မြန်မာတနိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေးစာချုပ်မကြာမီလက်မှတ်ရေးထိုးနိုင်မည်

...

မြန်မာတနိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေးစာချုပ်မကြာမီလက်မှတ်ရေးထိုးနိုင်မည်

Channel NewsAsia, 18 Aug 2014

URL: http://www.channelnewsasia.com/news/asiapacific/myanmar-national/1319070.html
တနိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ်ကိုမကြာမီလက်မှတ်ရေးထိုးနိုင်တော့မည်ဖြစ်ပြီးအစိုးရနှင့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအတွင်းညှိနှိုင်းဆွေးနွေးမှုများ
တွင်အခိုင်အမာတိုးတက်မှုလက္ခဏာများရှိနေပြီဖြစ်ကြောင်းမြန်မာအစိုးရငြိမ်းချမ်းရေးညှိနှိုင်းရေးအဖွဲ့ခေါင်းဆောင်ဦးအောင်မင်းမှသြဂုတ်လ(၁၈)ရက်နေ့တင်္နလာနေ့တွင်ပြောကြားခဲ့
သည်။

တနိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေးညှိနှိုင်းဆွေးနွေးပွဲများတွင်နိုင်ငံရေးပါတီများပါဝင်ခြင်းသည်ပထမဦးဆုံးအကြီမ်ဖြစ်ကြောင်းပြောကြားခဲ့သည်။ယခုနောက်ဆုံးကျင်းပခဲ့သော
ဆွေးနွေးမှုများတွင်အပြုသဘောဆောင်သောရလဒ်များထွက်ပေါ်လာခဲ့သည်။

“စက်တင်ဘာပထမအပတ်မှာဆွေးနွေးမယ့်အကြောင်းအရာလေး၊ငါးခုလောက်ကျန်ပါသေးတယ်”ဟုဦးအောင်မင်းမှပြောခဲ့သည်။ကျွန်တော်တို့တနိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေး
သဘောတူစာချုပ်ကိုမကြာမီချုပ်ဆိုနိုင်တော့မှာပါ။စာချုပ်မှာလက်မှတ်ရေးဖို့ရက်ကိုအတိအကျရက်သတ်မှတ်ဖို့အကျွန်တော်တို့ဆုံးဖြတ်ချက်ချနိုင်ပါတယ်။ဒါကြောင့်နိုင်ငံရေးဆိုင်ရာဆွေး
နွေးမှုများလည်းမရှိမဖြစ်လိုအပ်ပါတယ်။အမျိုးသားရင်ကြားစေ့ရေးအောင်မြင်မှုရရှိဖို့အတွက်ပါတီတွေအားလုံးပါဝင်မှုရှိရပါမယ်။"

အစိုးရနှင့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များသည်တနိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေးစာချုပ်လက်မှတ်ရေးထိုးပြီးနောက်ပိုင်းနိုင်ငံရေးဆိုင်ရာဆွေးနွေးမှုများကိုပုံမှန်ထည့်သွင်း
ကျင်းပရန်သဘောတူညီခဲ့ကြသည်။

အဓိကကျသည့်လိုက်လျောမှုအနေဖြင့်အစိုးရသည်ဖက်ဒရယ်စနစ်ကိုအသိအမှတ်ပြုမည်ဖြစ်ပြီး၎င်းသည်တိုင်းရင်းသားလူမျိုးစုများကိုယ်ပိုင်အုပ်ချုပ်ရေးနှင့်ဒီမိုကရေစီအခွင့်အရေးကိုအာမ
ခံချက်ပေးမည်ဖြစ်သည်။

“ဖြေရှင်းစရာပြဿနာအများအပြားရှိပါသေးတယ်”ဟုမြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂအကြံပေးအထူးသံတမန်Vijay Nambiarမှပြောခဲ့သည်။“ဒါပေမယ့်တနိုင်ငံလုံးဆိုင်ရာအပစ်အခတ်
ရပ်စဲရေးကတော့အပြုသဘောဆောင်နေပါပြီ၊ရရှိလာဖို့နီးကပ်လာနေပြီလို့ကျွန်တော်ထင်ပါတယ်၊မကြာမီရရှိလာတော့မယ်လို့ထင်ပါတယ်။နိုင်ငံရေးပါတီတွေကိုနိုင်ငံရေးအမြှော်အမြင်ကြီး
စွာပါဝင်စေခြင်းအားဖြင့်၎င်းတို့ဆီမှပို၍ကြီးမားသောအပြုသဘောဆောင်မှုများရနိုင်မှာဖြစ်ပါတယ်။"

“တတိယတန်းစားပါတီများနှင့်နိုင်ငံရေးပါတီများသည်နှစ်ဖက်စလုံးမှတနိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေးစာချုပ်တွင်လက်မှတ်ရေးထိုးသဘောတူညီမှုရရှိရန်အတွက်အကြံပေးနိုင်ရန်
အခွင့်အရေးရှိဖို့လိုအပ်ပါတယ်၊နိုင်ငံရေးဆိုင်ရာဆွေးနွေးပွဲတွေမှာလည်းထိုနည်းလည်းကောင်းပါပဲ။”ဟုကချင်ပြည်နယ်ဒီမိုကရေစီပါတီမှဥက္ကဌဖြစ်သူဒေါက်တာTu Jaမှပြောကြားခဲ့သည်။

နိုင်ငံရေးပါတီများမပါဝင်ပဲနိုင်ငံရေးဆိုင်ရာဆွေးနွေးမှုများမအောင်မြင်နိုင်ပါဘူးဟုပြည်ထောင်စုဖက်ဒရယ်ပါတီမှဒုတိယဥက္ကဌဖြစ်သူစောသန်းမြင့်မှထပ်ပေါင်းပြောကြားခဲ့သည်။

နောက်လတွင်ဆွေးနွေးမှုများပြုလုပ်သောအခါသဘောတူစာချုပ်အပြီးသတ်အခိုင်အမာမဖြစ်သေးချေ။ပါတီအချို့မှအစိုးရသည်သဘောတူစာချုပ်ကိုကတိုက်ကရိုက်ပြုလုပ်မည်ကိုပူပန်မှုရှိခဲ့
သည်။ထိုသို့ကတိုက်ကရိုက်ပြုလုပ်ပါကကနဦးသဘောတူညီမှုများသည်ကာလရှည်ဆွေးနွေးရမည့်ငြိမ်းချမ်းရေးဖြစ်သွားမည်ဖြစ်သည်။