခုကတော့အချိန်မကျသေးပါဘူး။”

ဒုက္ခသည်များမှ၎င်းတို့ပြန်လည်အခြေချရန်ဆန္ဒရှိပါက၎င်းတို့၏အမိမြေသို့ပြန်လည်အခြေချရန်အတွက်ရွေးချယ်နိုင်ဖို့အခွင်အရေးရှိသင့်သည်၊သို့သော်လည်းမြန်မာအစိုးရသည်တိုင်းရင်းသား
လက်နက်ကိုင်အဖွဲ့များနှင့်ငြိမ်းချမ်းရေးဆွေးနွေးမှုများမပြီးပြတ်သေးသည့်အတွက်သတိထားရမည့်အခြေအနေများရှိသေးသည်ဟုHallမှထပ်ပေါင်းပြောကြားခဲ့သည်။

အကယ်၍ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကိုဒုက္ခသည်တွေအလွန်အမင်းယုံကြည်မှုမရှိပါကတဦးချင်းစီပါဝင်မှုကိုအပြည့်အဝနားလည်မှုရှိရပါမယ်ဟု၎င်းမှပြောကြားခဲ့သည်။

မည်သည့်ဒုက္ခသည်မဆိုမြန်မာနိုင်ငံသို့ပြန်လည်အခြေချခြင်းသည်မိမိဆန္ဒအလျှောက်ဖြစ်ရမည်ဖြစ်ပြီးဘေးကင်းလုံခြုံမှုနှင့်ဂုဏ်သိက္ခာရှိမှုအခြေအနေထဲတွင်ရှိရမည်ဟုထိုင်းတော်ဝင်အစိုးရမှကျွန်ုပ်
တို့ကိုစိတ်ချရန်အားပေးခဲ့ပါတယ်ဟုပြောကြားခဲ့သည်။

ထိုင်းတော်ဝင်အစိုးရကမြန်မာနိုင်ငံသို့ပြန်သည့်မည်သည့်ဒုက္ခသည်မဆိုမိမိဆန္ဒအလျှောက်ပြန်ခြင်းသာဖြစ်ရမည်ဖြစ်ပြီးဂုတ်သိက္ခာရှိပြီးဘေးကင်းလုံခြုံမှုထဲတွင်ဖြစ်ရပါမယ်လို့ကျွန်ုပ်တို့ကိုစိတ်ချ
လက်ချရှိစေဖို့ပြောပါတယ်။UNHCRကဒီအစိုးရရဲ့မူဝါဒထဲမှာမည်သည့်ပြောင်းလဲခြင်းမဆိုကိုသိရှိနေတာမျိုးဒါမှမဟုတ်ဒုက္ခသည်တွေနေရပ်ပြန်လည်အခြေချဖို့အစိုးရရဲ့အချိန်သတ်မှတ်တာကို​သိ​ရှိ​နေ​တာ​မျိုး​စ​သဖြင့်မသိရှိပါဘူးဟုHallမှထပ်လောင်းပြောကြားခဲ့သည်။

ကရင်ပြည်နယ်နယ်စပ်တွင်ရှိသောအုန်းဖြန့်မိုင်စခန်းတွင်နေထိုင်သည့်ဒုက္ခသည်တစ်ဦးဖြစ်သူနော်ဘောညော်မှကရင်ပြည်နယ်သို့လူတိုင်းမှပြန်ချင်သောဆန္ဒရှိသော်လည်းလုံခြုံရေးအခြေအနေမှာ
မရေမရာပင်ရှိသေးသည်ဟုပြောခဲ့သည်။

“ဒါဟာကျွန်မတို့ပြန်ဖို့အတွက်လုံးဝမလုံခြုံသေးပါဘူး။အပစ်အခတ်ရပ်စဲရေးကလည်းတိုးတက်မှုမရှိသေးပါဘူး၊ပြီးတော့စစ်​မှန်တဲ့ငြိမ်းချမ်းရေးရမလားဆိုတာကျွန်မတို့မသိပါဘူး”ဟုသူမမှပြောခဲ့
သည်။ဒီမျှမကသေးပါဘူးတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့အစိုးရတို့အကြားပြုလုပ်နေတဲ့ဆွေးနွေးမှုတွေဟာခရီးပေါက်ရောက်မှုမရှိပါဘူး။”“စခန်းလူဦးရေအပေါ်အချက်အလက်ကောက်ယူ တာဟာလည်းစနစ်တကျလုပ်ထုံးလုပ်နည်းနဲ့အညီကောက်ယူတာမျိုးမဟုတ်ပါဘူး၊ပြီးတော့လုပ်ဆောင်တာတွေအားလုံးပြီးသွားသည့်တိုင်အောင်အစိုးရကပြန်လည်အခြေချ ခြင်းအပေါ်တိုးမြှင့်
လုပ်ဆောင်ဖို့အလားအလာမရှိပါဘူး”ဟုကရင်ဒုက္ခသည်ကော်မတီမှဒုတိယအတွင်းရေးမှူးဖြစ်သူနော်ဘလူးမင်းနိုက်ဇန်ကပြောခဲ့သည်။

သူတို့ဒုက္ခသည်တွေကိုပြန်ပို့ချင်တယ်ဆိုရင်တောင်သူတို့အရမ်းကာရောလုပ်မယ်လို့ကျွန်မမထင်ပါဘူး၊သူတို့လက်ရှိအခြေအနေကိုတွေးတောလိမ့်မယ်လို့ကျွန်မတို့ယုံကြည်ပါတယ်၊ပြီးတော့အစည်း
အဝေးကိုနိုင်ငံတကာအဆင့်အတန်းနဲ့အညီလုပ်ဆောင်မယ်လို့ယုံကြည်ပါတယ်ဟုပြောကြားခဲ့သည်။