အခြေခံဥပဒေပြောင်းလဲပေးရန်အတွက်ဆန္ဒပြုလက်မှတ်ရေးထိုးမှုများပြီးစီး

...

အခြေခံဥပဒေပြောင်းလဲပေးရန်အတွက်ဆန္ဒပြုလက်မှတ်ရေးထိုးမှုများပြီးစီး

Eleven Media, 19 Jul 2014

URL: http://elevenmyanmar.com/index.php?option=com_content&view=article&id=6849:signature-campaign-for-charter-change-concludes&catid=32:politics&Itemid=35
၂၀၀၈ခုနှစ်ရေးဆွဲထားသောအခြေခံဥပဒေပုဒ်မ၄၃၆ကိုပြင်ဆင်ရန်အတွက်ဆန္ဒပြုလက်မှတ်ရေးထိုးစည်း​ရုံး​ခြင်း​သည်ယနေ့တွင်ပြီးဆုံးရန်နီးကပ်လာပြီဖြစ်သည်။

ကမ်ပိန်းတွင်ပါဝင်ကြသူများဖြစ်ကြသည့်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့်၈၈မျိုးဆက်ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူမှုအဖွဲ့အစည်းတို့မှလက်မှတ်များကိုတပတ်အတွင်းလွှတ်တော်သို့သွင်းမည်ဖြစ်
သည်။

မေလ၂၇ရက်မှယနေ့ထိ(၅၄)ရက်တာစည်း​ရုံး​ရေးဆင်းခြင်းဖြစ်သည်။ထိုသို့ဆောင်ရွက်ခြင်းသည်နိုင်ငံရေးအသိအမြင်ရရှိမှုများတိုးမြင့်လာရန်လုပ်ဆောင်ခြင်းဖြစ်ပြီးအခြေခံဥပဒေပြင်ဆင်​ဖို့အ
တွက်လူထု၏ပါဝင်ကူညီမှုကိုပြသခြင်းလည်းဖြစ်သည်။

“ကျွန်တော်တို့နိုင်ငံရဲ့မတူညီကွဲပြားတဲ့နေရာအသီးသီးမှာလက်မှတ်ကောက်ယူစုဆောင်းပါတယ်။ဇူလိုင်၁၉ရက်နေ့ကနေ၂၆ရက်နေ့အထိလက်မှတ်တွေကိုစာရင်းကိုက်ပြုလုပ်ပါမယ်။NLDရုံးချုပ်မှာ
ကျွန်တော်တို့လက်မှတ်တွေကိုရေတွက်ပါမယ်။ရေတွက်ပြီးတဲ့နောက်လူထုကိုကြေငြာပါမယ်။NLDအမှုဆောင်ကော်မတီကနောက်ဘာတွေဆက်လက်​လှုပ်ရှားရမယ်ဆိုတာကိုညွှန်ကြားပါလိမ့်​မယ်။လက်မှတ်အလုံးစုံကိုလွှတ်တော်ဆီ​ကိုတင်ပြပါမယ်”ဟုNLDအမှုဆောင်အဖွဲ့ဝင်ထွန်းထွန်းဟိန်းကပြောခဲ့သည်။

“အခြေခံဥပဒေပြင်ဆင်ခြင်းနဲ့စပ်လျဉ်းပြီးလွှတ်တော်၏ယုံကြည်တန်ဖိုးရှိမှုကိုပြသသည့်အနေဖြင့်လူထုဆန္ဒ​ကို​လိုက်လျောပေးခြင်းဖြင့်ဆုံးဖြတ်သင့်ပါတယ်ဟု”NLDဥက္ကဥဖြစ်သူဒေါ်အောင်ဆန်း
စုကြည်မှပြောကြားခဲ့သည်။

အနုပညာရှင်များ၊ကဗျာဆရာများနှင့်မသန်မစွမ်းသူများစသည်တို့ကဲ့သို့အထင်ကရပုဂ္ဂိုလ်များမှလည်းဝိုင်းဝန်းကူညီမှုများရရှိရန်အတွက်စည်းရုံးမှုများတွင်လက်တွဲကူညီလုပ်ဆောင်ပေးခဲ့ကြ
သည်။

ဒီမိုကရေစီစိုးမိုးရေးတိုးမြှင့်ဆောင်ရွက်ခြင်းအရအဓိကအဟန့်အတားဖြစ်​သည့်​အခြေခံဥပဒေကိုပြန်လည်ရေးဆွဲမှရမည်ဖြစ်သောကြောင့်ကမ်ပိန်းသည်ပုဒ်မ၄၃၆ကိုပြင်ဆင်ရန်အတွက်အရေးပါ
သောပထမခြေလှမ်းဖြစ်သည်ဟုNLDနှင့်၈၈မျိုးဆက်များမှပြောခဲ့သည်။

အခြေခံဥပဒေပြောင်းလဲခြင်းသည်တိုင်းရင်းသားတန်းတူညီတူရှိမှုအပေါ်ဒီမိုကရေစီပိုမိုနက်ရှိုင်းလာစေရန်နှင့်ဖက်ဒရယ်ပြည်ထောင်စုစနစ်ကိုစတင်ရန်ဖြစ်သည်။

“ဒီအခြေခံဥပဒေပြင်ဆင်ရေးနဲ့ပက်သက်ပြီးနိုင်ငံရေးအင်အားစုတွေကဆန္ဒလက်မှတ်ကောက်ယူခြင်းပြုလုပ်တာတွေကိုကျွန်တော်တို့တွေ့ရပါတယ်။လိုအပ်တဲ့ပြင်ဆင်မှုတွေနဲ့ပက်သက်ပြီးသူတို့ ကြိုးစားအားထုတ်မှုတွေဟာဒီမိုကရေစီတန်ဖိုးနဲ့ကိုက်ညီမှုရှိဖို့အတွက်ကျွန်တော်တို့အနီးကပ်စောင့်ကြည့်နေပါတယ်”ဟုပြီးခဲ့သောထုတ်ပြန်ကြေငြာချက်တွင်သမ္မတဦးသိန်းစိန်မှပြောခဲ့သည်။

ကာကွယ်ရေးတပ်မတော်ပိုင်းကိုယ်စားလှယ်များမှအတည်ပြုချက်မပါပဲနှင့်အခြေခံဥပဒေကိုပြင်ဆင်လို့မရပါဘူးဟုဒေါ်အောင်ဆန်းစုကြည်မှုပြောကြားခဲ့သည်။ထိုသို့စစ်တပ်မှလူထုဆန္ဒကိုပိတ်
ပင်တားဆီးခြင်းရန်အတွက်စစ်တပ်အားအထူးအခွင့်အ​ရေးပေးခြင်းသည်ဒီမိုကရေစီမကျပဲမမျှမတလုပ်ခြင်းသာဖြစ်ကြောင်းသူမမှထပ်ပေါင်းပြောကြားခဲ့သည်။

တခြားပုဒ်မများကိုအလွယ်တကူပြင်ဆင်လို့မရရန်အတွက်ပုဒ်မ၄၃၆ကိုရေးဆွဲထားခြင်းဖြစ်သည်။

အခန်း(၁၂)တွင်ပါရှိသောပုဒ်မ၄၃၆တွင်အခြေခံဥပဒေကိုပြင်ဆင်ရန်အတွက်အရေးကြီးလိုအပ်လာပါလွှတ်တော်ကိုယ်စားလှယ်၇၅ရာခိုင်နှုန်းအထက်ထောက်ခံအတည်ပြု မှသာပြင်နိုင်မည်ဖြစ်
သည်။