အခြေခံဥပဒေကိုပြောင်းလဲပြင်ဆင်ရန်တောင်း​ဆို​မှု​အတွက်လက်မှတ်(၅)သန်းရရှိနေပြီဟုNLD မှပြောကြား

...

အခြေခံဥပဒေကိုပြောင်းလဲပြင်ဆင်ရန်တောင်း​ဆို​မှု​အတွက်လက်မှတ်(၅)သန်းရရှိနေပြီဟုNLD မှပြောကြား

Reuters, 22 Jul 2014

URL: http://www.reuters.com/article/2014/07/22/us-myanmar-constitution-idUSKBN0FR0XT20140722
မြန်မာနိုင်ငံ၏အဓိကအတိုက်အခံပါတီမှလက်မှတ်ပေါင်း(၅)သန်းကိုကောက်ခံနိုင်ခဲ့ပြီးနောင်နှစ်ရွေးကောက်ပွဲပြုလုပ်ရန်အတွက်၂၀၁၁ခုနှစ်တွင်စစ်တပ်ပါဝင်သောနိုင်ငံ၏လက်ရှိအခြေအနေအရ
လွှတ်တော်တွင်စစ်တပ်မဲပေးရွေးချယ်ခွင့်ပါဝါကိုလျော့ချရန်နည်းလမ်းများရှာဖွေနေကြသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ကိုခေါင်းဆောင်သူနိုဘယ်လ်ဆုရှင်ဒေါ်အောင်ဆန်းစုကြည်မှစနေနေ့တွင်ပြီးဆုံးခဲ့သည့်ပုဒ်မ၄၃၆ကိုပြင်ဆင်ရန်စည်းရုံးရေးဆင်းခြင်းကိုဦးဆောင်ဦးရွက်ပြု ခဲ့သည်။
အခြေခံဥပဒေတွင်ပုဒ်မအများစုကိုပြင်ဆင်ရန်အတွက်လွှတ်တော်တွင်၇၅ရာခိုင်နှုန်းသဘောတူရန်လိုအပ်သောကြောင့်အတိုက်အခံပါတီအောင်မှုရရန်အတွက်အခြေအနေအားလုံးသည်ဖြစ်နိုင်ခြေမ
ရှိပေ။

NLD၏ကြိုးပမ်းအားထုတ်မှုများသည်ပြောင်းလဲမှုပိုမိုရရှိရန်အလားအလာမရှိပေ။

အခြေခံဥပဒေပြင်ဆင်ရန်တောင်းဆိုမှုများဖြင့်အသနားခံလွှာသည်လွှတ်တော်ကော်မတီလုပ်ငန်းဆောင်တာများ၏လုပ်ဆောင်မှုအပေါ်လွှမ်းမိုးသက်ရောက်မှုရှိစေလိမ့်မည်မဟုတ်ဟုလွှတ်တော်၏
ပြောရေးဆိုခွင့်ရှိသူတစ်ဦးဖြစ်သည့်သူရဦးရွှေမန်းမှပြောကြားခဲ့သည်။

အခြေခံဥပဒေပြင်ဆင်ခြင်းတောင်းဆိုလွှာများတွက်တာဝန်ယူဆောင်လုပ်နေသောNLDအမှုဆောင်ထွန်းထွန်းဟိန်းမှပါတီသည်လက်မှတ်များကိုရေတွက်နေဆဲဖြစ်ပြီးစုစုပေါင်းလက်မှတ်အရေအ
တွက်သည်ငါးသန်းထက်ကျော်လွန်မည်ဖြစ်ကြောင်းReutersသတင်းစာသို့ပြောခဲ့သည်။

ဇူလိုင်လကုန်ထိရရှိထားသောလက်မှတ်အရေအတွက်များနှင့်ပက်သက်၍အစိုးရဆီသို့မည်သို့မည်ပုံတင်သွင်းမည်ဆို သည်ကိုပါတီမှဆုံးဖြတ်လိမ့်မည်ဖြစ်ကြောင်းပြောကြားခဲ့သည်။