နယူးဇီလန်နိုင်ငံတွင်ဘဝအစပျိုးသောမြန်မာဒုက္ခသည်များအားကူညီစောင်မခြင်း

...

နယူးဇီလန်နိုင်ငံတွင်ဘဝအစပျိုးသောမြန်မာဒုက္ခသည်များအားကူညီစောင်မခြင်း

Irrawaddy News, 18 Aug 2014

URL: http://www.irrawaddy.org/interview/helping-burmese-refugees-start-new-lives-new-zealand.html
လူဦးရေကျဲပါးသောနယူးဇီလန်နိုင်ငံသည်မြန်မာဒုက္ခသည်များအား ၎င်းတို့၏စောင့်ဆိုင်းနေသောကာလကိုလက်ခံခြင်းအားဖြင့်ခေါ်ယူခြင်းပြုခဲ့သည်။

ထိုင်းမြန်မာနယ်စပ်ဒုက္ခသည်စခန်းမှမြန်မာလူမျိုး၂၀၀၀ခန့်သည်ယခုအခါနိုင်ငံသား၄.၄သန်းရှိသောကျွန်းတွင်နေထိုင်လျက်ရှိသည်။

ဝယ်လင်တန်မြို့တော်တွင်အနှစ်၃၀ကျော်နေထိုင်ခဲ့သောကရင်အမျိုးသမီးအယ်နီခို့တ်ခ်သည်ကမ္ဘာ့တောင်ဘက်ခြမ်း၏ဘဝလူနေမှုနှင့်လိုက်လျောညီထွေညှိနှိုင်းပြောင်းလဲရန်အတွက်၎င်းတို့
အားကူညီနေသည်။ဒုက္ခသည်လူထုအသိုင်းအဝိုင်း၏ကျန်းမာရေး၊ပညာရေးနှင့်အခြားသောလူမှုရေးဆိုင်ရာအကြောင်းအရာများနှင့်ပက်သက်၍လုပ်ကိုင်နေပါသည်။၂၀၀၉ခုနှစ်တွင်သူမ၏
လုပ်ဆောင်မှုအားအသိအမှတ်ပြုသည့်အနေဖြင့်ဝန်ကြီးချုပ်၏လူမှုရေးဆိုင်ရာသူရဲကောင်းဆုတံဆိပ်ကိုသူမသည်လက်ခံရရှိခဲ့သည်။

သူမသည်ယခင်ကအပြောင်းအလဲပြုလုပ်သူများဒုက္ခသည်အဖွဲ့နှင့်အလုပ်လုပ်ခဲ့ပြီးယခုအခါခို့တ်စ်သည်သီးခြားလုပ်ကိုင်နေပြီဖြစ်သည်။သူမသည်စေတနာ့ဝန်ထမ်းအနေဖြင့်ဒုက္ခသည်များ
အားအင်္ဂလိပ်စာသင်ကြားပေးခြင်း၊အလုပ်အကိုင်ရှာဖွေပေးခြင်းနှင့်ကလေးကူထိန်းပေးခြင်းများကိုတောင်ကူညီခဲ့ပါသည်။ဧရာဝတီမှဝယ်လင်တန်တွင်ခို့တ်စ်၏နယူးဇီလန်ရှိမြန်မာအသိုင်း
အဝိုင်းအားကူညီထောက်ပံ့အခန်းကဏ္ဍနှင့်ပက်သက်၍တွေ့ဆုံမေးမြန်းခဲ့ပါသည်။

မေး - နယူးဇီလန်ကမြန်မာဒုက္ခသည်တွေကိုဘယ်လိုကူညီနေပါသလဲ?

ဖြေ - ကျွန်မအရင်ကအလုပ်တွေအများကြီးလုပ်ခဲ့ပါတယ်၊၂၀၀၀ခုနှစ်များမှာမြန်မာဒုက္ခသည်များနယူးဇီလန်ကိုစတင်လာခဲ့ကြပါတယ်။အဲ့ဒီ့အချိန်တုန်းကသူတို့ကိုကူညီဖို့ကျွန်မခွင့်ယူခဲ့
ပါတယ်။သူတို့အိမ်ငှားတာတွေ၊ကျန်းမာရေးနဲ့ပက်သက်တာတွေစတဲ့အကြောင်းအရာတွေကိုကူညီခဲ့ပါတယ်။ဘာကြောင့်လဲဆိုတော့အဲ့ဒီ့အချိန်တုန်းကကီဝီ(နယူးဇီလန်နိုင်ငံသား)တွေနဲ့ ဆက်သွယ်ဖို့ဘာသာစာကားဆိုင်ရာအခက်အခဲတွေရှိခဲ့ပါတယ်။ဥပမာအားဖြင့်လူမှုရေးဆိုင်ရာပံ့ပိုးကူညီပေးတဲ့အနေနဲ့သူတို့ကလေးတွေကိုညအိပ်ညနေထိန်းပေးခဲ့ပါတယ်။အမှန်တကယ် တော့ကျွန်မဟာလူမှုရေးဆိုင်ရာကျွမ်းကျင်ဝန်ထမ်းတစ်ယောက်မဟုတ်ပါဘူး။ဒါပေမယ့်ကူညီစောင်မတဲ့အနေနဲ့ကျွန်မကူညီပေးခဲ့ခြင်းသာဖြစ်ပါတယ်။

သူတို့ထဲကအများစုဟာငယ်ရွယ်သူတွေဖြစ်ပြီးနယူးဇီလန်မှာဆွေမျိုးဇာတိမရှိကြပါဘူး၊ဒါကြောင့်ကျွန်မဟာအလိုလိုနေရင်းနဲ့သူတို့ရဲ့အမေဒါမှမဟုတ်အဖွားဖြစ်သွားခဲ့ပါတယ်။ဒီမှာကျွန်မ ကြည့်ရှု့စောင့်ရှောက်ထားတဲ့ကလေး(၃၈)ယောက်ရှိပါတယ်။နောက်ပြီးဒီမှာနေထိုင်တဲ့သူတွေရဲ့ဇနီး၊ခင်ပွန်းသည်တွေဒီကိုလာဖို့ပြည်ဝင်ခွင့်ဗီဇာလျောက်ကြတဲ့မြန်မာအချို့ ကိုထောက်ခံပေး ခြင်းဖြင့်ကူညီပေးနေပါတယ်။

မေး- နယူးဇီလန်မှာမြန်မာဘယ်နှစ်ယောက်လောက်နေထိုင်ပါသလဲ။သူတို့အားလုံးထိုင်း-မြန်မာနယ်စပ်ဒုက္ခသည်စခန်းကလာတဲ့ဒုက္ခသည်တွေပဲလား။

ဖြေ- ဒီမှာမြန်မာအယောက်နှစ်ထောင်လောက်နီးပါးနေထိုင်ကြပါတယ်။များသောအားဖြင့်သူတို့ဟာအကြီးဆုံးမြို့ဖြစ်တဲ့အုတ်ကလဲန်မှနေထိုင်ကြပါတယ်။နောက်ပြီးနယ်စလန်မှာလဲနေကြ
ပါတယ်။သူတို့အများစုဟာထိုင်း-မြန်မာနယ်စပ်မှာကြီးပြင်းလာတာပါ။မြန်မာနိုင်ငံကကရင်တိုင်းရင်းသားနဲ့ကယား(ကရင်နီ)တို့ဖြစ်ကြပါတယ်။ဒါပေမယ့်တရုတ်လူမျိုးနဲ့ရခိုင်(အာရကန်) တွေကတော့မလေးရှားနိုင်ငံကနေလာကြတာပါ။

သူတို့ဟာဒီမှာရှိတဲ့အလုပ်လာရှာတဲ့စီးပွားရေးနဲ့ဆိုင်တဲ့ဒုက္ခသည်တွေဖြစ်နိုင်ပါတယ်။ဒါပေမယ့်သူတို့ဒီကိုပြည်ဝင်ခွင့်ဗီဇာမရှိပဲလာကြတာ၊မလေးရှားနိုင်ငံမှာအကျင့်ပျက်လာဘ်စားမှုတွေ
အများအပြားရှိတယ်။တကယ်လို့တစ်ယောက်ယောက်ကမလေးရှားရဲရဲ့အဖမ်းခံရရင်၊UNHCRကသူတို့ကိုဒုက္ခသည်ကဒ်ပြားထုတ်ပေးတယ်။ဒါကြောင့်တချို့ဟာလိုလိုလားလားနဲ့ရဲတွေ
သူတို့ကိုဖမ်းဖို့အတွက်လာဘ်ပေးကြပါတယ်။ဒါမှသူတို့ဒုက္ခသည်ကဒ်ပြားကိုအလွယ်တကူရပြီးဒီကိုလာနိုင်ကြမှာဖြစ်တယ်။မလေးရှားနိုင်ငံမှာတရားဝင်ဒုက္ခသည်စခန်းတွေမရှိဘူး၊ဒါပေ မယ့်မြန်မာအချို့ကိုထိန်းသိမ်းတဲ့အချုပ်တွေတော့ရှိတယ်။

မေး-အစ်မအနေနဲ့ဒုက္ခသည်အားလုံးကိုကူညီထောက်ပံ့နေသလား။ဒါမှမဟုတ်နယူးဇီလန်ကိုလာတဲ့မြန်မာဒုက္ခသည်အရေအတွက်ကိုပဲရွေးပြီးကူညီတာလား။

ဖြေ-ကျွန်မဟာသူတို့ကိုလူသားချင်းစာနာထောက်ထားတဲ့လူမှုရေးရာဆိုင်ရာလှုပ်ရှားမှုကနေတဆင့်ကူညီနေပါတယ်။နိုင်ငံရေးနဲ့ဆိုင်တဲ့အစီအစဉ်မဟုတ်ပါဘူး။ကျွန်မဟာအကူအညီလိုအပ် နေတဲ့ဘယ်သူ့ကိုမဆိုကူညီထောက်ပံ့ပါတယ်။သူတို့ကိုကျွန်မရဲ့ကိုယ်ပိုင်ငွေသုံးပြီးကူညီပါတယ်။ကျွန်မယဉ်ကျေးမှုနှစ်ခုကြားကဒုက္ခသည်တွေကိုဝန်ဆောင်မှုပေးတဲ့အလုပ်မှာလုပ်တုန်းကသူ
တို့ကိုကူညီဖို့အတားအဆီးတွေရှိခဲ့ပါတယ်။ဒုက္ခသည်တွေစိတ်ပိုင်းဆိုင်ရာနဲ့ဆက်စပ်နေတဲ့ခြိမ်းခြောက်မှုတွေကိုကူညီဖို့လုပ်တဲ့အခါတားဆီးပိတ်ပင်တာမျိုးတွေလိုပေါ့။ဒါကြောင့်ကျွန်မစာချုပ်
ပြီးသွားတဲ့နောက်ပိုင်းဒုက္ခသည်တွေကိုကိုယ့်ဟာကိုလွတ်လွတ်လပ်လပ်ကူညီကူညီထောက်ပံ့ဖို့ဆုံးဖြတ်ခဲ့တာပါ။

မေး - ဒီဒုက္ခသည်တွေဟာနယူးဇီလန်နိုင်ငံသားတွေဖြစ်လာနိုင်သလား။

ဖြေ - သူတို့ဟာအမြဲတမ်းနေထိုင်ခွင့်အဆင့်ကိုရထားတဲ့သူတွေပါ။နောင်(၅)နှစ်ဆိုရင်သူတို့ဟာနိုင်ငံသားလျှောက်လို့ရပါပြီ။သူတို့နိုင်ငံသားအဆင့်ရရှိပြီးတဲ့အခါတချို့တွေဟာအဲဒါကိုအခွင့်
အရေးယူပြီးသြစတြေးလျနိုင်ငံကိုပြောင်းရွှေ့သွားကြပါတယ်။

မေး-ဒီမှာရှိတဲ့မြန်မာဒုက္ခသည်တွေအတွက်အလုပ်အကိုင်အခွင့်အလမ်းနဲ့ပက်သက်ပြီးဘယ်လိုရှိပါသလဲ။

ဖြေ- ဒီမှာသူတို့အတွက်လုပ်အကိုင်ရှာဖွေပေးတဲ့အေဂျင်စီတွေအများကြီးရှိပါတယ်။သူတို့နယူးဇီလန်ကိုရောက်ပြီးနောက်သူတို့ဟာယဉ်ကျေးမှုဓလေ့ထုံးစံနဲ့ပက်သက်တဲ့သိသင့်သိထိုက်တာ
တွေကိုမိတ်ဆက်ပေးပါတယ်။သူတို့ဟာအင်္ဂလိပ်စာသင်ကြားခြင်းခံရပြီးကျွမ်းကျင်မှုစစ်ဆေးခြင်းခံရပါတယ်။တကယ်လို့သူတို့ဟာမလေးရှားတုန်းကဒါမှမဟုတ်ထိုင်းနိုင်ငံတုန်းကသူတို့ရဲ့
နောက်ကြောင်းရာဇဝင်(ပညာအရည်အချင်းနဲ့အလုပ်အကိုင်ရာဇဝင်ကဲ့သို့သော)တွေကိုတင်ပြနိုင်ရင်အလုပ်ရဖို့လွယ်ကူပါတယ်။ဒါပေမယ့်တချို့လူတွေဒီမှာအလုပ်တစ်ခုရဖို့အခက်အခဲတွေရှိ
တုန်းပါပဲ။ဒီမှာအလုပ်အကိုင်လစ်လပ်နေတာတွေအများကြီးရှိနေပေမယ့်လည်းပြဿနာကတော့ဘာသာစကားအခက်အခဲပါပဲ။တချို့လူတွေကအလုပ်လုပ်ရင်းတချိန်တည်းစာသင်ဖို့ပါအခွင့် အရေးတွေရကြတယ်။သူတို့ကြိုးစားနေသရွေ့သူတို့တွက်ဒီမှာနေတာကောင်းနေမှာပါပဲ။

မေး- ရိုဟင်ဂျာဒုက္ခသည်တွေလည်းနယူးဇီလန်ကိုလာကြတယ်ဆိုတာဟုတ်ပါသလား။

ဖြေ- ကျွန်မလည်းဒါကိုကြားခဲ့ပါတယ်။ဒါပေမယ့်ဝယ်လင်တန်မှာတော့တယောက်မှမရှိဘူး။တချို့ဟာထိုင်း-မြန်မာနယ်စပ်မှာဒုက္ခသည်အနေနဲ့အကြာကြီးနေထိုင်ခဲ့ကြတယ်။သူတို့ဟာယူအဲန် စာရင်းထဲမှာကရင်လူမျိုးလို့မှတ်ပုံတင်ခဲ့ပေမယ့်သူတို့ရဲ့သက်သေခံကဒ်ပြားပေါ်ကသူတို့ရဲ့နာမည်တွေကမူဆင်လင်အမည်တွေဖြစ်တယ်။ဘာပဲဖြစ်ဖြစ်သူတို့ဟာကရင်စကားကိုကောင်းကောင်း
ပြောနိုင်ကြတယ်။