ငြိမ်းချမ်းရေးရရှိဖို့အလားအလာရှိကြောင်းနှစ်ဖက်စလုံးမှအခိုင်အမာပြောကြား

...

ငြိမ်းချမ်းရေးရရှိဖို့အလားအလာရှိကြောင်းနှစ်ဖက်စလုံးမှအခိုင်အမာပြောကြား

Myanmar Times, 06 Oct 2014

URL: http://www.mmtimes.com/index.php/national-news/11878-both-sides-insist-peace-is-still-possible.html
တိုင်းရင်းသားလက်နက်ကိုင်တပ်များနှင့်တပ်မတော်စစ်သားများကြားမကြာခဏတိုက်ပွဲများဖြစ်ပွားနေပြီးမကြာသေးမီကတနိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေးစာချုပ်မူကြမ်းကိုရန်ကုန်
တွင်အပြီးသတ်လုပ်ဆောင်ရန်ဆွေးနွေးခဲ့သည့်ဆွေးနွေးမှုများမအောင်မမြင်ဖြစ်ခဲ့ရသော်လည်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်များလုပ်ဆောင်နေသောနှစ်ဖက်စလုံးကညှိနှိုင်းဆွေးနွေးသူများမှယုံ
ကြည်ချက်နှင့်သံန္နိဌာန်များသည်ပိုမိုသန်စွမ်းကျန်ရှိနေသေးကြောင်းအခိုင်အမာပြောကြားခဲ့သည်။

အစိုးရပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီနှင့်တနိုင်ငံလုံးဆိုင်ရာပစ်အခတ်ရပ်စဲရေးအသင်း(NCCT)တို့သည်ခြောက်ကြိမ်မြောက်အစည်းအဝေးကိုစက်တင်ဘာလ(၂၂ရက်
မှ၂၆ရက်)နေ့အထိကျင်းပခဲ့သည်။

အစည်းအဝေးပြီးသည့်နောက်ပိုင်းတွင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှစစ်သားများနှင့်တပ်မတော်ဘက်မှစစ်သားများသည်မွန်ပြည်နယ်နှင့်ကရင်ပြည်နယ်တို့တွင်တိုက်ပွဲများဖြစ်ပွား
ခဲ့သည်။

တိုက်ပွဲနှစ်ခုစလုံးသည်ငြိမ်းချမ်းရေးဖြစ်စဉ်များကိုထိခိုက်စေလိမ့်မှမဟုတ်ကြောင်းNCCTမှခေါင်းဆောင်နိုင်ဟံသာကပြောခဲ့သည်။

NCCTအဖွဲ့ဝင်အားလုံးမှအစိုးရသည်ငြိမ်းချမ်းရေးရရှိရန်အတွက်ကတိပေးထားသည်ကိုအခိုင်အမာယုံကြည်ကြောင်းနိုင်ဟံသာမှပြောခဲ့သည်။

“ဘာပဲခက်ခဲနေပါစေအဓိကညှိနှိုင်းသူတွေနဲ့ထိပ်ပိုင်းခေါင်းဆောင်တွေကအခက်အခဲတွေကိုကျော်လွှားနိုင်ပါလိမ့်မယ်။ကျွန်တော်တို့ကတိပေးထားပြီးတော့ကျွန်တော်တို့ရဲ့ငြိမ်းချမ်းရေးပန်းတိုင် ကိုရောက်ရှိနိုင်ဖို့အတွက်စိတ်ရှည်သည်းခံရပါမယ်”ဟုသူကပြောသည်။

သြဂုတ်လတွင်ဆွေးနွေးခဲ့သောဆွေးနွေးမှုများ၏နောက်ဆက်တွဲအရတိုင်းရင်းသားများနှင့်အစိုးရညှိနှိုင်းသူများမှ၎င်းတို့သည်အရေးကြီးသောသမိုင်းမှတ်တိုင်သို့ရောက်ရှိနေပြီဖြစ်ကြောင်း၊သ ဘောတူညီမှုများနှင့်အတူဖက်ဒရယ်ဝါဒအခြေခံစည်းမျည်းစည်းကမ်းအချို့ကိုရရှိနေပြီဖြစ်ပြီးလုံခြုံရေးကဏ္ဍပိုင်းဆိုင်ရာပြန်လည်ပြုပြင်ပြောင်းလဲမှုများနှင့်ဆက်စပ်နေသည့်အကြောင်းအရာကိစ္စ
များကိုလည်းရရှိနေပြီဖြစ်သည်။

“ကျွန်တော်တို့နှစ်ဖက်စလုံးရဲ့သဘောထားတွေမရတာကြာပါပြီ။အခုကျွန်တော်တို့တစိတ်တဝမ်းထဲဖြစ်သွားပါပြီ” ဟုအစိုးရညှိနှိုင်းဆွေးဆွေးသူဘက်မှအကြီးအကဲဦးအောင်မင်းကပြောသည်။

၎င်း၏ကောက်ချက်ချမှုကိုတိုင်းရင်းသားခေါင်းဆောင်များမှထပ်မံပဲ့တင်ပြောကြားလိုက်သည်။“ဒီသုံးရက်တာအစည်းအဝေးအတွင်းမှာ‘သူသူ၊ငါငါ’ဆိုတဲ့သဘောထားတွေပျောက်ပျက်ကုန်ပါ
တယ်…ကျွန်တော်တို့ဟာစစ်မှန်တဲ့ငြိမ်းချမ်းရေးရရှိဖို့စုပေါင်းကြိုးစားအဖြေရှာနေကြပါတယ်”ဟုNCCTမှဒုတိယခေါင်းဆောင်ပဒိုကွယ်ထူးဝင်းကပြောခဲ့သည်။

စက်တင်ဘာလတွင်ပြုလုပ်သောဆွေးနွေးပွဲသည်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ၌ဖြေရှင်းရန်ခက်သည့်ကိစ္စများအပေါ်အာရုံစိုက်ဆွေးနွေးခဲ့ကြသည်။ပဋိပက္ခဖြစ်ပွားနေသည့်မြန်မာနိုင်ငံရှိတိုင်း
ရင်းသားလက်နက်ကိုင်များနှင့်တပ်မတော်၏အနာဂတ်ဖြစ်သည်။

ဖက်ဒရယ်နိုင်ငံသို့ကူးပြောင်းရန်အတွက်နိုင်ငံရေးဆိုင်ရာဆွေးနွေးမှုများပြုလုပ်သည့်အတောအတွင်းချမှတ်ခဲ့သည့်ဆုံးဖြတ်ချက်လုပ်ငန်းစဉ်များကိုအကောင်အထည်ဖော်ဆောင်ရာတွင်နိုင်ငံရေး
လမ်းပြမြေပုံအတွက်နိုင်ငံရေးဆိုင်ရာတိုးတက်ပြောင်းလဲမှုများမှလုံခြုံရေးဏ္ဍပိုင်းဆိုင်ရာပြုပြင်ပြောင်းလဲမှုအချို့ကိုတပ်မတော်ပိုင်းဆိုင်ရာကိုယ်စားလှယ်များကနောက်သို့ဆုတ်နေခြင်းများနှင့်အ
တူတိုးတက်မှုများသည်ပိုမိုနှေးကွေးလာသည်။

တပ်မတော်၏လုပ်နည်းကိုင်နည်းများ၌သိသာသောအပြောင်းအလဲများကို၎င်းတို့အနေနှင့်တုန်လှုပ်ခြင်းမဖြစ်ခဲ့ပါဟုတိုင်းရင်းသားခေါင်းဆောင်များမှအခိုင်အမာပြောကြားခဲ့သည်။

“နှစ်ဖက်လုံးကမှန်ကန်အောင်ပြုပြင်မွမ်းမံခဲ့ပါတယ်။တစ်ဦးနဲ့တစ်ဦးအပြစ်တင်စရာမလိုပါဘူး”ဟုNCCTအဖွဲ့ဝင်ဆလိုင်းလျန်မုန်ဆာခေါင်ကပြောခဲ့သည်။

အစိုးရရဲ့ကျွန်တော်တို့အပေါ်ယုံကြည်မှုဟာတိုင်းရင်းသားလက်နက်ကိုင်ဋိပက္ခများကိုငြိမ်းငြိမ်းချမ်းချမ်းနဲ့ရိုးရိုးသားကြိုးပမ်းရှာဖွေဖို့အတွက်ကျွန်တော်တို့ရဲ့ရိုးသားမှုပေါ်မှာမူတည်ပါတယ်”ဟု
နိုင်ဟံသာကဆိုသည်။