၂၀၁၅ရွေးကောက်ပွဲများတွင်မဲဆွယ်စည်းရုံးရေးဆိုင်ရာကန့်သတ်ချက်များလျော့ချပေးရန်NLDတိုက်တွန်း

...

၂၀၁၅ရွေးကောက်ပွဲများတွင်မဲဆွယ်စည်းရုံးရေးဆိုင်ရာကန့်သတ်ချက်များလျော့ချပေးရန်NLDတိုက်တွန်း

Irrawaddy News, 22 Jul 2014

URL: http://www.irrawaddy.org/burma/nld-urges-less-restrictive-campaign-rules-2015-elections.html
ရန်ကုန်--အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)မှမြန်မာ့ရွေးကောက်ပွဲကော်မရှင်အားယခုလအစောပိုင်းတွင်အတည်ပြု ခဲ့သည့်မဲဆွယ်စည်းရုံးရန်အတွက်ထုတ်ပြန်ထားသည့်ညွှန်ကြားချက်များ
ကိုပြောင်းလဲပေးရန်တောင်းဆိုခဲ့သည်ဟုပြောကြားရင်းယခုထုတ်ပြန်ထားသည့်မဲဆွယ်စည်းရုံးရေးညွှန်ကြားချက်များသည်နောင်နှစ်မဲဆန္ဒကောက်ယူအချိန်တွင်လွတ်လပ်ပြီးတရားမျှတသော
ရွေးကောက်ပွဲဖြစ်လာရန်အတွက်အခြေအနေပေးမည်မဟုတ်ပေ။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)သည်ရွေးကောက်ပွဲဆိုင်ရာစုဝေးဟောပြောခြင်းနှင့်မဲဆွယ်စည်းရုံးခွင့်ညွှန်ကြားချက်များကိုဇူလိုင်လ(၁)ရက်နေ့တွင်ထုတ်ပြန်ကြေငြာခဲ့သော်လည်း
အတိုက်အခံပါတီများမှ၎င်းတို့အားအပြင်းအထန်ရှုံ့ချခဲ့ကြသည်။

တရားဝင်မဲဆွယ်စည်းရုံးခွင့်အချိန်ကာလကန့်သတ်ခြင်းကဲ့သို့မဲဆွယ်စည်းရုံးခြင်းအချိန်ကန့်သတ်ခြင်းများသည်ပါတီများအားမဲဆွယ်စည်းရုံးရာတွင်မလွတ်မလပ်ဖြစ်စေပြီးမဲဆွယ်စည်းရုံးသူ
များ၏မဲဆွယ်ခွင့်ကိုကသိကအောက်ဖြစ်စေသောဝေဖန်ခံထားရသည့်ပြည်တွင်းအာဏာပိုင်များမှရေးဆွဲထားသည့်ထိုအချက်များကိုနိုင်ငံရေးပါတီများမှထောက်ခံရန်လိုအပ်ချက်ရှိသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်UECမှပါတီများသည်ရွေးကောက်ပွဲမတိုင်မီ၎င်းတို့၏မဲဆွယ်စည်းရုံးရေးရက်ကိုရက်(၃၀)သာရမည်ဖြစ်သည်။အထွေထွေရွေးကောက်ပွဲရက်ကိုမသတ်မှတ်
ရသေးသော်လည်းတခါတရံတွင်မဲဆန္ဒကောက်ယူခြင်းသည်၂၀၁၅ထက်နောက်ကျနေတတ်သည်။

အတည်ပြုလိုက်သည့်ညွှန်ကြားချက်အရလွှတ်တော်ကိုယ်စားလှယ်လောင်းတွေအပြင်ပါတီခေါင်းဆောင်တွေအနေနှင့်မဲဆန္ဒနယ်မြေတွေမှာမဲဆွယ်စည်းရုံးမယ်ဆိုရင်သက်ဆိုင်ရာကော်မရှင်ခွဲတွေ
ထံမှာ(၁၅)ရက်ကြိုတင်ခွင့်ပြုချက်တောင်းခံရမည်ဖြစ်သည်။တောင်းခံသူသည်ပြုလုပ်မည့်နေရာ၊နေ့ရက်၊အချိန်တို့ပါထည့်သွင်းတောင်းခံရမည်ဖြစ်ပြီးလျှောက်ထားသူ၏အချက်အလက်နှင့်စည်း ရုံးရေးဆင်းရာတွင်ယဉ်အသုံးပြု မပြုကိုလည်းထည့်သွင်းဖော်ပြရမည်ဖြစ်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့မှမဲဆွယ်စည်းရုံးရေးဆင်းရာတွင်ခွင့်ပြုရက်(၃၀)ရက်အစားရက်(၆၀)ခွင့်ပြုရန်တိုက်တွန်းထားပြီးရက်(၃၀)သည်လုံလောက်မှုမရှိဟုပြောဆို​ခဲ့သည်။