ကယန်းဒေသအတွင်းရွေးကောက်ပွဲဆိုင်ရာကြိုတင်ပြင်ဆင်မှုများပြုလုပ်နေ

...

ကယန်းဒေသအတွင်းရွေးကောက်ပွဲဆိုင်ရာကြိုတင်ပြင်ဆင်မှုများပြုလုပ်နေ

kantarawaddy, 21 Aug 2014

URL: http://www.ktimes.org/index.php/news/1011-2014-08-21-06-18-07
လာမည့်၂၀၁၅ရွေးကောက်ပွဲကိုကြိုတင်ပြင်ဆင်သည့်အနေဖြင့်ကယန်းမျိုးဆက်သစ်လူငယ်အဖွဲ့(KNGY)ကဦးဆောင်ပြီးကယန်းဒေသများအတွင်းရွေးကောက်ပွဲဆိုင်ရာသင်တန်းများကိုသြဂုတ်
လ(၂၂)ရက်နေ့မှ(၂၅)ရက်နေ့အထိသုံးရက်တာပြုလုပ်သွားမည်ဖြစ်ကြောင်းKNGYလက်အောက်မှနိုင်ငံရေးနှင့်လူ့အခွင့်အရေးကော်မတီအဖွဲ့ဝင်ကိုကိုကြီးကဆိုသည်။

“လာမယ့်၂၀၁၅ရွေးကောက်ပွဲကျရင်သူတို့သိလာအောင်ပေါ့နော်၊ပြီးတော့သူတို့ပါဝင်ပူးပေါင်းလာအောင်ကျွန်တော်တို့အဓိကဒီရွေးကောက်ပွဲနဲ့ပက်သက်တဲ့လုပ်ငန်းစဉ်လေးတွေပေးသွားမယ်”ဟု
ကိုကိုကြီးကဆိုသည်။

ရွေးကောက်ပွဲဆိုင်ရာသိမှတ်ဖွယ်များအပြင်ဒီမိုကရေစီ၊လူ့အခွင့်အရေးနှင့်မြန်မာနိုင်ငံ၏အခြေခံဥပဒေဆိုင်ရာသိမှတ်ဖွယ်ရာများကိုလည်းသုံးရက်ကြာပြုလုပ်သွားမည်ဖြစ်သည့်ထိုသင်တန်းတွင်
ထည့်သွင်းပို့ချသွားမှာဖြစ်ကြောင်းကိုကိုကြီးကဖြည့်စွက်ပြောကြားသွားသည်။ပြီးတော့မှ“ကျွန်တော်တို့မြန်မာနိုင်ငံကျင့်သုံးနေတာကဒီမိုကရေစီနော်၊ဒါပေမယ့်ပြည်သူလူထုတွေနားလည်သိတတ်
မှုကအရမ်းအားနည်းနေတယ်”ဟုပြောသည်။

သင်တန်းတက်ရောက်ရန်အတွက်ကန့်သတ်ထားမှုများမရှိသော်လည်းဝမ်းစာအတွက်ရုန်းကန်နေရသောဒေသခံများ၏အခက်အခဲများကြောင့်ကယန်းဒေသဇုံတစ်ခုစီရှိစည်းရုံးရေးတာဝန်ခံလူငယ်
များကိုသာဖိတ်ကြားပို့ချသွားမည်ဖြစ်ကြောင်းသိရသည်။

ထိုသင်တန်းမှရရှိသောအချက်အလက်များ၊အကြောင်းအရာများကိုထိုသင်တန်းတက်ရောက်သူလူငယ်တာဝန်ခံများမှတဆင့်မိမိတို့တာဝန်ခံဇုံရှိပြည်သူလူထုများထံ​သို့ပြန်လည်ပို့ချသွားနိုင်ရန်စီစဉ် ထားသည်ဟုသိရသည်။ယခုလိုရွေးကောက်ပွဲဆိုင်ရာပညာပေးသင်တန်းများကိုမိမိတို့ကယန်းဒေသတစ်ခုလုံးတွင်ဆက်လက်အသိပေးပြုလုပ်သွားမည်ဟုကိုကိုကြီးကပြောသည်။