နှုတ်ထွက်ခြင်းများရှိသော်လည်းအပစ်ရပ်စာချုပ်တွင်ယုံကြည်မှုရှိသည့်တိုင်းရင်းသားညီလာခံ

Irrawaddy News, 05 Jun 2015
URL: http://www.irrawaddy.org/burma/ethnic-summit-confident-of-ceasefire-agreement-despite-resignations.html
လော်ခီးလာ၊ကရင်ပြည်နယ်-တိုင်းရင်းသားခေါင်းဆောင်များသည်စာချုပ်ထဲတွင်အထင်အရှားပါဝင်သူများနှင့်အတူသောကြာနေ့တွင်
တနိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေးစာချုပ်နှင့်ပတ်သက်၍စဉ်းစားချင့်ချိန်ရန်အတွက်ဆက်လက်လုပ်ဆောင်ခဲ့သည်၊တိုင်းရင်း
သားညှိနှိုင်းဆွေးနွေးရေးအသင်းမှလက်နက်ကိုင်အဖွဲ့သုံးဖွဲ့သည်နှုတ်ထွက်ရန်ကြိုးပမ်းခဲ့သော်လည်းစာချုပ်ကိုနောက်ဆုံးတွင်လက်
မှတ်ရေးထိုးနိုင်ဖွယ်ရာအလားအလာရှိသည်။
တိုင်းရင်းသားညှိနှိုင်းဆွေးနွေးရေးအဖွဲ့ဝင်များနှင့်အတူသင့်လျော်သည့်စာချုပ်မူကြမ်းတစ်ခုကိုပြုလုပ်ရန်အတွက်ပြင်ဆင်ဖြည့်စွက်မှု
များလိုအပ်သောကြောင့်တနိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ်ကိုလက်မှတ်ရေးထိုးရန်အတွက်ရက်စွဲမသတ်မှတ်
နိုင်သေးကြောင်းကိုတနိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေးညှိနှိုင်းအသင်း(NCCT)၏ဥက္ကဌဖြစ်သူနိုင်ဟောင်ဆာမှကြာသာပတေးနေ့
တွင်ပြုလုပ်သောသတင်းစာရှင်းလင်းပွဲတွင်ပြောကြားခဲ့သည်။စာချုပ်ကိုနောင်တွင်လက်မှတ်ရေးထိုးနိုင်လိမ့်မည်ဟု၎င်းမှအပြုသဘော
ဆောင်ပြောကြားခဲ့သော်လည်းအဖွဲ့ဝင်ထဲမှမည်သည့်အဖွဲ့ဝင်ကိုမဆိုထည့်သွင်းခြင်းမပြုပါက၎င်းတို့အနေနှင့်လက်မှတ်ရေးထိုးမည်မ
ဟုတ်ဟုNCCTအသင်းဝင်များမှဆုံးဖြတ်ထားခဲ့ကြောင်းပြောကြားခဲ့သည်။
“NCCTကအဖွဲ့ဝင်အားလုံးပါဝင်နိုင်မှကျွန်တော်တို့တနိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေးစာချုပ်ကိုလက်မှတ်ထိုးမှာပါ”ဟု၎င်းကသ
တင်းစာဆရာများကိုပြောခဲ့သည်။“ဒါကျွန်တော်တို့ရဲ့ယေဘူယျသဘောတူထားတာပါ၊ဒါပေမယ့်ကျွန်တော်တို့နောက်ထပ်ဆွေးနွေးဖိုလို
ပါတယ်။ဒီအဖွဲ့သုံးဖွဲ့ပါဝင်ဖို့ကိုစစ်တပ်ကလက်မခံဘူးဆိုရင်တော့ကျွန်တော့်လက်မှတ်ထိုးမှာမဟုတ်ပါဘူး။”
မြန်မာ့တပ်မတော်နှင့်လက်ရှိတွင်တိုက်ပွဲများဖြစ်ပွားနေပြီးစာချုပ်မူကြမ်းတွင်ဖယ်ထုတ်ထားခြင်းခံရသည့်အဖွဲ့သုံးဖွဲ့ဖြစ်သည့်ရက္ခိုင်တပ်
မတော်၊တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်နှင့်မြန်မာ့အမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်တို့ကိုနိုင်ဟံသာမှာရည်
ညွှန်းပြောဆိုလိုက်ခြင်းဖြစ်သည်။ကြာသာပတေးနေ့တွင်အဖွဲ့သုံးဖွဲ့စလုံးသည်NCCTနှုတ်ထွက်ရန်တင်ပြခဲ့ပြီး၎င်းတို့သည်အစိုးရညှိနှိုင်း
ဆွေးနွေးနေသူများကိုအယုံအကြည်မရှိကြောင်းနှင့်၎င်းတို့၏အခြားတဘက်မှတိုင်းရင်းသားလုပ်ဖော်ကိုင်ဖက်များမှ၎င်းတို့အပေါ်သစ္စာ
ဖောက်ခဲ့သည်ဟုခံစားရကြောင်းအခိုင်အမာပြောကြားခဲ့သော်လည်းနိုင်ဟောင်ဆာမှ၎င်းတို့ထွက်ခွာမသွားအောင်တားဆီးရန်တိုင်းရင်း
သားအဖွဲ့များမှကြိုးပမ်းကြလိမ့်မည်ဖြစ်ကြောင်းနိုင်ဟောင်ဆာမှနောက်ပိုင်းတွင်သွယ်ဝိုက်ပြောဆိုခဲ့သည်။
“ကျွန်တော်တို့အသင်းဝင်တွေကိုNCCTကနေထွက်သွားခွင့်မပြုနိုင်ပါဘူး”ဟုသူကပြောခဲ့သည်။သူတို့ကိုကျွန်တော်တို့ထွက်သွားခွင့်ပြု
မယ်ဆိုရင်ကျွန်တော်တို့တိုင်းရင်းသားအဖွဲ့တွေကြားမှာသွေးကွဲအုပ်ချုပ်ချင်တဲ့အစိုးရရဲ့ရည်မှန်းချက်အောင်မြင်သွားမှာပေါ့။”
အဖွဲ့သုံးဖွဲ့ကိုနှုတ်ထွက်ခွင့်ပြုခြင်းသည်တိုင်းပြည်၏တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြားတွင်စည်းလုံးညီညွတ်မှုမရှိတော့သည်
ကိုဖော်ပြရာရောက်ကြောင်းနှင့်စစ်မှန်သည့်တနိုင်ငံလုံးဆိုင်ရာငြိမ်းချမ်းရေးပြေငြိမ်းမှုတစ်ခုလည်းရရှိနိုင်တော့မည်မဟုတ်ကြောင်းထပ်
ပေါင်းပြောကြားခဲ့သည်။
“ကျွန်တော်အချင်းချင်းစည်းလုံးမှုမရှိဘူးဆိုရင်အစိုးရကိုကျွန်တော်တို့သဘောတူဆုံးဖြတ်ပြီးအရေးတကြီးတောင်းဆိုထားတဲ့တကယ့်
စစ်မှန်တဲ့ဖက်ဒရယ်ပြည်ထောင်စုနဲ့ပက်သက်ပြီးအများသဘောထားတွေတွေ့ရှိနိုင်တော့မှာမဟုတ်ပါဘူး”ဟုရခိုင်အမျိုးသားလွတ်မြောက်
ရေးပါတီမှဒုတိယဥက္ကဌဖြစ်သူဦးခိုင်စိုးနိုင်အောင်ကကြာသာပတေးနေ့၌မိန့်ခွန်းပြောကြားရာတွင်ပြောခဲ့ခြင်းဖြစ်သည်။ “ကျွန်တော်တို့
အားလုံးတစ်သံတည်းဖြစ်သင့်ပါတယ်။”
KIO နှင့် KNU နှစ်ဖွဲ့လုံးမှကိုယ်စားလှယ်များကရှေ့ဆက်လက်မှတ်ရေးထိုးချင်ပါကတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအားလုံးသဘော
တူစာချုပ်တွင်ပါဝင်ခွင့်ရမှဖြစ်မည်ဖြစ်ကြောင်းအခိုင်အမာပြောဆိုခဲ့သည်။
“အပစ်အခတ်ရပ်စဲရေးစာချုပ်မှာNCCTအဖွဲ့ဝင်များအားလုံးကိုကျွန်မတို့လက်မှတ်ရေးထိုးဖို့ပါဝင်စေချင်ပါတယ်”ဟုKNUဒုတိယဥက္ကဌ
နော်စီဖိုးရာစိန်ကဧရာဝတီသို့ပြောခဲ့သည်။“အစိုးရကလက်နက်ကိုင်အဖွဲ့(၃)ဖွဲ့ကိုမပါဝင်စေချင်ဘူး၊ဒါပေမယ့်အဖွဲ့ဝင်တွေအားလုံးပါဝင်မှ
ကျွန်မတို့လက်မှတ်ရေးထိုးမှာပါ။ကျွန်မတို့အားလုံးဆုံးဖြတ်ချက်ချပြီးသားပါ။အစိုးရကကျွန်မတို့နဲ့လက်မှတ်ရေးထိုးချင်တယ်ဆိုရင်ရှမ်း
ပြည်နယ်တောင်ပိုင်းမှာဖြစ်ပွားနေတဲ့တိုက်ပွဲတွေကိုရပ်သင့်ပါတယ်။”
ရခိုင်လွတ်မြောက်ရေးပါတီမှအဖွဲ့ဝင်တစ်ဦးဖြစ်သူNCCTအသင်းဝင်စောမြတ်ရာဇာလင်းမှလော်ခီးလာညီလာခံကိုစနေနေ့တွင်ပြီးဆုံး
မည်ဟုမှန်းထားကြောင်းဧရာဝတီသို့ပြောခဲ့သည်။