မပြည့်စုံသေးသောနိုင်ငံရေးပြုပြင်ပြောင်းလဲခါစအချိန်သည်အားရကျေနပ်ဖွယ်ရာအခြေအနေတစ်ရပ်မဟုတ်ဟုခဲရီကပြော

...

မပြည့်စုံသေးသောနိုင်ငံရေးပြုပြင်ပြောင်းလဲခါစအချိန်သည်အားရကျေနပ်ဖွယ်ရာအခြေအနေတစ်ရပ်မဟုတ်ဟုခဲရီကပြော

Bloomberg Business week, 11 Aug 2014

URL: http://www.businessweek.com/articles/2014-08-11/kerry-visits-myanmar-to-buck-up-the-reform-movement
ဇွန်လိုင်၂၀၁၂ခုနှစ်မှစ၍မြန်မာနိုင်တွင်ကုမ္ပဏီများစွာမှဒေါ်လာပေါင်း(၆၁၂)သန်းဝင်ရောက်ရင်းနှီးမြှုပ်နှံခဲ့ကြသည်။၎င်းကုမ္ပဏီများမှာ ကိုကာကိုလာ(KO)၊အထွေထွေလျှပ်စစ်(GE)၊ကက်တာပီလာ(CAT)၊မာစတာကတ် (MA)၊ဝှက်စတန်ယူနီယန်(WU)၊ဖရော့ခ်တာနှင့်ဂန်းဘဲလ်(PG)နှင့်ကယ့်ဖ်(GPS)ကုမ္ပဏီစသည်တို့ဖြစ်သည်။

သို့သော်ဒီမိုကရေစီဖြစ်ခါစနှင့်ပတ်သက်၍တည်ငြိမ်မှုရှိ၊မရှိ နှင့်နိုင်ငံရေးပြုပြင်ပြောင်းလဲမှုနောက်ပြန်လှည့်မြည့်အခြေအနေရှိ၊မရှိ စသည့်မေးခွန်းများထွက်ပေါ်သည်။အထူးသဖြင့်မြန်မာအခြေစိုက်နိုင်ငံရေးလှုပ်ရှားသူများနှင့် နိုင်ငံတကာ(NGOs)များသည်ရိုဟင်ဂျာလူမျိုးစုဖိစီးနှိပ်စက်မှုခံရခြင်း၊ဒေသခံသတင်းထောက်များကိုဖမ်းဆီးခြင်း၊သက်သေထောက်ထားအရသတင်းမီဒီယာဖြန့်ဝေမှုအဟန့်အတားဆက်လက်ရှိနေခြင်းနှင့်ပတ်သက်၍သတိပေး နှိုးဆော်ကြသည်။

အာစီယံဒေတွင်းဖိုရမ်သို့တက်ရောက်ရန်မြန်မာနိုင်ငံသို့လာရောက်သည့်အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဂျွန်ကယ်ရီက“မြန်မာနိုင်ငံနိုင်ငံရေးအပြောင်းအလဲသည်ခိုင်မာမှုမရှိပဲမပြည့်စုံသေးသောအရာဖြစ်သည်”ဟုနိုင်ငံတကာ သတင်းမီဒီယာသို့တနင်္ဂနွေနေ့တွင်ပြောကြားခဲ့သည်။“အခြေအနေအားလုံးအားရကျေနပ်ဖွယ်ရာရှိပါသလား”မရှိသေးပါ၊လုံးဝမရှိသေးပါ။ရှေ့ဆက်လုပ်စရာလုပ်ငန်းပေါင်းများစွာကျန်ရှိနေသေးသည်”ဟုနယူးယော့တိုင်း​မ်သို့ ၎င်းမှပြောကြားခဲ့သည်။