ရပ်တန့်နေသောထားဝယ်စက်မှုဇုန်ကိုပြန်လည်စတင်မည်ဟုထိုင်းမှပြောကြား

...

ရပ်တန့်နေသောထားဝယ်စက်မှုဇုန်ကိုပြန်လည်စတင်မည်ဟုထိုင်းမှပြောကြား

The New Light of Myanmar, 03 Oct 2014

URL: https://docs.google.com/viewer?url=http://www.moi.gov.mm/npe/nlm/sites/default/files/newspaper-pdf/2014/10/3/3_Oct_14_gnlm.pdf&chrome=true
ထိုင်းနိုင်ငံသည်မြန်မာနိုင်ငံ၌ဝေဝေဝါးဝါးရှိနေသောဘီလီယမ်ဒေါ်လာအဆင့်ဆင့်အကုန်အကျခံထားသည့်ထားဝယ်အထူးစီးပွားရေးဇုန်ကိုပြန်လည်စတင်ပြုလုပ်ရန်အတွက်ဂျပန်နိုင်ငံ၊မြန်မာနိုင် ငံတို့နှင့်အတူဆွေးနွေးမှုများပြုလုပ်မည်ဖြစ်သည်ဟုအင်္ဂါနေ့တွင်အာဏာသိမ်းစစ်အစိုးရမှပြောကြားခဲ့သည်။

မည်သို့ဆိုစေကာမူအရှေ့တောင်အာရှ၏အလှမ်းကျယ်ဆုံးသောစက်မှုဇုန်ဖြစ်သည့်စီမံကိန်းတွင်၂၅၀-စကွဲကီလိုမီတာ(၁၀၀စကွဲမိုင်)ရှိသောရေနက်ဆိပ်ကမ်းတစ်ခု၊ရေနံဓာတုပစ္စည်းနှင့်အရွယ်အ စားကြီးမားသောစက်မှုဇုန်တို့သည်ထိုင်း-မြန်မာကျွန်းဆွယ်တလျှောက်တွင်တည်ရှိသည်။

ဘန်ကောက်တွင်အင်္ဂါနေ့၌ပြုလုပ်သည့်ထိုင်းဝန်ကြီးချုပ်ပရာယွတ်ကျန်းအိုချာနှင့်ဂျပနိုင်ငံ၏နိုင်ငံခြားရေးရာဒုတိယဝန်ကြီးမီနိုယူကီချီတို့အတွင်းပြုလုပ်သည့်ဆွေးနွေးပွဲနောက်ဆက်တွဲအရထိုင်း
အုပ်ချုပ်သူအစိုးရသည်နှစ်များစွာနှောင့်နှေးနေသောစီမံကိန်းကိုတဆင့်ပြီးတဆင့်ပါဝင်ရန်အတွက်ကတိပေးခဲ့သည်။

“ထိုင်းဝန်ကြီးချုပ်ကကျွန်တော်တို့ဟာမြန်မာနိုင်ငံနဲ့အတူထားဝယ်ဇုန်ဖွံ့ဖြိုးတိုးတက်ဖို့အတွက်တွန်းအားပေးရမှာဖြစ်ပြီးထိုင်းနိုင်ငံနဲ့ပါဝင်သူဘက်များမှအားလုံးကထားဝယ်စီမံကိန်းကိုဖြစ်နိုင်ရင် လျှင်လျှင်မြန်မြန်ပေါ်ထွက်လာနိုင်အောင်သုံးပွင့်ဆိုင်ဆွေးနွေးမှုများနဲ့အတူရှေ့ဆက်ဆောင်ရွက်နိုင်အောင်ကြိုတင်ပြင်ဆင်ရပါမယ်လို့ပြောခဲ့ပါတယ်”ဟုစစ်အစိုးရမှပြောရေးဆိုခွင့်ရှိသူကReuters
သို့ပြောခဲ့သည်။

နှစ်များစွာနှောင့်နှေးနေသောစီမံကိန်းဖြစ်သောကြောင့်ပုဂ္ဂလိကရင်းနှီးမြှပ်နှံမှုများနှင့်ခက်ခဲရှုပ်ထွေးမှုများအတွက်စွမ်ရည်ရင်းမြစ်များနှင့်ပက်သက်၍ကတိပေးထားသည်များအပေါ်ကာကွယ်ပေး
ရန်ပျက်ကွက်ခဲ့သည့်စီမံကိန်းခေါင်းဆောင်ဖြစ်သောအီတာလီလျှံထိုင်းဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီလီမိတက်အားကြီးမားစွာအပြစ်တင်ခဲ့ကြသည်။

ထိုင်းနှင့်မြန်မာသည်ခက်ခဲရှုပ်ထွေးမှုများကိုအနေအထားတကျထိန်းချုပ်အသုံးခဲ့သည်၊အရှေ့တောင်အာရှတွင်ကုန်သွယ်ရေးအတွက်တံခါးပေါက်ဖြစ်သောကြောင့်၂၀၁၃ခုနှစ်နိုဝင်ဘာတွင်ထိုင်းနိုင် ငံ၏အကြီးမားဆုံးဆောက်လုပ်ရေးကုမ္ပဏီဖြစ်သောITPထံမှကျသင့်ငွေတောင်းခံခဲ့သည်။

စီမံကိန်းကိုဆွေးနွေးမှုများတိုကျိုတွင်တန့်နေခဲ့သော်လည်းဂျပန်သည်ထားဝယ်စီမံကိန်းကိုပိုမိုစိတ်ဝင်စားမှုမြင့်တက်ခဲ့ကြောင်းထုတ်ဖော်ပြောကြားခဲ့သည်။