KNU မှ၂၀၁၅ခုနှစ်ရွေးကောက်​ပွဲ​မတိုင်မီတစ်​နှစ်အတွင်းကော်သူလေးတပ်မတော်ကိုဖွဲ့စည်းရန်သဘောတူညီ

...

KNU မှ၂၀၁၅ခုနှစ်ရွေးကောက်​ပွဲ​မတိုင်မီတစ်​နှစ်အတွင်းကော်သူလေးတပ်မတော်ကိုဖွဲ့စည်းရန်သဘောတူညီ

Irrawaddy News, 31 Oct 2014

URL: http://www.irrawaddy.org/burma/knu-agrees-talk-unified-karen-army-2015.html
ကရင်တိုင်းရင်းသားလက်နက်ကိုင်များစုစည်းထားသည့်ကော်သူလေးတပ်မတော်ပေါ်ပေါက်ရေးအတွက်၂၀၁၅ခုနှစ်ရွေးကောက်ပွဲမတိုင်ခင်တစ်နှစ်အတွင်းအပြီးသတ်ဖွဲ့စည်းသွားရန်စီစဉ်
နေကြောင်းသိရသည်။

ဒီမိုကရေစီအကျိုးပြုကရင့်အမျိုးသားတပ်မတော်(DKBA)တပ်ဖွဲ့အခြေစိုက်ရာကရင်ပြည်နယ်ဆုံဆည်းမြိုင်ကျေးရွာတွင်ယမန်နေ့ကကျင်းပသောကော်သူလေးတပ်မတော်ဖွဲ့စည်းရေးအစည်း
အဝေးအပြီးသတင်းစာရှင်းလင်းပွဲတွင်DKBAတပ်ဖွဲ့မှဒုတိယစစ်ဦးစီးချုပ်ဗိုလ်ချုပ်စောမိုရှေးကအထက်ပါအတိုင်းပြောကြားခြင်းဖြစ်သည်။

ယခုအချိန်တွင်KNUဥက္ကဌကြီး၏သက်တမ်းလည်းကျန်ရှိနေသေးသကဲ့သို့အပစ်အခတ်စတင်ရပ်စဲသည့်သမ္မတဦးသိန်းစိန်၏တာဝန်ထမ်းဆောင်နေသည့်သက်တမ်းကလည်းကျန်ရှိနေသေး
ချိန်တွင်အပြီးသတ်ဆောင်ရွက်ခြင်းကကောင်းသောအခြေအနေဖြစ်ကြောင်း၎င်းကပြောဆိုသည်။

“KNU အနေနဲ့ဒီအစည်းအဝေးမှာဝင်ရောက်ပူးပေါင်းဖို့ဆုံးဖြတ်ချက်မပေးနိုင်ရင်လည်းကျွန်တော်တို့အနေနဲ့ကအဆင်သင့်ဖြစ်နေတာကြောင့်ကော်သူလေးတပ်မတော်ဖွဲ့စည်းရေးမှာပူးပေါင်း
သွားမယ်။အခုကရင်ပြည်သူလူထုတရပ်လုံးကကရင်လက်နက်ကိုင်တွေအားလုံးစုပေါင်းဖွဲ့စည်းတဲ့ကော်သူလေးတပ်မတော်ကိုထောက်ခံနေကြပြီ။အဆင်သင့်ပူးပေါင်းနိုင်သူတွေအားလုံးနဲ့ပူး
ပေါင်းပြီးတော့ကော်သူလေးတပ်မတော်ကိုဖွဲ့စည်းသွားမယ်”ဟုအောက်တိုဘာလ(၃၀)ရက်နေ့ကကော်သူလေးတပ်မတော်ဖွဲ့စည်းခြင်းဆိုင်ရာဆွေးနွေးပွဲတွင်ဧရာဝတီ၏မေးမြန်းမှုကိုဗိုလ်ချုပ်
စောမိုရှေးကပြန်လည်ဖြေဆိုခဲ့သည်။

ထို့ပြင်KNUကိုလည်းကော်သူလေးတပ်ဖွဲ့အမြန်ဆုံးအကောင်အထည်ဖော်နိုင်ရေးအတွက်အရေးပေါ်အစည်းအဝေးများကျင်းပပြီးတိုက်တွန်းသွားမည်ဟုလည်းဆိုသည်။

KNUအနေဖြင့်ယခုအစည်းအဝေးပွဲတွင်ဆုံးဖြတ်ဆောင်ရွက်နိုင်ခြင်းမရှိသော်လည်းကော်သူလေးတပ်မတော်ဖွဲ့စည်းရေးနှင့်ပက်သက်ပြီးကရင်ပြည်သူတရပ်လုံးကလည်းလိုလားနေသကဲ့သို့
မူအားဖြင့်လက်ခံထားကြောင်း၊ယခုနှစ်နိုဝင်ဘာလ(၁၉)ရက်နေ့တွင်ကျင်းပမည့်KNUဗဟိုကော်မတီအရေးပေါ်အစည်းအဝေးတွင်ကရင်လက်နက်ကိုင်တပ်ဖွဲ့များကိုဖိတ်ကြားပြီးကော်သူလေး တပ်မတော်ဖွဲ့စည်းရေးနှင့်ပက်သက်၍အကျေအလည်ဆွေးနွေးသွားမည်ဖြစ်ကြောင်းယခုအစည်းအဝေးသို့တက်ရောက်လာသောKNUကိုယ်စားလှယ်ဗိုလ်ချုပ်စောဖော်ဒိုကသတင်းစာရှင်းလင်း
ပွဲတွင်ပြောသည်။

“ကရင်လက်နက်ကိုင်အဖွဲ့တွေအားလုံးကိုလည်းဖိတ်ကြားသွားမှာပါ။အဲဒီအစည်းအဝေးကြရင်ကျွန်တော်တို့ဒီကိစ္စကိုအကျေအလည်ဆွေးနွေးပြီးတော့ဆုံးဖြတ်သွားနိုင်မယ်လို့ထင်ပါတယ်။
လက်ရှိအချိန်ကတော့ဒီကိစ္စကအဆင့်ဆင့်ဆွေးနွေးမှုတွေလုပ်ရမှာကြောင့်ဆုံးဖြတ်ချက်ဆိုတာချက်ချင်းပြောလို့မရပါဘူး။ကော်သူလေးတပ်မတော်ဖြစ်လာတဲ့အခါအရင်ကတပ်တွေကိုဖျက်
သိမ်းမှာလား၊ဒီအတိုင်းထားမလားဆိုတာအဲဒီတော့မှသိရမှာပါ”ဟု၎င်းကဆက်လက်ပြောဆိုသည်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNU/KNLA)ကကျင်းပမည့်ကော်သူလေးတပ်မတော်ဖွဲ့စည်းရေးအစည်းအဝေးတွင်ကရင်လက်နက်ကိုင်တပ်ဖွဲ့များဖြစ်ကြသောDKBA၊က
ရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်၊ငြိမ်းချမ်းရေးကောင်စီ(KNU/KNLA-PC)တို့ကတာဝန်ရှိသူများကိုဖိတ်ကြား၍ဆွေးနွေးသွားမည်ဟုလည်းဆိုသည်။

ကော်သူလေးတပ်မတော်ဖွဲ့စည်းခြင်းကိုKNUဗဟိုကော်မတီအရေးပေါ်အစည်းအဝေးကမူအားဖြင့်သဘောတူခဲ့ပြီးDKBAအနေဖြင့်ကြွင်းမဲ့သဘောတူလက်ခံထားသည်။

ထိုသို့ကော်သူလေးတပ်မတော်ဖွဲ့စည်းရခြင်းသည်လက်ရှိငြိမ်းချမ်းရေးတည်ဆောက်မှုကာလတွင်အစိုးရကိုပြန်တော်လှန်ရန်မဟုတ်ဘဲကရင်လက်နက်ကိုင်တပ်ဖွဲ့များအားလုံးကိုစုစည်းစေချင်
သောသဘောသာဖြစ်ကြောင်း၊အစိုးရနှင့်အကောင်အထည်ဖော်နေသောအပစ်အခတ်ရပ်စဲရေး၊ငြိမ်းချမ်းရေးမူများအတိုင်းသာဆက်လက်အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်းသိရသည်။

ကော်သူလေးတပ်မတော်ဖွဲ့စည်းခြင်းနှင့်ပက်သက်ပြီးတက်ရောက်လာသောကရင်လက်နက်ကိုင်အဖွဲ့များ၊ကရင်အမျိုးသမီးအဖွဲ့များနှင့်ဒေသဆိုင်ရာကရင်လူထုကိုယ်စားလှယ်များကသဘော
တူညီခဲ့ကြပြီးကော်သူလေးတပ်မတော်ကိုအားလုံးပါဝင်သောဦးဆောင်မှုဖြင့်လုပ်ဆောင်သွားရန်သဘောတူခဲ့ကြကြောင်းသဘောထား​ထုတ်ပြန်သည်။

ကော်သူလေးတပ်မတော်ကိုကရင်အမျိုးသားခေါင်းဆောင်ကြီးစောဘဦးကြီး၏မူ(၄)ချက်အပေါ်ရပ်တည်သွားမည်ဖြစ်ပြီးမြန်မာနိုင်ငံအတွင်းရေရှည်တည်တံ့ခိုင်မြဲသည့်ငြိမ်းချမ်းရေးရရှိရန်နှင့်
ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းနိုင်ရေးအတွက်တိုင်းရင်းသားပြည်သူလူထုများ၊ပြည်တွင်းပြည်ပဒီမိုကရေစီအင်အားစုများနှင့်ပူးပေါင်းလုပ်ဆောင်သွားရန်သဘောတူဆုံးဖြတ် ခဲ့ကြောင်းသိရသည်။

ကရင်လက်နက်ကိုင်များစုစည်းမည့်ကော်သူလေးတပ်မတော်ဖွဲ့စည်းရေးအတွက်ဆုံဆည်းမြိုင်ကျေးရွာတွင်အောက်တိုဘာလ(၂၉)ရက်နေ့မှစတင်၍(၃)ရက်ကြာဆွေးနွေးပွဲပြုလုပ်နေခြင်းဖြစ်
သည်။

ဆွေးနွေးပွဲသို့KNU၊ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်၊ငြိမ်းချမ်းရေးကောင်စီ(KNU/KNLA-PC)၊DKBAစသောကရင်လက်နက်ကိုင်အဖွဲ့များအပြင်ဗမာနိုင်ငံလုံးဆိုင်ရာကျောင်း သားများဒီမိုကရက်တစ်တပ်ဦး(ABSDF)၊ကလိုထူးဘောကရင်အစည်းအရုံး(KKO)နှင့်ကရင်တိုင်းရင်းသားအရပ်ဘက်အဖွဲ့အစည်းများ၊လူမှုအဖွဲ့အစည်းများအားလုံးမှလူ(၁၅၀)ကျော်တက် ရောက်ကြကြောင်းသိရသည်။