တိုင်းရင်းသားစစ်တပ်ခေါင်းဆောင်မှအပစ်အခတ်ရပ်စဲရေးစာချုပ်တွင်လက်မှတ်ထိုး ရန်တိုက်တွန်း

...

တိုင်းရင်းသားစစ်တပ်ခေါင်းဆောင်မှအပစ်အခတ်ရပ်စဲရေးစာချုပ်တွင်လက်မှတ်ထိုး ရန်တိုက်တွန်း

Myanmar Times, 03 Jun 2015

URL: http://www.mmtimes.com/index.php/national-news/14835-ethnic-military-leaders-urged-to-sign-ceasefire-accord.html
ကရင်အမျိုးသားအစည်းအရုံးဥက္ကဌစောမူတူးစေးဖိုးမှခေါင်းဆောင်များအားအစိုးရနှင့်တိုင်းရင်းသား
ညှိနှိုင်းဆွေးနွေးသူများအကြားမတ်လတွင်ယာယီအတည်ပြုခဲ့သည့်အပစ်အခတ်ရပ်စဲရေးသဘောတူ
စာချုပ်ကိုထောက်ခံအတည်ပြုရန်တောင်းဆိုခဲ့သည်။တရုတ်နှင့်UNသံတမန်တို့မှလည်း၎င်းတို့အား
အလျှင်အမြန်စွာလုပ်ဆောင်လက်မှတ်ရေးရန်တိုက်တွန်းခဲ့သည်။

(၁၈)လကြာရှည်သည့်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၏နောက်ဆုံးအကြိမ်ဆွေးနွေးမှုများထဲမှတစ်ခုဖြစ်နိုင်
သောကရင်ပြည်နယ်၊လော်ခီးလာရှိKNUအမာခံဖြစ်သည့်နေရာတွင်နိုင်ငံတကာစစ်ဆေးကြည့်ရှု့မှု
အောက်၌ခေါင်းဆောင်များအစည်းအဝေးကျင်းပနေသည်။အကယ်၍အောင်မြင်ပါကကမ္ဘာ့အကြာ
ရှည်ဆုံးဖြစ်ပွားနေသည့်ပဋိပက္ခများထဲမှတချို့ကိုအပြီးသတ်နိုင်မည်ဖြစ်သည်။

“နှစ်ပေါင်းခြောက်ဆယ်ကျော်ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေကိုကျော်လွန်ပြီးနောက်ကျွန်တော်တို့ရဲ့ခြားနား
ချက်တွေကိုဖြေရှင်းဖို့ကြိုးစားနေပါတယ်။ကျွန်တော်တို့အပစ်အခတ်ရပ်စဲရေးစာချုပ်ကိုလက်မှတ်
ရေးထိုးပြီးတဲ့နောက်ပိုင်းမှာလည်းစားပွဲထိုင်ညှိနှိုင်းဆွေးနွေးရေးတွေမှာကျွန်တော်တို့ဆက်လက်
တိုက်နိုင်ပါတယ်”ဟု၎င်းကပြောခဲ့သည်။

စောမူတူးစေးဖိုးမှလူထုအတွက်စိုးရိမ်ပူပန်မှုများနှင့်တိုက်ပွဲအသစ်များဖြစ်ပွားမှုကိုရှောင်ရန်အတွက်
တပ်များပြန်လည်ဖြန့်ချထားခြင်းများအပါအဝင်သဘောတူစာချုပ်မူကြမ်းထဲရှိလွှမ်းမိုးမှုများရှိသည့်
အချက်များကိုအလေးထားအရေးစိုက်ခဲ့ပြီးနိုင်ငံရေးဆိုင်ရာဆွေးနွေးခြင်းများအတွက်မူဘောင်ဆက်
လက် ရေးဆွဲရန်လိုအပ်သည်။

နောက်လေးရက်ကျော်တွင်တိုင်းရင်းသားခေါင်းဆောင်များသည်သဘောတူစာချုပ်မူကြမ်းနှင့်မူ
ဘောင်အတွက်အဆိုပြုခဲ့သည့်လမ်းညွှန်မှုများကိုပြန်လည်သုံးသပ်မည်ဖြစ်သည်။

၎င်းအဖွင့်အမှာစကားကောက်နှုတ်ချက်များတွင်“ဒီညီလာခံဟာကျွန်ုပ်တို့တိုင်းရင်းသားလက်နက်
ကိုင်အဖွဲ့တွေနဲ့ကျွန်တော်တို့နိုင်ငံရဲ့အနာဂတ်နိုင်ငံရေးဆိုင်ရာမြင်ကွင်းတွေအတွက်အရေးပါတယ်
လို့ကျွန်တော်ယုံကြည်ပါတယ်”ဟုKNUခေါင်းဆောင်ကပြောခဲ့သည်။

လက်နက်ကိုင်အဖွဲ့များမှ၎င်းတို့ကိုယ်တိုင်သော်၎င်း၊မြန်မာနိုင်ငံရှိUNအထူးသံတမန်အပါအဝင်တက်
ရောက်လာသည့်နိုင်ငံတကာစောင့်ကြည့်လေ့လာသူများ၊တရုတ်နိုင်ငံခြားရေးရာဝန်ကြီးဌာန၊နီပွန်
ဖောင်ဒေးရှင်းနှင့်မြို့ပြလူမှုအဖွဲ့အစည်းမှကိုယ်စားတစ်ချို့စသည်တို့မှဖြည့်စွက်ပြောကြားခဲ့ကြသည်။

သူတို့တွေလုပ်ဆောင်ရာမှာအချိန်အကန့်အသတ်ရှိခဲ့ပါတယ်ဟုUNအထူးကိုယ်စားလှယ်ဗီဂျေးနမ်
ဘီးယားကတက်ရောက်လာသူများကိုပြောခဲ့သည်။“မြန်မာနိုင်ငံငြိမ်းချမ်းရေးဟာသင်တို့လက်ထဲမှာ
ပါ”ဟု၎င်းကပြောကြားရင်းငြိမ်းချမ်းရေးလုပ်ဆောင်ရာမှာယုံကြည်ချက်ထားကြဖို့တောင်းဆိုလိုက်
သည်။

လက်နက်ကိုင်အဖွဲ့များသည်နောက်ထပ်အဆင့်တစ်ဆင့်အနေဖြင့်ယာယီသဘောတူစာချုပ်ကိုလက်
မှတ်ရေးထိုးခြင်းမှသည်ရှေ့ဆက်လုပ်ဆောင်သင့်ကြောင်းတရုတ်အာဆီယမ်ရေးရာကျွမ်းကျင်သူ
Sun Guoxiangကပြောခဲ့သည်။တရုတ်ဆိုရိုးစကားတစ်ခုရှိပါတယ်၊ဒါကတော့“အခွင့်အရေးရတုန်းမ
ယူပါကနောက်ထပ်ပေါ်လာတော့မှာမဟုတ်”ဟု၎င်းကပြောခဲ့သည်။

လော်ခီးလာတွင်တက်ရောက်နေသည့်အစိုးရနှင့်တိုက်ပွဲဖြစ်ပွားနေဆဲတိုင်းရင်းသားလက်နက်ကိုင်အ
ဖွဲ့သုံးဖွဲ့ခေါင်းဆောင်များမှစာချုပ်မူကြမ်းတွင်လက်မှတ်ရေးထိုးရန်ပျက်ကွက်ခြင်းသည်အဟန့်အ
တားတစ်ခုပင်ဖြစ်သည်။၎င်းတို့မှာမြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်ဖွဲ့(MNDAA)၊တ
အောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)နှင့်ရက္ခိုင်တပ်မတော်(AA)တို့ဖြစ်သည်။အား
လုံးသည်ဖေဖော်ဝါရီလကတည်းကကိုးကန့်ဒေသတွင်ဖြစ်ပွားနေသောတိုက်ပွဲများတွင်ပါဝင်ခဲ့ကြပြီး
စာချုပ်မူကြမ်းတွင်လက်မှတ်ရေးထိုးရန်ဖိတ်ကြားခြင်းမခံရပါကလက်နက်ကိုင်အဖွဲ့များစုစည်းထား
သည့်တစ်နိုင်ငံလုံးဆိုင်ရာအပစ်ခတ်ရပ်စဲရေးညှိနှိုင်းအသင်းမှထွက်ခွာမည်ဟုခြိမ်းခြောက်ခဲ့သည်။
အစိုးရမှငြိမ်းချမ်းရေးလုပ်စဉ်အရှိန်အဟုန်(၂)ခုမြှင့်တင်ရန်အဆိုပြုခဲ့သည်၊၎င်းတို့မှာလက်ရှိမူကြမ်း
ကိုဦးစွာပါဝင်လက်မှတ်ရေးထိုးရန်ဖြစ်ပြီးနောက်မှအဖွဲ့သုံးဖွဲ့နှင့်ညှိနှိုင်းဆွေးနွေးမှုပြုလုပ်ရန်ဖြစ်
သည်။

“NCA(တစ်နိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေးစာချုပ်)ကိုလက်မှတ်ရေးထိုးရာမှာကျွန်တော်တို့
စည်းလုံးညီညွတ်ချင်ပါတယ်၊ကျွန်တော်တို့တစ်ဖွဲ့ထဲမဟုတ်ပဲထည့်သင့်တဲ့ဘယ်အဖွဲ့ကိုမဆိုမထည့်
ရင်ကျွန်တော်လက်မခံပါဘူး”ဟုရက္ခိုင်တပ်မတော်ဆက်ဆံရေးအရာရှိကိုအေးထွန်းကပြောခဲ့သည်။
သို့သော်လည်းတိုက်ပွဲများဖြစ်ပွားနေသည့်အဖွဲ့သုံးဖွဲ့မှအတိုက်အခံပြုခြင်းအားဖြင့်လက်မှတ်ရေးထိုး
ရန်အဟန့်အတားအဖြစ်နှောင့်နှေးမှုရှိသော်လည်းပြီးခဲ့သည့်ရက်သတ္တပတ်အလွန်တွင်လျော့ကျလာ
ဖွယ်ရှိသည်။