အမျိုးသားသန်းခေါင်စာရင်းနောက်ဆုံးအစီအရင်ခံစာမေလနောက်ဆုံးထားထုတ်ပြန်မည်

...

အမျိုးသားသန်းခေါင်စာရင်းနောက်ဆုံးအစီအရင်ခံစာမေလနောက်ဆုံးထားထုတ်ပြန်မည်

Eleven Media, 05 May 2015

URL: http://www.elevenmyanmar.com/politics/final-report-national-census-be-released-late-may
မြန်မာနိုင်ငံ၏အဓိကဖြစ်သည့်အမျိုးသားသန်းခေါင်စာရင်းနောက်ဆုံးအစီအရင်ခံစာကိုမေလနောက်ဆုံးအပတ်တွင်ထုတ်ပြန်ကြေငြာ
မည်ဟုလူဝင်မှုကြီးကြပ်ရေးနှင့်ဦးရေဝန်ကြီးဌာနမှကြေငြာခဲ့သည်။

ကုလသမဂ္ဂလူဦးရေရန်ပုံငွေထောက်ပံ့ရေး(UNFPA)နှင့်မြို့ပြဆိုင်ရာအဖွဲ့အစည်းအများအပြားသည်ရလဒ်ကိုကူညီရှင်းပြရန်အတွက်
လူထုသတင်းအစီအစဉ်များကိုဖွဲ့စည်းတည်ထောင်ခဲ့သည်။မတ်လတွင်စတင်ခဲ့သောအစီအစဉ်များတွင်သန်းခေါင်စာရင်းအားမည်သို့
မည်ပုံဆောင်ရွက်ခဲ့ပုံကိုဖော်ပြပြီးအရှုပ်အထွေးများရှိသည့်ရလဒ်အပိုင်းများနှင့်ပက်သက်၍အချက်အလက်များပိုမိုပေးခဲ့သည်။

အစိုးရမဟုတ်သောအဖွဲ့အစည်းစုစုပေါင်း(၂၇)ဖွဲ့သည်(UNFPA)နှင့်အတူနိုင်ငံအနှံ့ပါဝင်ဆောင်ရွက်ခဲ့သည်ဟုလူဝင်မှုကြီးကြပ်ရေး
နှင့်လူဦးရေဝန်ကြီးဌာနမှညွှန်ကြားရေးမှူးဖြစ်သူဦးမြင့်ခိုင်ကပြောသည်။

“ဝန်ကြီးဌာနကလုပ်ဆောင်တဲ့ကာလတစ်လျှောက်လုံးမှာသန်းခေါင်စာရင်းနဲ့ပက်သက်ပြီးစာအုပ်တွေနဲ့စီဒီတွေထုတ်ပေးပါတယ်”ဟု
၎င်းကထပ်ပေါင်းပြောကြားခဲ့သည်။

“အစီအရင်ခံစာအချက်အလက်တွေကိုမေလနောက်ဆုံးပတ်မှာထုတ်ပြန်ပါမယ်”ဟုပြည်တွင်းမြို့ပြဆိုင်ရာအဖွဲ့အစည်းများထဲမှအဖွဲ့
တစ်ဖွဲ့၏မန်နေဂျာကပြောပြခဲ့သည်။

“တရားဝင်မထုတ်ပြန်ခင်ဘာကြောင့်သန်းခေါင်စာရင်းကောက်ခံရတယ်၊ဘယ်လိုမျိုးကောက်ခံခဲ့တယ်ဆိုတာလူထုကိုထုတ်ပြန်ကြေငြာ
သင့်ပါတယ်။”(UNFPA)မှမြို့ပြအဖွဲ့အစည်းများကိုသင်တန်းပေးခဲ့သည်။

အဘယ့်ကြောင့်ဆိုသော်အစီအရင်ခံစာ၏နားလည်ရန်ခက်ခဲသည့်တချို့သောအပိုင်းတွေကိုလူထုမှတွေ့မြင်နိုင်ဖွယ်ရာအလားအလာရှိ
သည်။

လွန်ခဲ့သောနှစ်ဧပြီလ၌မြန်မာနိုင်ငံသည်နှစ်ပေါင်းသုံးအဆယ်အတွင်းပထမဦးဆုံးအကြိမ်နိုင်ငံတော်ဆိုင်ရာသန်းခေါင်စာရင်းကောက်
ယူခြင်းကိုကျင်းပပြုလုပ်ခဲ့သည်။ထုတ်ပြန်သည့်စာရင်းတွင်နိုင်ငံ၏လူဦးရေသည်(၅၁.၄)သန်းရှိပြီးအဖွဲ့အစည်းအများအပြားကအသုံး
ပြုခဲ့သည့်ခန့်မှန်းခြေသန်း(၆၀)ထက်(၉)သန်းနီးပါးနည်းသည်။သြဂုတ်လ(၃၀)ရက်နေ့တွင်ဗဟိုန်းခေါင်စာရင်းကော်မရှင်မှထုတ်ပြန်
ကြေငြာမှုနှင့်ပက်သက်၍ပိုမိုရှင်းလင်းမှုများထည့်သွင်းရန်လိုအပ်ခဲ့သည်ဟုတချို့မှဝေဖန်ထောက်ပြခဲ့သည်။