ကော့ကရိတ်-မြဝတီလမ်းတွင်လက်နက်ကြီးကျရောက်၍ခရီးသည်(၄)ဦးသေဆုံးကာ(၉)ဦးဒဏ်ရာရရှိ

...

ကော့ကရိတ်-မြဝတီလမ်းတွင်လက်နက်ကြီးကျရောက်၍ခရီးသည်(၄)ဦးသေဆုံးကာ(၉)ဦးဒဏ်ရာရရှိ

Mizzima News, 13 Oct 2014

URL: http://www.mizzima.com/mizzima-news/myanmar/item/13708-four-civilians-killed-in-explosion-in-kayin-state
ကရင်ပြည်နယ်အတွင်းရှိကော့ကရိတ်-မြဝတီကားလမ်းအလယ်ဘိုတဲအောက်၌အောက်တိုဘာလ(၁၁)ရက်နေ့နေ့လည်(၁၁)နာရီကျော်တွင်လက်နက်ကြီးတစ်လုံးကျရောက်ပေါက်ကွဲမှုကြောင့်ခရီး
သည်(၄)ဦးသေဆုံးပြီးကိုးဦးဒဏ်ရာရရှိခဲ့သည်ဟုမျက်မြင်တွေ့ရှိသူရဲသားတစ်ဦးမှပြောခဲ့သည်။

“စနေနေ့မနက်မှာကော့ကရိတ်နဲ့မြဝတီကြားကအလယ်ဗိုလ်တဲကိုလက်နက်ကြီးကျတယ်”ဟုအမည်မဖော်လိုသူဒေသတွင်းရဲအရာရှိကAFPသို့ပြောခဲ့သည်။

“အမျိုးသားသုံးဦးနဲ့အသက်(၁၂)အရွယ်ကလေးတစ်ဦးသေဆုံးပါတယ်။ဒီအနီးအနားဘုန်းကြီးကျောင်းကရဟန်းတစ်ပါးအပါအဝင်အမျိုးသမီးတစ်ဦးနဲ့အမျိုးသား(၈)ဦးထိခိုက်ဒဏ်ရာရရှိပါတယ်”
ဟုရဲတပ်ဖွဲ့တစ်ဦးကပြောသည်။

မည်သည့်ဘက်ကလက်နက်ဖြင့်ပစ်သည်ကိုမူရှင်းရှင်းလင်းလင်းမရှိပေ။ပျက်နေသောကုန်တင်ယဉ်ပိတ်သောကြောင့်ကားထဲမှထွက်နေသည့်ခရီးသည်အုပ်စုထံသို့လက်နက်ကြီးကျရောက်ခဲ့ခြင်းဖြစ် သည်ဟုမျက်မြင်တွေ့ရှိသူမှAFPသို့ပြောခဲ့သည်။

ကရင်အမျိုးသားအစည်းရုံးမှခွဲထွက်လာသည့်ကရင်ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော်နှင့်အစိုးရစစ်ကြောင်းတို့အကြားမကြာသေးမီကဖြစ်ပွားခဲ့သည့်တိုက်ပွဲများနှင့်ဆက်စပ်မှုအလားအလာရှိ
သည်ဟုဒေသတွင်းနေထိုင်သူများကပြောခဲ့သည်။

မည်သည့်ဘက်ကမှချက်ချင်းမှတ်ချက်မပေးခဲ့သော်လည်းအစိုးရတပ်မှလမ်းအနီးအနားတွင်နေရာယူထားသည်။

DKBAမှအစိုးနှင့်ဆယ်စုနှစ်တစ်စုထက်မနည်းအပစ်အခတ်ရပ်စဲရေးလက်မှတ်ရေးထိုးထားသော်လည်း၎င်းတို့မှအခြေအနေတင်းမာနေသောနေရာများ၌စစ်သားလှုပ်ရှားမှုများကိုသိသာထင်ရှား
စွာအနှောင့်အယှက်ပေးသည့်နောက်ပိုင်းတွင်ကရင်ပြည်နယ်၌တိုက်ပွဲများနှစ်ပတ်တွင်တစ်ကြိမ်ထက်မနည်းဖြစ်ပွားခဲ့သည်။

လူနည်းစုနယ်စပ်ကြားတွေ၌ဖြစ်ပွားနေသောဆယ်စုနှစ်များစွာရှိပြီဖြစ်သည့်ပြည်တွင်းပဋိပက္ခများကိုအဆုံးသတ်နိုင်ရန်အတွက်တနိုင်ငံလုံးအနှံ့ညှိနှိုင်းဆွေးနွေးရန်ကြိုးပမ်းအားထုတ်မှုများသည်
အစိုးရ၏ဦးစားပေးလုပ်ဆောင်သည့်သတ်မှတ်ချက်ဖြစ်ခဲ့သည်။

မြန်မာနိုင်ငံသည်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့(၁၆)ဖွဲ့မှ(၁၄)ဖွဲ့နှင့်အပစ်ရပ်လက်မှတ်ရေးထိုးထားသည်မှာကြာမြင့်လှပြီဖြစ်သည်။

ကရင်အမျိုးသားအစည်းအရုံးသည်ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင်ပါဝင်ခဲ့ပြီးအသစ်တဖန်ဆွေးနွေးမှုများကိုအောက်တိုဘာလနောက်အကျဆုံးထားကာပြုလုပ်မည်ဖြစ်သည်။