သြစတြေးလျလူထုနှင့်ချိတ်ဆက်မိရန်အတွက် Haywire (သြစတြေးလျလူငယ်များအတွက်၎င်းတို့၏ဘဝဇာတ်ကြောင်းများ၊ စိတ်ကူးများနှင့်ခံယူချက်သဘောထားများကိုဝေမျှရာနေရာ)ကိုအသုံးပြုသောကရင်နီကျောင်းသားများ --“သင်တို့ကိုဒီနေ့မှာကျွန်တော့်ဘဝဇာတ်ကြောင်းကိုပြောပြချင်ပါတယ်”

...

သြစတြေးလျလူထုနှင့်ချိတ်ဆက်မိရန်အတွက် Haywire (သြစတြေးလျလူငယ်များအတွက်၎င်းတို့၏ဘဝဇာတ်ကြောင်းများ၊ စိတ်ကူးများနှင့်ခံယူချက်သဘောထားများကိုဝေမျှရာနေရာ)ကိုအသုံးပြုသောကရင်နီကျောင်းသားများ --“သင်တို့ကိုဒီနေ့မှာကျွန်တော့်ဘဝဇာတ်ကြောင်းကိုပြောပြချင်ပါတယ်”

ABC Rural News, 17 Sep 2014

URL: http://www.abc.net.au/news/2014-09-16/refugee-students-share-their-stories-through-heywire/5748812
ကလယ်ဝါးသည်မြန်မာနိုင်ငံမှထိုင်းနိုင်ငံသို့ကုန်းကြောင်းလျှောက်လာခဲ့သောအခါအသက်(၇)နှစ်ရှိပြီဖြစ်ပြီးဒုက္ခသည်စခန်းတွင်အကာအကွယ်ဘေးကင်းမှုရရှိရန်ကြိုးပမ်းခဲ့သည်။

ခြေကျင်ခရီးကြမ်းကိုတစ်လနှင်ခဲ့သည်။သူ၏အမေသည်ထိုသို့မပြုလုပ်နိုင်ခဲ့ပေ။သူမသည်တောထဲမှာပင်ကွယ်လွန်သွားခဲ့သည်။

“မြန်မာစစ်သားတွေရောက်လာပြီးကျွန်တော်တို့အိမ်ကိုမီးရှို့ပါတယ်”ဟုသူကပြောခဲ့သည်။
“တကယ်လို့နင်တို့မပြေးရင်ငါတို့လူထုတွေကိုသူတို့သတ်မှာပဲ”။

ဤတိုတိုတုတ်တုတ်တင်ထားသည့်စာကြောင်းများသည်ယခုအင်္ဂလိပ်လိုရှင်းလင်းပီသစွာပြောဆိုနိုင်သည့်အသက်(၁၉)နှစ်ရှိပြီဖြစ်သောကလယ်ဝါး၏အချက်အလက်အားလုံးပင်ဖြစ်သည်၊သို့သော်သူနှင့်တခြားကရင်နီလူငယ်ဒုက္ခသည်များသည်၎င်းတို့၏ဘဝဇာတ်ကြောင်းကိုသြစတြေးလျလူထုအားဝေမျှချင်သည်။

ကရင်နီသည်မြန်မာနိုင်ငံအရှေ့ပိုင်းမှဖြစ်ပြီးမြန်မာအစိုးရနှင့်ဆယ်စုနှစ်များစွာစစ်ပွဲများဖြစ်ပွားခဲ့ပြီးသောင်းပေါင်းများစွာသောသူများသည်ထိုင်းနိုင်ငံသို့ခြေကျင်ထွက်ပြေးခဲ့ကြသည်။

ထိုင်းနိုင်ငံရှိစခန်းများသည်မှ၎င်းတို့အခက်အခဲများကိုလက်ခံခဲ့ပြီးသြစတြေးလျတောင်ပိုင်းရှိMount Gambierမြို့ဒေသတွင်း၌လူနှစ်ရာခန့်ရှိသည့်အုပ်စုတစ်စုအပါအဝင်ကရင်နီအများအ ပြားသည်သြစတြေးလျတွင်အခြေချခဲ့ကြသည်။

ကလယ်ဝါး၏ဖခင်နှင့်အစ်မအကြီးဆုံးသည်ထိုင်းနိုင်ငံရှိစခန်းထဲတွင်လျှပ်စစ်မီးမရှိ၊ရေသွယ်မှုမရှိပဲဝါးတဲတွင်နေထိုင်နေဆဲဖြစ်သည်။

ထိုအချိန်အတောအတွင်းသူသည်သူ၏သြစတြေးလျမြို့တော်သစ်ရှိကုန်တိုက်ကြီးများနှင့်ဓနဥစ္စာစသည့်တိုင်းတပါးနည်းပညာဘဝတွင်အခြေကျရန်ကြိုးပမ်းနေသည်။

Tennison Woodsကောလိပ်တွင်အင်္ဂလိပ်ဘာသာစကားသင်တန်းကိုတက်ရောက်သင်ယူနေကြသည့်ဒါဇင်လောက်ရှိသည့်ကျောင်းသားများသည်ကျေးလက်လူငယ်များ၎င်းတို့၏ဘဝဇာတ်
လမ်းများနှင့်စိတ်ကူးများကိုဝေမျှပေးရန်တောင်းဆိုသည့်ABC Heywire ပြိုင်ပွဲသို့ဝင်ခွင့်ရရှိခဲ့သည်။

၎င်းတို့၏အင်္ဂလိပ်ဘာသာစကားစွမ်းရည်တိုးတက်လာသောကြောင့်ဆရာScott Dickson မှကျောင်းသားများ၏နောက်ကြောင်းကိုမိုမိုထိုးထွင်းသိမြင်လာသည်။

“သူတို့ရဲ့ဇာတ်လမ်းထဲမှာဆိုရင်သူတို့ဖြတ်ကျော်ခဲ့တဲ့အရာတွေဟာဝမ်းနည်းပက်လက်ဖြစ်စရာတွေပါ၊သူတို့ရဲ့ဘဝ ရိုက်ချက်များကိုကျွန်တော်တို့ကျယ်ကျယ်ပြန့်ပြန့်သိခဲ့ရပါတယ်၊ဒါပေမယ့်သူတို့အင်္ဂလိပ်လိုရှင်းပြဖို့ကြိုးစားကြတဲ့အခါမှာအတော်အသင့်ရှင်းရှင်းလင်းလင်းမရှိပါဘူး”ဟု၎င်းမှပြောသည်။

နော်အယ်မွီ၏ဘဝဇာတ်လမ်းမှာသူမမိသားစု၏ဝါးအိမ်မီးလောင်ပျက်စီးသွားခဲ့သည်ကိုပြန်ပြောပြခဲ့ခြင်းဖြစ်သည်၊မြန်မာနိုင်ငံတွင်မဟုတ်ပဲထိုင်းနိုင်ငံရှိဒုက္ခသည်စခန်းတွင်မီးလောင်ခဲ့ခြင်းဖြစ်
သည်။

၂၀၁၃ခုနှစ်တွင်ဖြစ်ပြီးကျောင်းစာမေးပွဲအတွက်ကြိုတင်ပြင်ဆင်နေသောအသက်(၁၇)အရွယ်တွင်ဖြစ်သည်။

“ညနေသုံးနာရီလောက်မှာတယောက်ယောက်ကအိမ်ကိုမီးလောင်နေပြီလို့ပြောသံကြားပြီးကျွန်မအိမ်ထဲကနေထွက်လာခဲ့တယ်”ဟုသူမမှပြောခဲ့သည်။

“ကျွန်မချောင်းဆီကိုသွားတဲ့အခါမှာကလေးတွေငိုနေတာတွေ့ပါတယ်၊ဘာကြောင့်လဲဆိုတော့အိမ်တွေမီးလောင်နေပြီးအရမ်းကိုကြောက်ဖို့ကောင်းပါတယ်။”

“မီးလောင်တဲ့နေ့မှာလူ(၃၇)ဦးသေဆုံးပြီးအဆောက်အအုံအရာရာတိုင်းကိုကျွန်မတို့အသစ်တဖန်ပြန်လည်တည်ဆောက်ခဲ့ပါတယ်။”

မီးလောင်ခြင်းသည်နော်အယ်မွီအားသြစတြေးလျသို့ပြောင်းရွှေ့ရန်စေ့ဆော်ပေးခဲ့သည်။

“ကျွန်မအရမ်းကိုပျော်ရွှင်ခဲ့ပြီးကျွန်မတို့မိသားစုအတွက်အရာရာဘေးကင်းနေပါပြီ”ဟုသူမကပြောခဲ့သည်။

“ကျွန်မကောလိပ်ရောက်တာအရမ်းကိုပျော်ရွှင်မိပါတယ်၊ဘာကြောင့်လဲဆိုတော့ကျွန်မအင်္ဂလိပ်ဘာသာစကားပိုမိုကောင်းမွန်လာလို့ပါပဲ။”

“ကျွန်မသြစတြေးလျအစိုးရနဲ့သြစတြေးလျပြည်သူတွေကိုအရမ်းကိုပဲကျေးဇူးအများကြီးတင်ကြောင်းပြောကြားချင်ပါတယ်။”

အသက်(၁၈)နှစ်အရွယ်ရှိလားယုနှင့်သူမ၏ညီအစ်ကိုမောင်နှမလေးယောက်တို့သည်ဒုက္ခသည်စခန်းတစ်ခုထဲတွင်မွေးဖွားခဲ့သည်။

သူမသည်ထိုင်းနိုင်ငံရှိစခန်းကိုသူမ၏မွေးရပ်မြေအဖြစ်ဖော်ပြခဲ့သည်။

“ကျွန်မသူငယ်ချင်းတွေနဲ့ကျွန်မနိုင်ငံကိုလွမ်းတယ်”ဟုသူမကပြောသည်။


“Mount Gambierမြို့မှာသူငယ်ချင်းရဖို့ခက်ပါတယ်၊ဘာဖြစ်လို့လဲဆိုတော့ကျွန်မတို့အင်္ဂလိပ်စကားကောင်းကောင်းမပြောနိုင်လို့ပါ၊ဒါကြောင့်ကျွန်မတို့စာပဲသင်ယူပါတယ်။

“ကျွန်မဆံပင်အလှပြင်ပညာတတ်ချင်ပါတယ်….ကျွန်မဒီမှာနေရတာအရမ်းကိုပျော်ပါတယ်၊ဒီမှာကျွန်မနေရတာလုံခြုံမှုရှိတယ်။”

အသက်(၁၈)နှစ်အရွယ်ရှိမန့်ဒါလေးသည်တနင်္ဂနွေနေ့တိုင်းMount Gambierရှိခရိယာန်ဘုရားကျောင်းကူညီဝန်ဆောင်မှုနှစ်ခုသို့တက်ရောက်ခဲ့သည်၊တစ်ခုမှာအင်္ဂလိပ်စကားဖြင့်ဟောပြော
ပြီးတခြားတစ်တခုမှာသူမ၏ဒေသသုံးကရင်စကားဖြင့်ဟောပြောသည်။

“ကျွန်မတို့ကရင်ရိုးရာယဉ်ကျေးမှုကိုထိန်းသိမ်းဖို့အရမ်းကိုအရေးကြီးပါတယ်”ဟုသူမကပြောသည်။

“ဘာကြောင့်လဲဆိုတော့ကျွန်မတို့မတူညီတဲ့တိုင်းပြည်တွေကလာတာဖြစ်ပြီးကျွန်မတို့ရဲ့ယဉ်ကျေးမှုကိုတခြားသူတွေကိုပြသချင်ပါတယ်။”

ယခုနှစ်အစောပိုင်းတွင်မြန်မာဒုက္ခသည်လေးဦးသည်ကိုအာလာ(ဝက်ဝံ)(သားပိုက်ကောင်မျိုး)သုံးကောင်နှင့်သစ်ပင်နေသားပိုက်ကောင်ငယ်(၁၄)ကောင်စသည်တို့အားတိရိစ္ဆာန်အသေကောင်တ
ရားမဝင်လက်ဝယ်ထားရှိမှုဖြင့်အောက်တရားသူကြီးရာဇဝတ်ခုံရုံးတွင်ရင်ဆိုင်နေရသည်။

အမှုသည်ထောင်ချပေးရန်ပြစ်တင်တောင်းဆိုထားသည့်ဖေ့ဘုတ်စာမျက်နှာများပေါ်ရှိပံ့ပိုးမှုများဖြင့်လူမှုမီဒီယာများပေါ်တွင်လူထုအုတ်အော်သောင်းနင်းက န့်ကွက်သံများပြန့်နှံ့ခဲ့သည်။

ဤဖြစ်ရပ်သည်အရှေ့တောင်ပိုင်းမြို့တွင်နေထိုင်ကြသည့်ကရင်နီဒုက္ခသည်များရင်ဆိုင်ရသည့်ယဉ်ကျေးမှုဆိုင်ရာနားလည်မှုလွဲခြင်းပင်ဖြစ်သည်။ထိုင်းနိုင်ငံရှိစခန်းများမှအစားအစာများသည်တော တောင်၊မြစ်ချောင်းများမှလာခြင်းဖြစ်သည်။ထို့ကြောင့်သြစတြေးလျတွင်ဒေသခံတိရိစ္ဆာန်များကိုအမဲလိုက်ခြင်းသည်ယုံမှားသံသယဖြစ်စရာမရှိခဲ့ပေ။

ဆရာScott Dickson မှကျောင်းသားများ၏ဘဝဇာတ်လမ်းများသည်ပိုမိုကျယ်ပြန့်သောလူထုအသိုင်းအဝိုင်းမှတိရိစ္ဆာန်ထိန်းသိမ်းစောင့်ရှောက်မှုကိုပံ့ပိုးကူညီပေးလိမ့်မည်ဟုမျှော်လင့်သည်။

“နားလည်မှုများများရရှိတာဟာဗဟုသုတကြီးကြီးမားမားနဲ့တာဝန်ယူတတ်မှုကြီးကြီးမားမားရှိလာပါမယ်"ဟုသူကဆိုသည်။”
“ဒါဟာဆိုရင်ကျွန်တော်တို့ဒီစီမံကိန်းပြီးတဲ့အခါမှာလူအများအပြားကိုကျွန်တော်တို့ဝေမျှနိုင်တဲ့အရာတွေထဲကတစ်ခုပါပဲလို့ကျွန်တော်ထင်ပါတယ်။”