ကရင်အာဇာနည်နေ့ရန်ကုန်တွင်ပထမဆုံးအကြိမ်ကျင်းပ

...

ကရင်အာဇာနည်နေ့ရန်ကုန်တွင်ပထမဆုံးအကြိမ်ကျင်းပ

Irrawaddy News, 12 Aug 2014

URL: http://www.irrawaddy.org/burma/karen-martyrs-day-marked-rangoon-first-time.html
အချို့သောကရင်အဖွဲ့အစည်းများမှအသင်းဝင်(၂၀၀)ပါဝင်သည့်၆၄နှစ်မြောက်ကရင်အာဇာနည်နေ့ကိုရန်ကုန်မြို့ကမာရွတ်မြို့နယ်၌အင်္ဂါနေ့တွင်နိုင်ငံရေးပြုပြင်ပြောင်းလဲသည့်၂၀၁၁ခုနှစ်မှစ၍ပ
ထမဆုံးအကြိမ်စတင်ကျင်းပနိုင်ခဲ့သည်။

ရန်ကုန်ရှိကရင်အသိုင်းအဝိုင်းခေါင်းဆောင်များ၊ဧရာဝတီဒေသများရှိကရင်မိသားစုများနှင့်ကရင်တိုင်းရင်းသားပါတီများ၏ကိုယ်စားလှယ်များနှင့်ကရင်လက်နက်ကိုင်များဖြစ်သည့်(KNU) နှင့်(DKBA)တို့မှ၎င်းအခမ်းအနားကိုတက််ရောက်ခဲ့သည်။

ကရင်ပြည်နယ်ကော့ကရိတ်မြို့ရှိထို့ကော်ကိုးကျေးရွာတွင်မြန်မာစစ်တပ်ကချုံခိုတိုက်ခိုက်ခြင်းကြောင့်ပထမဆုံးကရင်သမ္မ​တစောဘဦးကြီးနှင့်အတူရဲဘော်ရဲဘက်ရှစ်ဦးကျဆုံးခဲ့သည့်၁၉၅၀ခုနှစ်
သြဂုတ်လ(၁၂)ရက်နေ့ကိုကရင့်အာဇာနည်နေ့အဖြစ်သတ်မှတ်ခဲ့သည်။

မြန်မာအစိုးရ၏အုပ်ချုပ်မှု​အောက်တွင်ကရင်၏နိုင်ငံရေးနှင့်ကိုယ်ပိုင်ပြဠာန်းခွင့်အတွက်နှစ်ပေါင်း(၆၀)ကြိုးစားဆန့်ကျင်တိုက်ခိုက်မှုကြောင့်ကျဆုံးခဲ့ရသောစစ်သည်တော်များအားသတိရအောက်
မေ့ရန်အတွက်ကျင်းပရခြင်းဖြစ်သည်။

(KNU)ဆက်ဆံရေးရုံးမှကရင်ပြည်နယ်၊မြို့တော်ဘားအံမြို့ရှိလက်နက်ကိုင်စစ်လေ့ကျင့်ရေးကွင်း၌စီစဉ်ပြုလုပ်ခဲ့ပြီးအာဇာနည်နေ့ကို၎င်းတို့၏နယ်မြေဒေသအတွင်းကျင်းပခဲ့သည်။

ကရင်ခေါင်းဆောင်များဂျက်​ဆင်​ခန်းမတွင်စုရုံးပြီးအင်္ဂါနေ့၌လွမ်းသူ့ပန်းေခွများ၊ပန်းကုံးများကိုကျဆုံးသောသူများ၏ဓါတ်ပုံရှေ့တွင်ချထားကျင်းပခဲ့သည်။

“အာဇာနည်နေ့အဖြစ်ကျင်းပရခြင်းသည်မျိုးဆက်သစ်လူငယ်များသိစေရန်အတွက်နှင့်ကျဆုံးခဲ့ရသောခေါင်းဆောင်များကိုသတိရအောက်မေ့ရန်အတွက်ဖြစ်သည်။ခေါင်းဆောင်များ၏မပြီးသေး သောနိုင်ငံရေးလှုပ်ရှားမှုများကိုမျိုးဆက်သစ်များအားဆက်လက်ဆောင်ရွက်ရန်လိုအပ်ပါသည်”ဟုကရင်အမျိုးသမီးခေါင်းဆောင်ဒေါ်လှလှစိုးကပြောခဲ့သည်။

“ရန်ကုန်မှာဒီလိုအခမ်းအနားကတော့ပထမဆုံးကျင်းပတာပါ။အရင်ကတော့တော်လှန်ရေးနယ်မြေတွေမှာကျင်းပပါတယ်။ဒီနှစ်ဆိုရင်တော်လှန်ရေးနယ်မြေမှာသုံးလေးရက်ကျင်းပပါတယ်။ကမ္ဘာ့ အနှံ့မှာရောက်နေတဲ့ကရင်တွေကလည်းသူတို့နေရာမှာသူတို့ကျင်းပပါတယ်”ဟုသူကပြောပြသည်။

“ကျွန်မတို့ကနောက်မျိုးဆက်သစ်များအားကရင်ခေါင်းဆောင်များဘာကြောင့်အသက်စွန့်လွှတ်ရသည်ဆိုသည်ကိုသိရှိစေရန်အတွက်ဖြစ်ပါတယ်”ဟုဒေါ်အုန်းလှကပြောခဲ့သည်။

“ကျွန်မတို့ခေါင်းဆောင်များဟာမိမိနိုင်ငံအတွင်းဖယ်ဒရယ်ပြည်ထောင်စုလိုချင်တဲ့အတွက်အသက်များစွာပေးဆပ်ခဲ့ရကြောင်း၊လက်ရှိအခုထိဖယ်ဒရယ်ပြည်ထောင်စုပေါ်ထွန်းရေးဆိုတာအခုအထိ
မရသေးကြောင်း”သူမကပြောခဲ့သည်။

လက်နက်ကိုင်အဖွဲ့များသည်ကရင်လူမျိုးစုဦးရေ(၆)သန်းအတွက်ကိုယ်စားပြုပြီး(၁၉၄၇)ခုနှစ်မှစ၍မြန်မာအစိုးရ၏စိုးမိုးခြယ်လှယ်မှုအောက်၌ဆန့်ကျင်တိုက်ပွဲဝင်ခဲ့သည်။စစ်အစိုးရလက်ထက် တွင်ကရင်တော်လှန်ရေးအဖွဲ့အစည်းသည်ဧရာဝတီမြစ်ဝကျွန်းပေါ်နှင့်ထိုင်းမြန်မာနယ်စပ်တောင်တန်းဒေသများသို့ထွက်ခွါခဲ့သည်။

ထိုင်းမြန်မာနယ်စပ်ရှိစခန်းများတွင်မြန်မာနိုင်ငံအရှေ့တောင်ပိုင်းဒေသမှထွက်ပြေးတိမ်းရှောင်နေသောဒုက္ခသည်အဖြစ်လူဦးရေ(၁၃၀၀၀၀)ဆက်လက်ရှိနေဆဲပင်ဖြစ်သည်။၎င်းလူဦးရေထဲကအ
များစုသည်ကရင်လူမျိုးများသာဖြစ်သည်

(KNU)နှင့်သမ္မတဦးသိန်းစိန်(ပြည်သူ)အစိုးရတို့အကြားနှစ်ပါတီအပစ်ခတ်ရပ်စဲရေးသဘောတူလက်မှတ်မရေးထိုးခြင်းကိုလွန်ခဲ့သည်၂၀၁၂ခုနှစ်တွင်ရေးထိုးခဲ့ပြီးအချိန်မှစ၍နှစ်ဘက်အကြား
တိုက်ပွဲအနည်းငယ်ဖြစ်ခဲ့သည်။