(UNFC)ထိပ်တန်းတာဝန်(၂)ခု(KNU)အတွက်လျာထားချန်လှပ်

...

(UNFC)ထိပ်တန်းတာဝန်(၂)ခု(KNU)အတွက်လျာထားချန်လှပ်

Democratic Voice of Burma, 03 Sep 2014

URL: https://www.dvb.no/news/unfc-opens-2-top-positions-for-knu-burma-myanmar/43801
ကရင်အမျိုးသားအစည်းအရုံး(KNU)ကညီညွတ်သောတိုင်းရင်းသားလူမျိုးများ​ဖယ်ဒရယ်ကော်စီ(UNFC)ကွန်ဂ​ရက်ကနေထွက်ခွာသွားသလို(UNFC)အဖွဲ့ဝင်အဖြစ်ကနေယာယီဆိုင်းငံ့ပေ
မယ့်(UNFC)အဖွဲ့ဝင်ထိပ်တန်းတာဝန်နေရာ​ကို​ကရင်အမျိုးသားအစည်းအရုံးအတွက်လျာထားချန်​လှပ်ခဲ့ပါတယ်။

ညီလာခံကိုထိုင်းနိုင်ငံ၊ချင်းမိုင်မြို့မှာသြဂုတ်လ(၂၅)ရက်နေ့မှစက်တင်ဘာလ(၂)ရက်နေ့ည(၉)နာရီအထိ(၇)ရက်ကြာကျင်းပပြီးမှအဆုံးသတ်တာဖြစ်ပြီးညီညွတ်သောတိုင်းရင်းသားဖက်ဒရယ်
ကောင်​စီရဲ့ပထမအကြိမ်အ​စည်း​အ​ဝေး​ကနေတိုင်းရင်းသားတွေလိုလားတဲ့ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအောင်မြင်သည်အထိကြိုးပမ်းသွားမည်လို့ဆုံးဖြတ်ထားကြေညာလိုက်ပါ
တယ်။

၂၀၁၄ခုနှစ်ကနေ၂၀၁၆ခုနှစ်သက်တမ်းအတွက်ညီလာခံကနေဖက်ဒရယ်ကောင်​စီ(၄၂)ဦးကိုရွေးချယ်ခဲ့သလိုဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင်(၁၂)ဦးကိုထပ်မံရွေးချယ်ခဲ့ပ။သည်။

(UNFC)၏ဗဟိုအလုပ်မှုဆောင်အဖွဲ့မှာ(UNFC)ကနေယာယီဆိုင်းငံ့ထားတဲ့ကရင်အမျိုးသားအစည်းအရုံးအတွက်(၂)နေရာချန်ထားလှပ်ထားခဲ့ပါတယ်။

ညီလာခံကနေဥက္ကဌအဖြစ်ဒုတိယဗိုလ်ချုပ်ကြီးအင်ဘာလ၊ဒုတိယဥက္ကဌ(၁)အဖြစ်နိုင်ဟံ​သာ၊ဒုဥက္ကဌ(၂)အဖြစ်(KNUအတွက်လျာချန်ထား)အထွေထွေအတွင်း​ရေးမှူးခူးဦးရယ်၊တွဲဖက်အတွင်း​ရေးမှူး(၁)အဖြစ်ခွန်ဥက္ကာ၊ တွဲဖက်အတွင်း​ရေးမှူး(၂)အဖြစ်ဆလိုင်းထလာဟေးကိုရွေးကောက်တင်မြှောက်ခဲ့ပါသည်။

ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင်အဖြစ်ဒေါက်တာလားဂျာ၊ဗိုလ်ချုပ်ဘီထူး၊ဒူဝါဘွန်ဝမ်လာရော်၊စပ်စိုင်းထူး၊ဒေါက်တာခင်မောင်နဲ့(KNUအတွက်ချန်ထား)တို့ဖြစ်ပါတယ်။

မူလကသြဂုတ်လ(၂၅)ရက်နေ့ကနေ(၂၈)ရက်နေ့အထိ(၄)ရက်ကြာကျင်းပဖို့ဖြစ်ပေမယ့်​ညီလာခံအတွင်းဆွေးနွေးမှုတွေမပြီးပြတ်တာကြောင့်(၇)ရက်အထိကြာမြင့်ခဲ့ရပါတယ်။

ညီလာခံကနေထွက်သွားသလို(UNFC)အဖွဲ့ဝင်အဖြစ်ကနေယာယီရပ်ဆိုင်းလိုက်တယ်ဟု​ကြေညာခဲ့သည်​။ဒီဖြစ်ပျက်​မှု​အပေါ်(KNU)ဒုတိယဥက္ကဌနော်စီဖိုးရာစိန်ကညီလာခံကိုပေးပို့တဲ့စာထဲ
မှာ(UNFC)ဖွဲ့စည်းပုံနဲ့ပတ်သက်လို့(KNU)ကိုယ်စားလှယ်တွေကသဘောထားမတူညီခြင်းနဲ့ဖက်ဒရယ်ကောင်စီဝင်ကိုယ်စားလှယ်ရွေးချယ်ပေးပို့နိုင်ခြင်းမရှိတဲ့အပေါ်(KNU)အတွင်ပြန်လည် ညှိနှိုင်းသွားမယ်လို့ဖေါ်ပြထားပါတယ်။

ညီလာခံနှောက်နှင်းကြန့်ကြာသွားတဲ့အပေါ်ကိုလည်း(KNU)ကိုယ်စားသူကတောင်းပန်ထားပါတယ်။(KNU)ဗဟိုကစက်တင်ဘာလ(၁)ရက်နေ့ရက်စွဲနဲ့ထုတ်ပြန်တဲ့သဘောထားကြေညာချက် မှာတော့(UNFC)အဖွဲ့ကနေ(KNU)ကယာယီဆိုင်းငံ့ထားမှာဖြစ်ကြောင်းထုတ်ပြန်ခဲ့ပါတယ်။(KNU)ခေါင်းဆောင်ပိုင်းအနေနဲ့(UNFC)အဖွဲ့ကနေနှုတ်ထွက်သင့်မသင့်ကိစ္စကိုဒီကြားကာလမှာ (UNFC)အစည်းအဝေးတွေ၊လှုပ်ရှားမှုတွေနဲ့ဆုံးဖြတ်ချက်ချတဲ့အပိုင်းတွေမှာပါဝင်မှာမဟုတ်ဘူးလို့ကြေညာခဲ့ပါတယ်။

လာမည့်သီတင်းပတ်အတွင်းမှာ(KNU)ကိုယ်စားလှယ်အဖွဲ့နဲ့(KNU)ဗဟိုအလုပ်မှုဆောင်ကော်မတီတွေတွေ့ဆုံဖို့ရှိပြီး(UNFC)ထဲမှာ(KNU)ဆက်ပါရေးမပါရေးသုံးသပ်သွားမယ်လို့ဆိုပါတယ်။

(UNFC)ကနေဆိုင်း​ငံ့တဲ့အတွက်တပြည်လုံးအပစ်ခတ်ရပ်စဲရေးအချိန်ဇယားကိုထိခိုက်စေမှာမဟုတ်ဘူး၊(NCCT)မှာဆက်လက်ကိုယ်စားပြုဆောင်ရွက်သွားမယ်လို့ဆိုပါတယ်။

(KNU)အနေနဲ့သီးသန့်ခွဲထွက်ပြီးမြန်မာအစိုးရနဲ့တနိုင်ငံလုံးဆိုင်​ရာ​အပစ်ခတ်ရပ်စဲရေးလက်မှတ်ထိုးမှာမဟုတ်ဘူးလို့ဖေါ်ပြပါတယ်။

ဒီကွန်ဂရက်မှာဖြစ်ပျက်ခဲ့တာတွေနဲ့ပတ်သက်လို့(UNFC)ဥက္ကဌဗိုလ်အင်ဘန်လကဒါဟာညီညွတ်ရေးပျက်ပြားသွားတာမဟုတ်ဘူးလို့ဖြေဆိုပါတယ်။

“မညီညွတ်တာမဟုတ်ဘူး။ကျတော်တို့ကနဖူးတိုက်ဒူး​တိုက်​ဆွေးနွေးတာပဲဖြစ်တယ်။မညီညွတ်တာလို့ပြောလို့မရဘူး။ကြေကြေညက်​ညက်​ဆွေး​နွေး​ကြတာဖြစ်တယ်”လို့ပြောပါတယ်။(KNU)
ကိုအဖွဲ့ဝင်အဖြစ်ပြန်လည်ပါ​ဝင်​လာအောင်ကြိုးပမ်းလုပ်ရမယ်လို့သူကပြောပါတယ်။

“ဒါသူတို့ပြန်လာအောင်လုပ်ရမှာပဲ။သူတို့ကလုံးဝနှုတ်ထွက်သွားတာမဟုတ်ဘူး။သူတို့တင်ပြတဲ့မူကြမ်းနဲ့သက်ဆိုင်မှုမရှိလို့ယာယီထွက်ခွာသွားတာပဲဖြစ်တယ်။အမြဲတမ်းထွက်သွားတာတော့မ
ဟုတ်ဘူး။သူတို့ဗဟိုမှာပြန်ဆွေးနွေးပြီးတော့အဖွဲ့ဝင်အဖြစ်ဘယ်လိုပြန်ဝင်လာမလဲတော့မသိဘူး။ဝင်တော့ဝင်လာမှာပဲ။”

(UNFC)အဖွဲ့ဝင်နေနဲ့အဖွဲ့ဝင်တွေအပေါ်ဆုံးဖြတ်ချက်ချနိုင်တဲ့အချုပ်အခြာအာဏာပိုင်အဖွဲ့အစည်းတခုလိုဆောင်ရွက်နေတာကိုလက်မခံနိုင်တာကြောင့်ပူးပေါင်းဆောင်ရွက်လုပ်ကိုင်တဲ့အခြေ
အနေမျိုးပြောင်းလဲကျင့်သုံးမှုကိုလိုလားတယ်လို့(KNU)ထုတ်ပြန်ပါတယ်။

ဒီအချက်နဲ့ပတ်သက်ပြီးဒုတိယဗိုလ်ချုပ်ကြီးအင်ဘန်လက“တယောက်နဲ့တယောက်တဖွဲ့နဲ့တဖွဲ့အမြင်မတူကြတာပဲ​ဖြစ်တယ်။တကယ်တော့ဘာမှခွဲခြားတာမရှိဘူး။တကယ့်အာဏာရှင်ဆန်တယ်
ဆိုရင်တော့ကျန်တဲ့အဖွဲ့ တွေလဲနုတ်ထွက်သွားမှာပဲ”ဟု​ပြော​သည်​။

ဒီအချက်နဲ့ပတ်သက်လို့(UNFC)အထွေထွေအတွင်း​ရေးမှူးခူးဦးရယ်ကိုမေးမြန်းတဲ့အခါသူက“ဒါဟာသူတို့မြင်နေတဲ့အမြင်ပါ။(UNFC)မှာအဲဒီလိုမရှိပါဘူး။အခုလည်းဘယ်အဖွဲ့အစည်းကမှ
ထိန်းချုပ်တာမျိုးမရှိပါဘူး။ထိန်းချုပ်တယ်ဆိုတာတချို့ကိစ္စတွေမှာအထင်အမြင်ရှိကောင်းရှိမှာပေါ့လေ။မူပိုင်းနဲ့တော့ထိန်းချုပ်တာမျိုးရှိမယ်လို့တော့မထင်ပါဘူး။ကျန်တဲ့အဖွဲ့အစည်းတွေလဲအဲဒီ
အတိုင်းဘဲခံစားရတယ်။ထိန်းချုပ်တယ်လို့တော့မဟုတ်ဘူး”ဟု​ပြော ကြား​ခဲ့​သည်။​

မဟာမိတ်တပ်ပေါင်းစုတွင်​နှစ်ပေါင်း(၃၀)ကျော်ထိပ်တန်းတာဝန်ထမ်းရွက်ခဲ့သူ၊ကွန်ဂရက်ကိုလေ့လာသူအဖြစ်တက်ရောက်တဲ့ရခိုင်လွတ်မြောက်ရေး​ပါတီဒုတိယဥက္ကဌဦးခိုင်စိုးနိုင်အောင်ကို မေးကြည့်ရာငြိမ်းချမ်းရေးဖြစ်စဉ်ကိုထိခိုက်ဖွယ်မရှိဘူးလို့ပြောသည်။​

“ညီလာခံ(KNU)ကိုယ်စားလှယ်နုတ်ထွက်သွားတာနဲ့ပတ်သက်လို့ညီညွတ်မှုကိုထိခိုက်တယ်လို့တော့မြင်တယ်။

ညီညွတ်မှုကိုထိခိုက်ပေမယ့်ညီညွတ်ရေးကိုပြန်လည်ကောင်းအောင်ဆောင်ရွက်ရမယ့်နည်းလမ်းတွေတော့ရှိပါတယ်။(KNU)ထွက်သွားခြင်းဖြင့်ငြိမ်းချမ်းရေးမှာထိခိုက်မှုမရှိဘူးလို့မြင်တယ်။

ဘာကြောင့်လဲဆိုတော့ငြိမ်းချမ်းရေးနဲ့သွားနေတာကတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များရဲ့​တပြည်လုံးအပစ်ခတ်ရပ်စဲရေးဆိုင်ရာညှိနှိုင်းရေးအဖွဲ့(NCCT)ဖြစ်တယ်။(NCCT)မှာ(KNU)
ပါတယ်။အခြားအဖွဲ့အစည်းတွေလဲပါတယ်။(UNFC)နဲ့(NCCT)ကခွဲပြီးလုပ်နေတာရှိတယ်။ဒါကြောင့်ငြိမ်းချမ်းရေးကိုမထိခိုက်နိုင်ဘူးလို့​မြင်မိတယ်။”

(UNFC)ကို၂၀၁၁ခုနှစ်ဖေဖေါ်ဝါရီလမှာစတင်ဖွဲ့စည်းခဲ့တယ်။ အခုကျင်းပပြီးတဲ့(UNFC)ကွန်ဂရက်ကိုအဖွဲ့ဝင်(၁၂)ဖွဲ့အပြင်ဆက်စပ်အဖွဲ့အစည်းတွေကကိုယ်စားလှယ်အယောက်(၉၀)တက်
ရောက်ခဲ့ပါတယ်။ဒီကွန်ဂရက်မှာပြည်တွင်းကလာရောက်တဲ့တိုင်းရင်းသားနဲ့ဒီမိုက​ရေစီအင်အားစုတွေကိုသြဂုတ်လ(၂၉)ရက်နေ့နဲ့(၃၀)ရက်နေ့တွေမှာတွေ့ဆုံဆွေးနွေးအမြင်ချင်းဖလှယ်နိုင်ခဲ့
ကြပြီးဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးကိုထပ်မံသဘောတူညီခဲ့ကြပါတယ်။ကွန်ဂရက်ရဲ့ဆုံးဖြတ်ချက်တွေနဲ့ရှေ့ဆက်လုပ်ငန်းတွေကိုစက်တင်ဘာလ(၃)ရက်နေ့တွင်ရှင်းလင်းပြောဆို သွားမှာဖြစ်တယ်။