သန်းခေါင်စာရင်းရလဒ်များမှမြန်မာ့ဖွံ့ဖြိုးတိုးတက်မှုများလိုအပ်ချက်ရှိကြောင်းမီးမောင်းထိုးပြ

...

သန်းခေါင်စာရင်းရလဒ်များမှမြန်မာ့ဖွံ့ဖြိုးတိုးတက်မှုများလိုအပ်ချက်ရှိကြောင်းမီးမောင်းထိုးပြ

UNFPA Myanmar, 29 May 2015

URL: http://countryoffice.unfpa.org/myanmar/2015/05/29/12209/census_results_highlight_myanmar_rsquo_s_development_needs/
နေပြည်တော်-၂၀၁၄ခုနှစ်လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းအဓိကရလဒ်ကိုယနေ့ထုတ်ပြန်ကြေငြာပြီးနောက်ပိုင်း
တွင်မြန်မာနိုင်ငံ၌လူဦးရေအနှစ်ချုပ်စုစုပေါင်း(၅၁.၅)သန်းရှိကြောင်းသိရှိရပြီးဆယ်စုနှစ်သုံးစုတွင်ပထမဆုံးအကြိမ်အဖြစ်၎င်းတို့မည်
ကဲ့သို့ရှင်သန်နေထိုင်ကြသည်ကိုသိရှိခဲ့ရသည်။

ခရိုင်နှင့်မြို့နယ်၊ပြည်နယ်နှင့်ဒေသကြီးတစ်ခုချင်းစီတို့ရှိလူဦးရေအရွယ်အစားနှင့်တိုးပွားလာပုံ၊အသက်နှင့်လိင်၊အိမ်ထောင်ရှိမရှိအ
ခြေအနေ၊တစ်နေရာမှတစ်နေရာသို့ပြောင်းရွှေ့နေထိုင်ခြင်း၊မွေးဖွားခြင်းနှင့်သေဆုံးခြင်းများ၊ပညာရေး၊အလုပ်အကိုင်၊မသန်မစွမ်း၊
အိမ်ရာအခြေအနေနှင့်ဖူလုံမှုစသည်တို့နှင့်ပက်သက်သည့်အသေးစိတ်အချက်အလက်များကိုထည့်သွင်းထားသည်။အဆင့်လိုက်အား
လုံးရှိအစီအစဉ်ရေးဆွဲသူများသည်ကွာဟမှုများကိုစီစစ်ဖော်ထုတ်ရန်နှင့်အခြေခံအဆောက်အအုံများနှင့်လူမှုလုပ်ငန်းများအတွက်လို
အပ်ချက်များကိုအတိအကျဖော်ထုတ်ရန်အတွက်ယင်းတို့ကိုအသုံးပြုနိုင်သည်။

သမ္မတဦးသိန်းစိန်မှအကြောင်းအရာမိတ်ဆက်ခြင်းအခမ်းအနားကိုမြို့တော်၌ပြုလုပ်ခဲ့သည်။တစ်နိုင်ငံလုံးရှိပြည်နယ်နှင့်ဒေသကြီး
(၁၅)ခုမှဝန်ကြီးအကြီးအကဲများ၊တိုင်းရင်းသားနှင့်ဘာသာရေးခေါင်းဆောင်များ၊နိုင်ငံတကာအလှူရှင်များအပါအဝင်UNအဖွဲ့အစည်း
မှကိုယ်စားလှယ်များ၊နိုင်ငံတကာNGOsများ၊မြို့ပြလူမှုအဖွဲ့အစည်းများနှင့်ပုဂ္ဂလိကအခန်းဏ္ဍများမှတာဝန်ရှိပုဂ္ဂိုလ်များစသည်ဖြင့်
ဧည့်သည်ပေါင်းတစ်ထောင်ကျော်တက်ရောက်ခဲ့ကြသည်။

မြန်မာနိုင်ငံအတွက်UNအထူးအကြံပေးပုဂ္ဂိုလ်တစ်ဦးဖြစ်သူVijay Nambiarသည်သန်းခေါင်စာရင်းကောက်ယူခြင်းကို“အကြီးကျယ်
ဆုံးအောင်မြင်မှုတစ်ခု”အဖြစ်ကြိုဆိုဂုဏ်ပြုလိုက်ပြီးအခက်အခဲစိန်ခေါ်မှုများကိုရင်ဆိုင်ဖြေရှင်းရန်လိုအပ်သော်လည်းယင်းကောက်
ခံခြင်းသည်နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်မှုနှင့်၎င်း၏ဒီမိုကရေစီလုပ်ငန်းစဉ်နှစ်ရပ်စလုံးကိုအကျိုးကျေးဇူးရရှိစေမည်ဟုပြောကြားခဲ့သည်။

ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့၊UNFPA၏အလုပ်အမှုဆောင်ညွှန်ကြားရေးမှူးDr.Babatunde Osotimehin၏ကိုယ်စားပေးပို့ပေး
သောသဝဏ်လွှာတွင်ရလဒ်များသည်အစိုးရနှင့်မြို့ပြလူမှုအဖွဲ့အစည်းများကိုအကူအညီပေးနိုင်မည်ဟုပြောကြားထားပြီး“ခြားနား
ချက်များနှင့်မညီမျှမှုများကိုမြန်မာ့ပြည်သူလူထုနှင့်အတူရင်ဆိုင်ကျော်ဖြတ်ဖြေရှင်းစို့”ဟုရေးသားထားသည်။

မိန့်ခွန်းနှစ်ခုစလုံးတွင်နိုင်ငံတကာအလှူရှင်များမှငွေကြေးဆိုင်ရာပံ့ပိုးကူညီမှုများနှင့်UNFPAမှနည်းပညာပိုင်းဆိုင်ရာလမ်းညွှန်ပြသ
ကူညီမှုများဖြင့်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှတာဝန်ယူဆောင်ရွက်ခဲ့သည့်မကြုံစဖူးအတိုင်းအတာကြီးမား
သည့်သန်းခေါင်စာရင်းကောက်ယူမှုအကြောင်းကိုပြောကြားထားသည်။ရက်သတ္တပတ်နှစ်ပတ်အတွင်းသန်းခေါင်စာရင်းကောက်
ယူသူတစ်သိန်းကျော်သည်အိမ်ထောင်စုပေါင်း(၁၁)သန်းနီးပါးသွားရောက်ကောက်ယူခဲ့ပြီးလူဦးရေ၏(၉၈)ရာခိုင်နှုန်းနီးပါးရောက်
ရှိခဲ့သည်။

UNFPAမှအကြံဉာဏ်ပေးသော်လည်းအာဏာပိုင်များမှလက်မခံသည့်ရိုဟင်ဂျာဟု၎င်းတို့ကိုယ်ကိုသတ်မှတ်ပေးရန်အများအပြား
မှတောင်းဆိုနေမှုများနှင့်အုပ်စုလိုက်ဖြစ်ပွားနေဆဲဆက်ဆံရေးတင်းမာမှုများအကြားတွင်သန်းခေါင်စာရင်းကောက်ယူသူများမှရခိုင်
ပြည်နယ်တွင်လူအယောက်(၁)သန်းကိုထည့်သွင်းကောက်ယူခဲ့ခြင်းမရှိကြောင်းကိုလည်း၎င်းတို့မှဂရုပြုခဲ့ကြသည်၊နိုင်ငံတော်ဆိုင်
ရာအခြားဆန်းစစ်လေ့လာမှုများသည်ရရှိလာသည့်ရလဒ်အချက်အလက်ကွာဟမှုအချို့ကိုကူညီဖြည့်ပေးရန်စတင်စီစဉ်ခဲ့သည်။

လူဦးရေစုစုပေါင်း(၁.၂)သန်းရှိသည့်ရခိုင်ပြည်နယ်၊ကချင်ပြည်နယ်နှင့်ကရင်ပြည်နယ်တို့၌စာရင်းကောက်ယူသူများမကောက်ခံ
ခဲ့သည့်နေရာများအတွက်ခန့်မှန်းခြေလူဦးရေထည့်သွင်းထားသည်များအပါအဝင်စုစုပေါင်းလူဦးရေစုစုပေါင်း(၅၁.၅)သန်းရှိကြောင်း
အစီအရင်ခံဖော်ပြခဲ့သည်။(Mr.Nambiarနှင့်Dr.Osotimehinတို့၏မှတ်ချက်စာသားအပြည့်အစုံကိုhttp://countryoffice.unfpa.org/
myanmar/2015/05/28/12206/nambiar/နှင့်http://countryoffice.unfpa.org/myanmar/2015/05/28/12205/osotimehin/တို့တွင်
ရရှိနိုင်သည်)။

၁၉၈၃ခုနှစ်ကတည်းကသန်းခေါင်စာရင်းကောက်ယူခြင်းနှင့်နှိုင်းယှဉ်ပါကယခုသန်းခေါင်စာရင်းကောက်ယူခြင်းသည်တိုးတက်မှု
ရှိကြောင်းဖော်ပြထားသည်။ရရှိလာသည့်သန်းခေါင်စာရင်းကောက်ယူမှုများသည်အောက်ပါအ ချက်များကိုမီးမောင်းထိုးပြသည်။

•နှစ်စဉ်လူဦးရေတိုးနှုန်း(၀.၈၉)ရာခိုင်နှုန်းသည်(၁၉၇၀)ခုနှစ်လူဦးရေတိုးနှုန်းထက်ရာခိုင်နှုန်းထက်ဝက်ခန့်နည်းပါးပြီးဖြည်းဖြည်း
ချင်းလျော့နည်းလာသည်။

•ကျားမအချိုးတွင်မ(၁၀၀)လျှင်ကျား(၉၃)ရှိသည်၊တစ်နေရာမှတစ်နေရာသို့ပြောင်းရွှေ့နေထိုင်သော(ကျား)ဦးရေများပြားခြင်းနှင့််
ကျားဦးရေသည်မျှော်မှန်းအသက်ထက်ပိုမိုနည်းပါးကြောင်းသိရှိရသည်။

•လူဦးရေတစ်ဝက်သည်အသက်(၂၇)နှစ်အောက်ဖြစ်သော်လည်းကလေးအချိုးသည်စတင်လျော့ကျနေသည်။

•အမျိုးသမီးအယောက်စီတိုင်း၏ပျမ်းမျှကလေးအရေအတွက်သည်၁၉၈၃ခုနှစ်တွင်(၄.၇)အချိုးမှ(၂.၃)အချိုးထိလျော့နည်းလာ
ခဲ့သည်။

•မျှော်မှန်းအသက်သည်(၆၆.၈)နှစ်တိုးတက်လာသော်လည်း၎င်းသည်အရှေ့တောင်အာရှ၌အနိမ့်ဆုံးတစ်ခုထဲတွင်ရှိနေဆဲဖြစ်
သည်။မျှော်မှန်းအသက်တွင်(မ)အသက်သည်ကျားအသက်ထက်သက်တမ်း(၆)နှစ်ပိုရှည်သည်။

•မွေးကင်းစကလေးများနှင့်(၅)နှစ်အောက်ကလေးသေဆုံးမှုနှုန်းသည်တစ်နိုင်ငံလုံးအနှံ့မြင့်မားနေသည်(အရှင်ကလေးမွေး(၁၀၀၀)
တွင်(၆၂)နှင့်(၇၂)ရာခိုင်နှုန်းအသီးသီးရှိပြီးအခြားနေရာများရှိပြည်နယ်အချို့တွင်နှစ်ဆနီးပါးမြင့်တက်နေသည်။)

•အရွယ်ရောက်သူ(၉၀)ရာခိုင်နှုန်းနီးပါးစာရေးစာဖတ်တတ်သော်လည်းရှမ်းပြည်နယ်တွင်(၆၃)ရာခိုင်နှုန်းသာရှိသည်။

•အရွယ်ရောက်(ကျား)၈၅ရာခိုင်နှုန်းနှင့်(မ)၅၀ရာခိုင်နှုန်းတို့သည်အလုပ်ခွင်ထဲတွင်ရှိကြသည်၊(၄)ရာခိုင်နှုန်းသည်အလုပ်လက်မဲ့
ဖြစ်ပြီးအသက်(၁၅-၂၉)နှစ်ရှိသူများအတွက်နှစ်ဆနီးပါးမြင့်လာသည်။

•အိမ်ထောင်စုသုံးပုံတစ်ပုံတွင်လျှပ်စစ်မီးနှင့်မိုဘိုင်းဖုန်းရှိသည်၊သို့သော်တစ်ဝက်မှာမူရုပ်မြင်သံကြားစက်များရှိသည်။

•အိမ်များ၏(၇၀)ရာခိုင်နှုန်းကျော်သည်ရေနှင့်မိလ္လာရေဆိုးနုတ်စနစ်များတိုးတက်ကောင်းမွန်နေပြီးဖြစ်သော်လည်းပြည်နယ်အ
ချို့တွင်ပြုလုပ်ရန်အလှမ်းကွာဝေးနည်းပါးသည်။

နောက်ထပ်ရလဒ်များကိုစီစစ်လေ့လာခြင်းနှင့်ညှိနှိုင်းတိုင်ပင်ဆွေးနွေးမှုများပြုလုပ်ရန်အတွက်အချိန်ပိုမိုလိုအပ်သည်-တိုင်းရင်း
သား၊ဘာသာရေး၊အလုပ်အကိုင်နှင့်မီးဖွားစဉ်အသေအပျောက်စာရင်းများစသည်တို့နှင့်ပက်သက်၍နောင်နှစ်တွင်ထုတ်ပြန်ကြေ
ငြာရန်တွက်အစီအစဉ်ရေးဆွဲထားသည်။

သန်းခေါင်စာရင်းအဓိကရလဒ်များကိုအောက်ဖော်ပြပါအွန်လိုင်းတွင်ကြည့်ရှူ့နိုင်သည်။http://countryoffice.unfpa.org/myanmar/2015/05/25/12157/myanmar_census_2014/.