မြန်မာနိုင်ငံ၏အခြေခံဥပဒေပြင်ဆင်ရေးကော်မတီမှအစီအ​ရင်ခံစာကိုအောက်တိုဘာလအစောပိုင်းတွင်တင်သွင်းမည်

...

မြန်မာနိုင်ငံ၏အခြေခံဥပဒေပြင်ဆင်ရေးကော်မတီမှအစီအ​ရင်ခံစာကိုအောက်တိုဘာလအစောပိုင်းတွင်တင်သွင်းမည်

Eleven Media, 02 Sep 2014

URL: http://www.elevenmyanmar.com/index.php?option=com_content&view=article&id=7405:myanmar-s-constitutional-committee-to-submit-report-in-early-october&ca
၂၀၀၈ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဆင်သည့်ဥပဒေကြမ်းအားအောက်တိုဘာလအစောပိုင်းတွင်တင်သွင်းနိုင်ဖွယ်ရှိကြောင်းနှင့်၎င်းကိုစက်တင်ဘာလ(၄)ရက်နေ့တွင်ပြုလုပ်မည့်အစည်း
အဝေးတွင်အကြံပြုထောက်ခံမည်ဖြစ်ကြောင်းဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအကောင်အထည်ဖော်မှုကော်မတီဝင်ရခိုင်အမျိုးသားပါတီဒုတိယခေါင်းဆောင်ဒေါက်တာအေးမောင်၏ပြော
ကြားချက်အရသိရသည်။

အစီအရင်ခံစာတွင်ကော်မတီဝင်များ၏အ​ပြန်အ​လှန်သုံးသပ်ချက်နှင့်ဆွေးနွေးမှုများပါဝင်မည်ဖြစ်ပြီး၎င်းတို့သည်ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ခြင်းအပေါ်အပြီးသတ်ဆုံးဖြတ်ချက်များချမှတ်မှုကို
ကိုယ်စားပြုမည်မဟုတ်ဟုအမျိုးသားဒီမိုကရေစီအဖွဲ့ကိုယ်စားကော်မတီအဖွဲ့ဝင်ဖြစ်သောလွှတ်တော်ဝင်အောင်ကြည်ညွန့်မှပြောကြားခဲ့သည်။

"အစည်းအဝေးမှာကျွန်တော်တို့အစီရင်ခံစာအကြောင်းကိုဆွေးနွေးခဲ့ပါတယ်။ဆွေးနွေးပွဲပြီးတဲ့နောက်ပိုင်းအစီရင်ခံစာအပေါ်ကျွန်တော်တို့အပြီးသတ်ဆုံးဖြတ်ချက်ပြုလုပ်ပြီးတဲ့အခါမူကြမ်းကို
ပြုလုပ်ပါမယ်။လွှတ်တော်ကဖွဲ့စည်းပုံအခြေခံဥပဒေ​ဘယ်အပိုင်းတွေကိုပြင်ဆင်ရမယ်ဆိုတာနဲ့ပက်သက်ပြီးဆုံးဖြတ်ချက်များကိုစဉ်းစားဆင်ခြင်ပြီးပြင်ဆင်တဲ့ဥပဒေမူကြမ်းကိုပြုလုပ်ပါလိမ့်မယ်။

၂၀၀၈ခုနှစ်အခြေခံဥပဒပုဒ်မ၄၃၆ကိုပြင်ဆင်သည့်လက်မှတ်ရေးထိုးတောင်းဆိုသည့်စည်းရုံးရေးဆင်းလှုပ်ရှားမှုများကိုNLDနှင့်၈၈မျိုးဆက်သစ်ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့ဘောင်အဖွဲ့တို့မှပူး
တွဲဆောင်ရွက်ခဲ့ပြီးနိုင်ငံတစ်ဝှမ်းလက်မှတ်ပေါင်း(၅)သန်းစုစည်းနိုင်ခဲ့သည်။

“ပုဒ်မ၄၃၆အစပိုင်းတွင်ပါဝင်တဲ့အခန်း(၁၂)ခန်းခန့်ကိုကော်မတီဝင်(၃၁)ဦးကပထမဆုံးအကြိမ်အစည်းအဝေးပြုလုပ်ဆွေးနွေးခဲ့ပါတယ်၊အဲ့ဒီအစည်းအဝေးမှာကော်မတီဝင်များအပေါ်ပုဒ်မ၄၃၆
နဲ့​ပက်သက်ပြီးဘာအတွက်လုပ်ရမယ်ဆိုရတာကိုသက်ရောက်မှုရှိစေပါတယ်။ကမ်ပိန်းမတိုင်မီကပဲကျွန်တော်တို့ဆွေးနွေးပြီးနှင့်ပါပြီ။ပြည်သူ(၅)သန်းရဲ့ဆန္ဒနဲ့အစည်းဝေးမှာကော်မတီရဲ့အစပိုင်း
ဆွေးနွေးမှုများကြားမှာမည်သည့်ကွာခြားမှုမျိုးကိုမဆိုအဲ့ဒီ့အပေါ်မှာမူတည်နေပါလိမ့်မယ်။အရမ်းကြီးတော့ကွာခြားမှုများမှာမဟုတ်ဘူးလို့ကျွန်တော်ပြောနိုင်ပါတယ်”ဟုဒေါက်တာအေးမောင်က
ဆိုသည်။