သမ္မတမှလူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်၊ပြည်ထောင်စုလွှတ်တော်နာယက၊ကာကွယ်ရေးစစ်ဦးစီးချုပ်နှင့်နိုင်ငံရေးပါတီများ၏ကိုယ်စားပြုခေါင်းဆောင်များပါဝင်သည့်နိုင်ငံရေးတွေ့ဆုံပွဲကျင်းပ

...

သမ္မတမှလူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်၊ပြည်ထောင်စုလွှတ်တော်နာယက၊ကာကွယ်ရေးစစ်ဦးစီးချုပ်နှင့်နိုင်ငံရေးပါတီများ၏ကိုယ်စားပြုခေါင်းဆောင်များပါဝင်သည့်နိုင်ငံရေးတွေ့ဆုံပွဲကျင်းပ

Eleven Media, 31 Oct 2014

URL: http://elevenmyanmar.com/index.php?option=com_content&view=article&id=7982:president-holds-political-talks-with-suu-kyi-union-parliament-speaker-comma
နေပြည်တော်သမ္မတအိမ်တော်၌သမ္မတ၊လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်၊ပြည်ထောင်စုလွှတ်တော်နာယက၊ကာကွယ်ရေးစစ်ဦးစီးချုပ်နှင့်နိုင်ငံရေးပါတီများ၏ကိုယ်စားပြုခေါင်း
ဆောင်များသည်ယနေ့တွင်တွေ့ဆုံခဲ့ကြသည်ဟုအစီအရင်ခံဖော်ပြခဲ့ကြသည်။

အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့သမ္မတဦးသိန်းစိန်၊လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်(ဥက္ကဌNLDပါတီ)၊သူရဦးရွှေမန်း(နာယက၊ပြည်ထောင်စုလွှတ်တော်)၊တပ်မတော်ကာကွယ်ရေး
စစ်ဦးစီးချု ပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ဒုတိယသမ္မတဒေါက်တာစိုင်းမောက်ခမ်း၊ဒုတိယသမ္မတဦးဉာဏ်ထွန်း၊ဦးခင်အောင်မြင့်(ဥက္ကဌ၊ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်)၊ဒုတိယ
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ဦးဌေးဦး(ဒုတိယဥက္ကဌ၊ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးနှင့်ကြံ့ခိုင်ရေးပါတီ)၊UNAကိုယ်စားပြုအဖြစ်ရှမ်းတိုင်းရင်းသား
များဒီမိုကရက်တစ်ပါတီဥက္ကဌဦးစိုင်းအိုက်ပေါင်း၊NBFကိုယ်စားပြုအဖြစ်အမျိုးသားဒီမိုကရေစီအင်အားစုပါတီဥက္ကဌဦးခင်မောင်ဆွေ၊သိန်းထွန်း(ဗဟိုအလုပ်အမှုဆောင်တိုင်းရင်းသားစည်း
လုံးညီညွတ်ရေးပါတီ)တို့ တက်ရောက်ခဲ့သည်။

မြန်မာနိုင်ငံပြုပြင်ပြောင်းလဲရေးတွင်နိုင်ငံတော်သမ္မတကြီးဦးသိန်းစိန်၊ပြည်ထောင်စုလွှတ်တော်နာယကသူရဦးရွှေမန်း၊တပ်မတော်ကာကွယ်ရေးစစ်ဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်
နှင့်ဒေါ်အောင်ဆန်းစုကြည်တို့တွေ့ဆုံဆွေးနွေးခြင်းဖြင့်မြန်မာနိုင်ငံ၏ပစ္စပ္ပန်နှင့်အနာဂတ်တို့အရေးတွင်ကြီးစွာအကျိုးဖြစ်ထွန်းနိုင်သည်ဟုအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)နှင့်မိတ်ဖက်
တိုင်းရင်းသားပါတီများက၂၀၁၄ခုနှစ်၊ဇူလိုင်လ(၇)ရက်နေ့တွင်ပူးတွဲသဘောထားထုတ်ပြန်ခဲ့သည်။အလားတူ၂၀၁၄ခုနှစ်၊နိုဝင်ဘာလကလည်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌဒေါ်အောင် ဆန်းစုကြည်ကဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရာတွင်အဆင်ပြေချောမွေ့စေရန်အတွက်လေးပွင့်ဆိုင်တွေ့ဆုံဆွေနွေးရန်သမ္မတထံသို့မေတ္တာရပ်ခံစာပေးပို့ခဲ့ရာသမ္မတကပြည်ထောင်စုလွှတ်
တော်ဖွဲ့စည်းပုံအခြေခံဥပဒေလေ့လာသုံးသပ်ရေးပူးပေါင်းကော်မတီ၏အစီအရင်ခံစာထွက်ရှိပြီးမှသာလေးပွင့်ဆိုင်တွေ့ဆုံမှုကိုစဉ်းစားသင့်ကြောင်းသဘောထားမှတ်ချက်ပေးခဲ့သည်။

ယခုတွေ့ဆုံပွဲနှင့်ပက်သက်၍သတင်းမီဒီယာများအားဓာတ်ပုံရိုက်ခွင့်သာခွင့်ပြုခဲ့ပြီးဆွေးနွေးမှုနှင့်ပက်သက်၍သီးခြားသတင်းစာရှင်းလင်းပွဲကိုပြန်ကြားရေးဝန်ကြီးဌာန၌ပြုလုပ်ခဲ့သည်။

“သမ္မတကြီးကကဏ္ဍသုံးခုနဲ့ပက်သက်ပြီးတော့အမျိုးသားနိုင်ငံရေးအင်အားစုတွေပူးပေါင်းပြီးလုပ်ကိုင်ဆောင်ရွက်နိုင်မယ့်နည်းလမ်းများကိုရှာဖွေကြဖို့ပွင့်ပွင့်လင်းလင်းဆွေးနွေးကြပါလို့
တိုက်တွန်းခဲ့ပါတယ်။သမ္မတကြီးရည်ညွှန်းပြောကြားခဲ့တဲ့ကဏ္ဍသုံးခုရှိပါတယ်။ပထမဆုံးကဏ္ဍကလက်ရှိဖြစ်ထွန်းနေတဲ့ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များနဲ့နိုင်ငံရေးဖြစ်စဉ်
တွေနဲ့ဖွံ့ဖြိုးတိုးတက်တဲ့မြန်မာ့လူ့အဖွဲ့အစည်းပေါ်ပေါက်ရေးဖြစ်ပါတယ်။ဒုတိယအချက်အနေနဲ့ကတော့ကျွန်တော်တို့နိုင်ငံအတွင်းကြိုးပမ်းနေတဲ့အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေးအ
တွက်လက်ရှိရထားတဲ့နိုင်ငံရေးဖြစ်စဉ်တွေကိုအခြေခံပြီးတော့မှခိုင်မာအောင်ဆောင်ရွက်သွားဖို့ဖြစ်ပါတယ်။တတိယကဏ္ဍကတော့ဒီမိုကရေစီအသွင်ကူးပြောင်းရေးမှာအဓိကကျတဲ့အရေး
ကြီးတဲ့အဆင့်တစ် အနေနဲ့၂၀၁၅ခုနှစ်အထွေထွေရွေးကောက်ပွဲကိုအောင်မြင်စွာကျင်းပပြုလုပ်နိုင်ဖို့လက်ရှိရရှိထားတဲ့နိုင်ငံရေးတည်ငြိမ်မှုများနဲ့ထိန်းသိမ်းထားနိုင်ဖို့ကိစ္စဖြစ်ပါတယ်။ဒါကတော့သမ္မတကြီးရည်ညွှန်းပြောကြားခဲ့တဲ့ဦးစားပေးကဏ္ဍသုံးခုဖြစ်ပါတယ်။အဲဒီကဏ္ဍသုံးခုကိုတက်ရောက်လာသူများကပွင့်ပွင့်လင်းလင်းဆွေးနွေးခဲ့ကြပါတယ်”ဟုထည့်သွင်းပြော
ကြားခဲ့သည်။ထို့ပြင်“နောက်တစ်ချက်ကတော့ဒါဟာပထ မဆုံးအကြီမ်ဆွေးနွေးမှုဖြစ်တယ်။နောက်ထပ်နည်းလမ်းကောင်းများရှာဖွေနိုင်ဖို့အတွက်ဆက်လက်တွေ့ဆုံဆွေးနွေးပွဲများပြုလုပ်
သွားဖို့အားလုံးက​ဆွေးနွေးခဲ့ကြပါတယ်”ဟုဦးရဲထွဋ်ကထည့်သွင်း​ရှင်းလင်းခဲ့သည်။