NCCT နှင့်UPWC တို့မှဒုတိယနေ့အစောပိုင်းတွင်အစည်းအဝေးကိုရပ်ဆိုင်းခဲ့

Burma News International, 26 Sep 2014
URL: http://www.bnionline.net/index.php/news/imna/17531-ncct-and-upwc-stop-sixth-round-peace-talks-early-on-second-day.html
ငြိမ်းချမ်းရေးဆွေးနွေးမှုများအပြီးသတ်ဆွေးနွေးရန်အတွက်(၅)ရက်တာစီစဉ်ထားခြင်းကို(၂)ရက်တာပဲကျင်းပပြုလုပ်ပြီးနောက်တနိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေးညှိနှိုင်းအသင်း(NCCT) နှင့်ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီ(UPWC)တို့အကြားကွာခြားမှုများအများအပြားရှိနေဆဲဖြစ်ပြီးအထွေထွေသဘောတူညီမှုများမရရှိသေးကြောင်းNCCTခေါင်းဆောင်နိုင်
ဟံသာမှပြောခဲ့သည်။
“အစည်းအဝေးပထမနေ့မှာပဲဘာသဘောတူညီမှုမှမရရှိခဲ့ပါဘူး။အပစ်အခတ်ရပ်စဲရေးပြီးတဲ့နောက်ပိုင်းနဲ့စပ်လျဉ်းပြီးဘာတွေလုပ်ရမယ်ဆိုတာတွေ၊စစ်တပ်ကိုအလေးထားမှုနဲ့အစဉ်အလာတွေအ တွက်ကျင့်ဝတ်စည်းမျဉ်းစည်းကမ်းတွေချမှတ်ဖို့နဲ့စောင့်ကြည့်လေ့လာရေးပူးတွဲကော်မတီဖွဲ့စည်းဖို့စတာတွေကိုကျွန်တော်တို့အဆိုပြုခဲ့ပေမယ့်အစိုးရဘက်ကတော့အပစ်အခတ်ရပ်စဲရေးစာချုပ်အရိပ်
အခြည်ရရှိပြီးမှသာဒါကိုဆွေးနွေးဖို့လိုမယ်ဆိုတဲ့အကြောင်းပြောခဲ့ပါတယ်”ဟုနိုင်ငံသာကဆိုသည်။
နိုင်ဟံသာ၏အဆိုအရအစည်းအဝေးဒုတိယနေ့တွင်အပစ်အခတ်ရပ်စဲရေးစာချုပ်အားပြည်ထောင်စုလွှတ်တော်သို့တင်သွင်းမည့်UPWC၏အဆိုပြုချက်ကိုNCCTမှလက်ခံရန်ငြင်းဆိုခဲ့သည်ဟုသိ ရသည်။ထို့ပြင်NCCTမှအဆိုပြုထားသည့်ပြည်ထောင်စုတပ်မတော်ဖွဲ့စည်းရေးကိုလည်းအစိုးရစစ်တပ်ခေါင်းဆောင်များမှပယ်ချခဲ့သည်။
ငြိမ်းချမ်းရေးဆွေးနွေးမှုများသည်အစည်းအဝေးပြီးဆုံးရန်စီစဉ်ထားသည့်နေ့မတိုင်မီစက်တင်ဘာလ(၂၃)ရက်နေ့အစောပိုင်းတွင်အစည်းအဝေးကိုရပ်ဆိုင်းခဲ့သည်ဟုမြန်မာငြိမ်းချမ်းရေးစင်တာ
(MPC)၏အဆိုအရသိရသည်။
အစည်းအဝေးတက်ရောက်သောNCCTဘက်မှကိုယ်စားလှယ်များမှာNCCTခေါင်းဆောင်ဖြစ်သည့်မွန်ပြည်သစ်ပါတီမှနိုင်ဟောင်ဆာ၊ကရင်အမျိုးသားအစည်းအရုံးမှပဒိုကွယ်ထူးဝင်း၊ကချင်လွတ် မြောက်ရေးအစည်းအရုံးမှဗိုလ်ချုပ်ဂွမ်မော်၊ချင်းအမျိုးသားရှေ့ဦးပါတီမှဒေါက်တာဆလိုင်းဆတ်ဟုန်၊ရခိုင်လွတ်မြောက်ရေးပါတီမှဒေါ်စောမြရာဇာလင်း၊ပအို့အမျိုးသားလွတ်မြောက်ရေးအစည်းအရုံး မှဗိုလ်မှူးကြီးခွန်ဥက္ကာ၊ကရင်နီအမျိုးသားတိုးတက်ရေးပါတီမှခွန်တိုးရယ်၊ရခိုင်အမျိုးသားကောင်စီမှဦးတွမ်ဇော်၊“ဝ”အမျိုးသားအစည်းအရုံးမှတအိုက်ညွန့်၊ရှမ်းပြည်နယ်တိုးတက်ရေးပါတီမှစိုင်းဘ
ထွန်း၊ရခိုင်တပ်မတော်မှဒုတိယဗိုလ်မှူးကြီးကျော်ဟန်၊တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်မှဗိုလ်မှူးတားဝန်းကျင်းနှင့်လားဟူဒီမိုကရက်တစ်ပြည်ထောင်စုမှစောလမွန်တို့ဖြစ်သည်။
NCCTနှင့် UWPC တို့အကြား(၆)ကြိမ်မြောက်ငြိမ်းချမ်းရေးအစည်းအဝေးကိုစက်တင်ဘာလ(၂၂)ရက်မှ(၂၆)ရက်နေ့ထိ(၅)ရက်တာကျင်းပရန်စီစဉ်ထားရှိခဲ့သည်။