နိုင်ငံရေးဆွေးနွေးပွဲမူဘောင်ဆိုင်ရာမူတစ်ခုတည်းရရှိရေးအတွက်နိုင်ငံရေးပါတီများပူးပေါင်းလုပ်ဆောင်ရန်သဘောတူ

...

နိုင်ငံရေးဆွေးနွေးပွဲမူဘောင်ဆိုင်ရာမူတစ်ခုတည်းရရှိရေးအတွက်နိုင်ငံရေးပါတီများပူးပေါင်းလုပ်ဆောင်ရန်သဘောတူ

Eleven Media, 15 Sep 2014

URL: http://www.elevenmyanmar.com/index.php?option=com_content&view=article&id=7562:political-parties-agree-to-cooperate-on-framework-for-peace-talks&catid
အဝေးမှာကျွန်တော်တို့မူဘောင်ကိုပြုစုခဲ့ပါတယ်။နိုင်ငံရေးပါတီများမှာမူဘောင်များပိုမိုရှိပါလိမ့်မယ်။ကျွန်တော်တို့နိုင်ငံရေးပါတီတခုတည်းအတွက်စိတ်ဝင်စားအောင်လုပ်ခြင်းမဟုတ်ပဲမူဘောင်
တခုတည်းရရှိအောင်ကျွန်တော်တို့အကောင်းဆုံးလုပ်ဆောင်နေပါတယ်”ဟုဇိုဇမ်းကပြောသည်။

လက်နက်ကိုင်အဖွဲ့များနှင့်ပြည်ထောင်စုအစိုးရကြားနိုင်ငံရေးဆိုင်ရာဆွေးနွေးပွဲများကိုလမ်းညွှန်ရန်အတွက်ဖွဲ့စည်းမှုမူဘောင်တစ်ခုတည်းကိုပြုလုပ်ရန်နိုင်ငံရေးပါတီ(၅၀)ထက်မနည်းတို့မှကိုယ်
စားလှယ်များကသဘောတူညီခဲ့ကြကြောင်းကိုရန်ကုန်မြို့၌စက်တင်ဘာလ(၁၃-၁၄)ရက်နေ့တွင်ပြုလုပ်သည့်နိုင်ငံရေးပါတီများ၏အစည်းအဝေးပြီးနောက်ထုတ်ပြန်ကြေငြာချက်အရသိရသည်။

နိုင်ငံရေးပါတီ(၅၆)ပါတီတို့၏ထုတ်ပြန်ကြေငြာချက်တွင်၎င်းတို့သည်နိုင်ငံရေးဆိုင်ရာမူဘောင်ရရှိရန်အတွက်မူဘောင်တစ်ခုတည်းကိုပြုလုပ်ရန်အတူတကွပြုလုပ်မည်ဖြစ်ပြီးအစည်းအဝေးတွင်
ကိုယ်စားလှယ်များပေးမပို့ခဲ့သည့်နိုင်ငံရေးပါတီများနှင့်လည်း၎င်းတို့မှဤမူဘောင်ကိုဆွေးနွေးသွားမည်ဖြစ်ကြောင်းဖော်ပြထားသည်။

အစည်းအဝေးတက်ရောက်ရန်ကိုယ်စားလှယ်များပေးမပို့ခဲ့သည့်ပါတီများမှာပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီနှင့်အဓိကအတိုက်အခံပါတီဖြစ်သည့်အမျိုးသားဒီမိုကရေစီအဖွဲ့(NLD)တို့
ဖြစ်သည်။

အစည်းအဝေးကိုညီနောင်တိုင်းရင်းသားများဖက်ဒရေးရှင်း၊ဖက်ဒရယ်ဒီမိုကရက်တစ်မဟာမိတ်၊အမျိုးသားညီညွတ်ရေးပါတီနှင့်မြန်မာတောင်သူလယ်သမားများဖွံ့ဖြိုးတိုးတက်ရေးပါတီတို့မှစီ
စဉ်ခဲ့ကြသည်။(၅၆)ပါတီမှကိုယ်စားလှယ်များနှင့်အစည်းအဝေးသည်အပစ်အခတ်ရပ်စဲရေးလက်မှတ်ရေးထိုးပြီးနောက်ပိုင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကိုတွန်းအားပေးရန်အတွက်မူဘောင်
နှင့်ပက်သက်၍အာရုံစိုက်ဆွေးနွေးခဲ့သည်ဟုတိုင်းရင်းသားအဖွဲ့များ၏မဟာမိတ်ဖြစ်သောညီနောင်တိုင်းရင်းသားများဖက်ဒရေးရှင်းမှပြောရေးဆိုခွင့်ရှိသူဇိုဇမ်းကပြောခဲ့သည်။ဖက်ဒရယ်ဒီမိုက
ရေစီမဟာမိတ်ပြုလုပ်ခဲ့ခြင်းကြောင့်ဖက်ဒရေးရှင်းတွင်မူဘောင်ရှိပြီးနှင့်ပြီဖြစ်ကြောင်းပြောခဲ့သည်။

“အစည်းအဝေးမှာကျွန်တော်တို့မူဘောင်ကိုပြုစုခဲ့ပါတယ်။နိုင်ငံရေးပါတီများမှာမူဘောင်များပိုမိုရှိပါလိမ့်မယ်။ကျွန်တော်တို့နိုင်ငံရေးပါတီတခုတည်းအတွက်စိတ်ဝင်စားအောင်လုပ်ခြင်းမဟုတ်ပဲ
မူဘောင်တခုတည်းရရှိအောင်ကျွန်တော်တို့အကောင်းဆုံးလုပ်ဆောင်နေပါတယ်”ဟုဇိုဇမ်းကပြောသည်။