သစ်တောကြိုးဝိုင်းတွင်သိမ်းထားသည့်လယ်မြေများပြန်ပေးရန်ပြည်နယ်ဝန်ကြီးချုပ်ညွှန်ကြား

...

သစ်တောကြိုးဝိုင်းတွင်သိမ်းထားသည့်လယ်မြေများပြန်ပေးရန်ပြည်နယ်ဝန်ကြီးချုပ်ညွှန်ကြား

Karen News, 24 Oct 2014

URL: http://karennews.org/2014/10/karen-state-minister-order-the-return-of-confiscated-lands-to-farmers.html/
ကရင်ပြည်နယ်၊လှိုင်းဘွဲ့မြို့နယ်ရှိကျုံပကိုနှင့်ထီလုံသစ်တောကြိုးဝိုင်းအတွင်းရှိလုပ်ငန်းရှင်များသိမ်းဆည်းထားသောလယ်မြေများကိုဒေသခံလယ်သမားများအားပြန်လည်ပေးရန်ပြည်နယ်ဝန်
ကြီးချုပ်ဦးဇော်မင်းကညွှန်ကြားထားကြောင်း၊လှိုင်းဘွဲ့မြို့ နယ်သစ်တောဦးစီးမှူးဦးကျော်စိုးလှိုင်ကဧရာဝတီသို့ပြောသည်။

“လွန်ခဲ့တဲ့စက်တင်ဘာ(၅)ရက်နေ့မှာကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးဇော်မင်းကကျုံပကိုသစ်တောကြိုးဝိုင်းနဲ့ထီလုံသစ်တောကြိုးဝိုင်းသစ်ပင်စိုက်ပျိုးပွဲသွားလုပ်ပြီးရာဘာခြံလုပ်ငန်းရှင်များကသိမ်း
ယူထား​တဲ့ဒေသခံလယ်မြေတွေကိုပြန်ပေးဖို့ဌာနဆိုင်ရာတာဝန်ရှိသူတွေကိုညွှန်ကြားထားတယ်။တဦးချင်းအလိုက်ပြန်ပေးဖို့ပါညွှန်ကြားထားတယ်​"ဟု​ဦး​ကျော်စိုးလှိုင်ကပြောသည်။

လက်ရှိတွင်၎င်းလယ်မြေကိုလုပ်ငန်းရှင်များထံမှလယ်သမားများထံပြန်ပေးနိုင်ရေးအတွက်ကွင်းဆင်းမြေတိုင်းတာရေးလုပ်ငန်းများလုပ်ဆောင်ရန်အောက်တိုဘာလ​(၁၆)ရက်နေ့တွင်လှိုင်းဘွဲ့
မြို့ နယ်၊ကျုံပကိုကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌လယ်သမားများနှင့်သစ်တောဦးစီးဌာနတာဝန်ရှိသူများတွေ့ဆုံညှိနှိုင်းပွဲကျင်းပခဲ့ရာဒေသခံလယ်သမားများ(၃၀)ဦးကျော်တက်ရောက်ခဲ့ကြသည်။

တွေ့ဆုံပွဲတက်ရောက်သူလယ်သမားခေါင်းဆောင်စောအောင်သိန်းက“ဝန်ကြီးချုပ်ဒီလိုညွှန်ကြားပေးတဲ့အတွက်လယ်သမားတွေကဝန်ကြီးချုပ်ကိုကျေးဇူးတင်ပါတယ်။ဒါပေမယ့်လယ်သမားတွေ
မြေ​ပြန်ရဖို့တော့စောင့်ကြည့်ရအုံးမယ်။အရင်ဆုံးမြေတိုင်းတာဖို့လုပ်မယ်၊တဆင့်ပြီးတဆင့်လုပ်သွားပေးမယ်လို့တော့သစ်တောမှူးတွေကကျွန်တော်တို့ကိုပြောတယ်”ဟုပြောသည်။

အလားတူတွေ့ဆုံပွဲတက်ရောက်လာသည့်လုပ်ငန်းရှင်တစ်ဦးဖြစ်သည့်ဦးမြင့်ဦးက“ဝန်ကြီးချုပ်ကဒေသခံလယ်တွေကိုပြန်ပေးဖို့ကျွန်တော့်ကိုခေါ်ပြောပါတယ်။ကျွန်တော့်ရဲ့တရားဝင်လုပ်ပိုင်ခွင့်ကဧက(၅၀)ပဲရှိပါတယ်”ဟုပြောသည်။

သို့သော်သစ်တောဌာနဦးစီးမှူးကရာဘာလုပ်ငန်းရှင်ဦးမြင့်သိန်းသိမ်းထားသည့်လယ်(၇၀၀)ဧကကိုပြန်ပေးရန်ဝန်ကြီးချုပ်ညွှန်ကြားကြောင်းပြောဆိုခဲ့သလိုလယ်သမားများကယင်းလုပ်ငန်းရှင်
သိမ်းယူထားသည့်မြေမှာ(၇၀၀)ထက်မကကြောင်းစာရွက်စာတမ်းနှင့်တကွသစ်တောဦးစီး​မှူးအားပြသပြောဆိုမှုအပေါ်ကာယကံရှင်ကငြင်းဆိုထားသည်။

ကျုံပကိုနှင့်ထီလုံသစ်တောကြိုးဝိုင်းအတွင်းရှိလယ်မြေများကိုဒေသခံများကမျိုးရိုးစဉ်ဆက်လုပ်ကိုင်လာခဲ့ပြီး၂၀၁၀ခုနှစ်နောက်ပိုင်းတွင်လုပ်ငန်းရှင်များကရာဘာလာရောက်စိုက်ပျိုးသည့်အတွက်
ဒေသခံများနှင့်မြေပိုင်ဆိုင်မှုအငြင်းပွားကာနှစ်ဖက်တင်းမာမှုများဖြစ်ပေါ်ခဲ့သေးသည်။

ကရင်ပြည်နယ်၊လှိုင်းဘွဲ့မြို့ နယ်ရှိကျုံ ပကိုနှင့်ထီလုံသစ်တောကြိုးဝိုင်းအတွင်းရှိလုပ်ငန်းရှင်များသိမ်းဆည်းထားသောလယ်မြေများကိုဒေသခံလယ်သမားများအားပြန်လည်ပေးရန်ပြည်နယ်ဝန်
ကြီးချုပ်ဦးဇော်မင်းကညွှန်ကြားထားကြောင်း၊လှိုင်းဘွဲ့မြို့နယ်သစ်တောဦးစီးမှူးဦးကျော်စိုးလှိုင်ကဧရာဝတီသို့ပြောသည်။

“လွန်ခဲ့တဲ့စက်တင်ဘာ(၅)ရက်နေ့မှာကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးဇော်မင်းကကျုံ ပကိုသစ်တောကြိုးဝိုင်းနဲ့ထီလုံသစ်တောကြိုးဝိုင်းသစ်ပင်စိုက်ပျိုးပွဲသွားလုပ်ပြီးရာဘာခြံလုပ်ငန်းရှင်များကသိမ်း ယူထာတဲ့ဒေသခံလယ်မြေတွေကိုပြန်ပေးဖို့ဌာနဆိုင်ရာတာဝန်ရှိသူတွေကိုညွှန်ကြားထားတယ်။တဦးချင်းအလိုက်ပြန်ပေးဖို့ပါညွှန်ကြားထားတယ်”ဟုဦကျော်စိုးလှိုင်ကပြောသည်။

လက်ရှိတွင်၎င်းလယ်မြေကိုလုပ်ငန်းရှင်များထံမှလယ်သမားများထံပြန်ပေးနိုင်ရေးအတွက်ကွင်းဆင်းမြေတိုင်းတာရေးလုပ်ငန်းများလုပ်ဆောင်ရန်အောက်တိုဘာလ​(၁၆)ရက်နေ့တွင်လှိုင်းဘွဲ့မြို့
နယ်၊ကျုံပကိုကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌လယ်သမားများနှင့်သစ်တောဦးစီးဌာနတာဝန်ရှိသူများတွေ့ဆုံညှိနှိုင်းပွဲကျင်းပခဲ့ရာဒေသခံလယ်သမားများ (၃၀)ဦးကျော်တက်ရောက်ခဲ့ကြသည်။

တွေ့ဆုံပွဲတက်ရောက်သူလယ်သမားခေါင်းဆောင်စောအောင်သိန်းက“ဝန်ကြီးချုပ်ဒီလိုညွှန်ကြားပေးတဲ့အတွက်လယ်သမားတွေကဝန်ကြီးချုပ်ကိုကျေးဇူးတင်ပါတယ်။ဒါပေမယ့်လယ်သမားတွေ
မြေပြန်ရဖို့တော့စောင့်ကြည့်ရအုံးမယ်။အရင်ဆုံးမြေတိုင်းတာဖို့လုပ်မယ်၊တဆင့်ပြီးတဆင့်လုပ်သွားပေးမယ်လို့တော့သစ်တောမှူးတွေကကျွန်တော်တို့ကိုပြောတယ်”ဟုပြောသည်။

အလားတူတွေ့ဆုံပွဲတက်ရောက်လာသည့်လုပ်ငန်းရှင်တစ်ဦးဖြစ်သည့်ဦးမြင့်ဦးက“ဝန်ကြီးချုပ်ကဒေသခံလယ်တွေကိုပြန်ပေးဖို့ကျွန်တော့်ကိုခေါ်ပြောပါတယ်။ကျွန်တော့်ရဲ့တရားဝင်လုပ်ပိုင်ခွင့်က ဧက(၅၀)ပဲရှိပါတယ်”ဟုပြောသည်။

သို့သော်သစ်တောဌာနဦးစီးမှူးကရာဘာလုပ်ငန်းရှင်ဦးမြင့်သိန်းသိမ်းထားသည့်လယ်(၇၀၀)ဧကကိုပြန်ပေးရန်ဝန်ကြီးချုပ်ညွှန်ကြားကြောင်းပြောဆိုခဲ့သလိုလယ်သမားများကယင်းလုပ်ငန်းရှင်
သိမ်းယူထားသည့်မြေမှာ(၇၀၀) ထက်မကကြောင်းစာရွက်စာတမ်းနှင့်တကွသစ်တောဦးစီး​မှူးအားပြသပြောဆိုမှုအပေါ်ကာယကံရှင်ကငြင်းဆိုထားသည်။