လိုင်ဇာတိုင်းရင်းသားလက်နက်ကိုင်ညီလာခံအတွင်းအစိုးရနှင့်NCCTအတွင်းကွဲပြားခြားနားချက်များ

...

လိုင်ဇာတိုင်းရင်းသားလက်နက်ကိုင်ညီလာခံအတွင်းအစိုးရနှင့်NCCTအတွင်းကွဲပြားခြားနားချက်များ

Eleven Media, 28 Jul 2014

URL: http://www.elevenmyanmar.com/index.php?option=com_content&view=article&id=6974:laiza-ethnic-conference-sees-differences-between-govt-and-ncct-in-chapt
ဇူလိုင်လ(၂၆)ရက်နေ့တွင်ကျင်းပသောတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများညီလာခံဒုတိယနေ့တွင်တနိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေးအသင်း(NCCT)မှခေါင်းဆောင်များသည်
အပစ်အခတ်ရပ်စဲရေးမူကြမ်းတွင်ပါဝင်သောအခန်း(၄)ကိုအပြီးသတ်ဆွေးနွေးပြီးနှင့်ပြီဖြစ်သည်။

အခန်း(၄)ခန်းကိုအပြီးသတ်ဆွေးနွေးပြီးသော်လည်းကျန်ရှိနေသောအခန်း(၅)တွင်ဖော်ပြထားသည့်နိုင်ငံရေးဆိုင်ရာဆွေးနွေးမှုအာမခံချက်များနှင့်စပ်လျဉ်း၍အစိုးရနှင့်NCCTတို့အကြားအ
မျိုးမျိုးကွဲပြားချက်များဆက်လက်ကျန်ရှိနေဆဲဖြစ်သောကြောင့်အမျိုးမျိုးကွဲပြားနေသောကိစ္စများကိုအကျိုးအကြောင်းအခိုင်အလုံဖြစ်အောင်လုပ်ဖို့အတွက်ကျွန်တော်တို့အချိန်ယူဆောင်ရွက်ဖို့လို
ပါတယ်ဟုNCCTမှပြောကြားခဲ့သည်။

“အခန်း(၅)မှာအစိုးရနဲ့NCCTတို့မှအကြမ်းဖျင်းဖော်ပြထားတဲ့နိုင်ငံရေးဆွေးနွေးမှုအတွက်ခိုင်လုံတဲ့အာမခံချက်တွေနဲ့ပက်သက်ပြီးအမျိုးမျိုးကွဲပြားခြားနားမှုအများအပြားရှိပါတယ်။ဒီအကြောင်း ကြောင့်မတူညီတဲ့ကွဲပြားခြားနားမှုတွေကိုညှိနှိုင်းဖို့အတွက်ကျွန်တော်တို့အချိန်ယူရပါလိမ့်မယ်။ဒါကအခန်း(၁)လောက်တောင်ခက်ခဲမှုရှိမယ်လို့ကျွန်တော်မထင်ပါဘူး”ဟုဒေါက်တာဆလိုင်းလိုင်
မောင်မှပြောခဲ့သည်။

NCCTအဖွဲ့ဝင်များမှခေါင်းဆောင်၁၆ဦးဖြင့်ဖွဲ့စည်းထားသောဦးဆောင်ကော်မတီအစည်းအဝေးကိုဇူလိုင်လ(၂၅)ရက်နေ့တွင်ပြုလုပ်ရန်စီစဉ်ထားခဲ့သည်။

“ကျွန်တော်တို့အခန်းလေးခန်းအားလုံးဆွေးနွေးခြင်းကိုဆွေးနွေးလို့ပြီးပါပြီ။အစည်းအဝေးမှာဝေါဟာရပ်အခေါအဝေါ်နှစ်ခုနဲ့ပက်သက်ပြီးအထူးဦးတည်ချက်ထားပြီးဆွေးနွေးမှာဖြစ်ပါတယ်။ပ
ထမအခေါ်အဝေါ်က“အပစ်အခတ်ရပ်စဲရေး”ဖြစ်ပြီးဒုတိယအခေါ်အဝေါ်က“တိုက်ပွဲ”တို့ဖြစ်ပါတယ်”ဟုKNPPအတွင်းရေးမှူးခွန်ဥက္ကာမှပြောခဲ့သည်။

“ဒီနေ့ဆွေးနွေးပဲဟာအလွန်ပဲအောင်မြင်ပါတယ်။စစ်တပ်ချထားမှုနေရာများကိုကျွန်တော်တို့အသေးစိတ်ဆွေးနွေးခဲ့ပါတယ်။စိတ်ပူစရာနေရာများကိုအသေးစိတ်ဆွေးနွေးနိုင်ခဲ့ပါတယ်”ဟုဒေါက်
တာဆလိုင်းလိုင်မောင်မှပြောခဲ့သည်။

အခန်း(၁)တွင်အခြေခံသဘောတရားများကိုပြဌာန်းခဲ့ပြီးအခန်း(၅)သည်ပြည်ထောင်စုငြိမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီနှင့်NCCTတို့အကြားအပစ်အခတ်ရပ်စဲရေးမူကြမ်းဆက်လက်
ရေးဆွဲရာတွင်ညှိနှိုင်းမှုလုပ်ရန်အခက်ခဲဆုံးအပိုင်းဖြစ်သည်။

UPWCနှင့်NCCTတို့မှရေးဆွဲခဲ့သောအပစ်အခတ်ရပ်စဲရေးမူကြမ်းသည်အခန်း(၇)ခန်းပါရှိသည်--အခြေခံစည်းမျဉ်း စည်းကမ်းများ၊ရည်ရွယ်ချက်များနှင့်မျှော်မှန်းချက်များ၊အပစ်အခတ်ရပ်စဲ
ရေးခိုင်မာစေရန်နည်းလမ်းများ၊နိုင်ငံရေးအချီချဆွေးနွေးမှုအာမခံချက်များ၊အနာဂတ်တာဝန်ဝတ္တရားများနှင့်အထွေထွေထောက်ပံ့ခြင်းများစသည်တို့ဖြစ်သည်။