မြဝတီ-မဲဆောက်ချစ်ကြည်ရေးဒုတိယမြောက်တံတားကိုလာမည့်နှစ်တွင်ဆောက်လုပ်မည်

...

မြဝတီ-မဲဆောက်ချစ်ကြည်ရေးဒုတိယမြောက်တံတားကိုလာမည့်နှစ်တွင်ဆောက်လုပ်မည်

Eleven Media, 24 Aug 2014

URL: http://www.elevenmyanmar.com/index.php?option=com_content&view=article&id=7326:second-bridge-to-be-built-from-myawaddy-to-mae-sot-next-year&catid=44:n
ထိုင်းနိုင်ငံနှင့်ထိစပ်နေသောနယ်စပ်ကုန်သွယ်ရေးစခန်းများအနက်ကုန်သွယ်မှုအများဆုံးဖြစ်သည့်မြဝတီနယ်စပ်၌ဒုတိယမြောက်သောင်ရင်းဖြတ်ကျော်တံတားသစ်တစ်​စင်းကိုစတင်ဆောက်
လုပ်ရန်မြန်မာဘက်မှသဘောတူညီလိုက်ပြီဖြစ်သည်။

ဆောက်လုပ်ရေးလုပ်ငန်းများကို၂၀၁၅ခုနှစ်အစောပိုင်းတွင်စတင်ဆောက်လုပ်ရန်မျှော်မှန်းခဲ့ကြပြီးနောက်အကျဆုံးထိုနှစ်ထဲမှာပင်ပြီးစီးမည်ဖြစ်သည်။

မြဝတီကိုဖြတ်သန်းကာထိုင်းနိုင်ငံ၊မဲဆောက်တွင်ပြုလုပ်သည့်အစည်းအဝေးတွင်မြန်မာနှင့်ထိုင်းဘက်မှအင်ဂျင်နီယာများနှင့်အရာရှိများအတွင်းသောကြာနေ့တွင်ပြုလုပ်ခဲ့သည့်အစည်းအဝေး
တွင်နှစ်ဖက်စလုံးမှသဘောတူညီချက်ရရှိခဲ့ပြီးဒုတိယမြောက်ချစ်ကြည်ရေးတံတားကိုလက်ရှိချစ်ကြည်ရေးတံတား၏မြောက်ဘက်တစ်မိုင်ကျော်ခန့်အကွာတွင်အကျယ်လေးလမ်းသွားအဖြစ်
တည်ဆောက်သွားမည်ဖြစ်သည်။ထိုဒုတိယမြောက်ချစ်ကြည်ရေးတံတားအားကုန်စည်စီးဆင်းမှုအတွက်အဓိကထားတည်ဆောက်သွားမည်ဖြစ်သည်။

ထိုင်းဘတ်သုံးသန်းထက်မနည်း(မြန်မာငွေကျပ်၉၁.၄၈ဘီလီယမ်)ထက်မနည်းကုန်ကျမည်ဖြစ်ပြီးခံနိုင်ဝန်အားဖြင့်တန်၁၀၀ရှိမည်ဖြစ်သည်

မြန်မာဘက်မှချဉ်းကပ်လမ်းကိုလည်းထိုင်းဘက်မှလမ်းအတိုင်းအဆင့်မီတည်ဆောက်သွားမည်ဖြစ်သည်။

ထိုင်းအစိုးရဘက်မှတည်ဆောက်ခဲ့သောလက်ရှိသွားလာနေသည့်ပထမဦးဆုံးအကြိမ်ချစ်ကြည်ရေးတံတားကို၁၉၉၇ခုနှစ်သြဂုတ်လ(၁၅)ရက်နေ့တွင်စတင်ဖွင့်လှစ်ခဲ့ပြီး၂၀၀၆ခုနှစ်ဇူလိုင်လ၂၅
ရက်နေ့မှစပြီးတံတားကြံ့ခိုင်မှုကျဆင်းသွားသည့်အတွက်၂၀၁၃ခုနှစ်တွင်See Sameကုမ္ပဏီလီမိတက်မှထိုင်းဘတ်ငွေသန်း(၄၀)အကုန်အကျခံပြုပြင်ခဲ့ရာယခုနှစ်ဇွန်လ(၁)ရက်နေ့တွင်ပြီးစီး
ခဲ့သည်။

ထိုင်းနိုင်ငံတွင်တပ်မတော်မှအာဏာသိမ်းပြီးသည့်နောက်သောင်ရင်းဖြတ်ကျော်လှေဂိတ်များမှကုန်စည်ကူးသန်းပို့ဆောင်မှုကိုအကန့်အသတ်ဖြင့်သာခွင့်ပြုထားခြင်းကြောင့်တံတားပေါ်မှကုန်
စည်သွားလာမှုမြင့်တက်လာခြင်းနှင့်အတူကြံ့ခိုင်ရည်ပြည့်ဝသည့်ဒုတိယမြောက်တံတားတစ်စင်းမဖြစ်မနေလိုအပ်ကြောင်းမြဝတီကုန်သည်များကပြောဆိုသည်။

“အခုအနေအထားအရတံတားပေါ်မှာကုန်တင်ကားတွေရော၊ခရီးသည်ယဉ်တွေပါအမြဲယဉ်ကြောပိတ်ဆို့မှုဖြစ်နေတယ်။ဒုတိယတံတားပြီးရင်တော့ကုန်စည်စီးဆင်းမှုမြင့်တက်လာနိုင်သလိုမြဝတီ
လည်းဒီထက်စည်ကားလာမှာပါ”ဟုနယ်စပ်ကုန်သည်တစ်ဦးကပြောကြားခဲ့သည်။