ကေအဲန်ယူတပ်မဟာ(၇)၏ဆောက်လုပ်ပြီးအိမ်ယာစီမံကိန်း၌နေရာချထားရန်မဖြစ်နိုင်သေး

...

ကေအဲန်ယူတပ်မဟာ(၇)၏ဆောက်လုပ်ပြီးအိမ်ယာစီမံကိန်း၌နေရာချထားရန်မဖြစ်နိုင်သေး

Karen News, 20 Aug 2014

URL: http://www.kicnews.org/2014/08/%E1%80%B1%E1%80%80%E1%80%A1%E1%80%B2%E1%80%94%E1%80%B9%E1%80%9A%E1%80%B0-%E1%80%90%E1%80%95%E1%80%B9%E1%80%99%E1%80%9F%
ဘားအံပြည်နယ်အုပ်ချုပ်ရေးမှူးစောအောင်မောင်အေးမှ“KNUတပ်မဟာ(၇)နယ်မြေအတွင်းရှိမော်ဖိုးကေနှင့်မဲ့သရေဒေသများတွင်ဆောက်လုပ်ပြီးစီးပြီဖြစ်သောတန်ဖိုးနည်းအိမ်ယာများတွင်နေ
ထိုင်မည့်သူများအတွက်နေရာချစီ စဉ်ပေးရန်လက်ရှိတွင်မဖြစ်နိုင်သေးကြောင်း၊အဘယ့်ကြောင့်ဆိုသော်အိမ်ယာဆောက်လုပ်ပြီးသော်လည်းရေ၊မီး၊လမ်း၊လုပ်ကိုင်စားသောက်ဖို့နေရာအဆင့်သင့်မ ဖြစ်သေးသည့်အတွက်ဖြစ်ကြောင်း၊ကေအိုင်စီသို့ပြောခဲ့သည်။

လက်ရှိဆောက်လုပ်နေသောအိမ်ယာတွင်မြေကွက်အကျယ်ပေ(၂၀၀-၁၀၀)အကျယ်အဝန်းပေါ်တွင်သွပ်မိုးပျဉ်ထောင်အိမ်အမျိုးအစားဆောက်လုပ်ပေးနေခြင်းဖြစ်ပြီးမြေနေရာအကျယ်အဝန်းမှာအ
နည်းငယ်ကျဉ်းကြပ်နေသည့်အတွက် အဆင်ပြေနိုင်ရန်ဆက်လက်စီစဉ်သွားရမည်ဖြစ်ကြောင်း၎င်းမှထပ်ပေါင်းပြောကြားခဲ့သည်။

KNUတပ်မဟာ(၇)မှဦးဆောင်၍ယခုနှစ်ဧပြီလ(၁)ရက်နေ့ကစတင်ဆောက်လုပ်ခဲ့သည့်မော်ဖိုးကေရှိအိမ်ယာအလုံး(၅၀)မှာဇူလိုင်လ(၁၅)ရက်နေ့ကပြီးစီးသွားခဲ့သော်လည်းမဲ့သရေရှိအိမ်ယာအလုံး
(၅၀)ကိုမူသြဂုတ်လကုန်တွင်အပြီးသတ်ဆောက်လုပ်သွားပြီးနေထိုင်မည့်သူများအတွက်ပြည့်စုံအောင်ဆက်လက်ဆောင်ရွက်သွားမည်ဟုစောအောင်မောင်အေးမှပြောကြားခဲ့သည်။

“အိမ်ဆောက်ပြီးရင်နေချင်တဲ့သူတွေကများတယ်။တကယ့်IDP(ပြည်တွင်းဌာနေမဲ့ဒုက္ခသည်)အစစ်အမှန်လားဆိုတာအဲ့ဒါတွေကိုစီစစ်ပြီးမှနေသင့်နေထိုက်တဲ့သူတွေကိုနေရာချထားပေးမှာပါ”ဟုနေ
ရာချထားရေးကော်မတီမှအဖွဲ့ဝင်တစ်ဦးဖြစ်သူဗိုလ်မှူးကြီးစောဖောဒိုကကေအိုင်စီသို့ပြောကြားခဲ့သည်။

ယခုဆောက်လုပ်နေသောအိမ်ရာများကိုတိုက်ပွဲဖြစ်ပွားမှုများကြောင့်တောထဲတွင်စစ်ပြေးရှောင်အဖြစ်အိမ်ယာမဲ့၊မြေယာမဲ့၊အခြေအနေမဲ့ရွှေ့ပြောင်းရသူများနေထိုင်ရန်ဆောက်လုပ်ပေးထားခြင်းဖြစ် ကြောင်းကေအဲန်ယူတပ်မဟာ(၇)မှပြောခဲ့သည်။