လောလောလတ်လတ်ထိုးနှက်ခံလိုက်ရသည့်အပစ်ရပ်မျှော်လင့်ချက်များ

...

လောလောလတ်လတ်ထိုးနှက်ခံလိုက်ရသည့်အပစ်ရပ်မျှော်လင့်ချက်များ

Myanmar Times, 09 Jun 2015

URL: http://www.mmtimes.com/index.php/national-news/14937-fresh-blow-to-ceasefire-prospects.html
ကရင်ပြည်နယ်တွင်ပြုလုပ်သောတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ခေါင်းဆောင်များအစည်းဝေးသည်အနည်းဆုံးရွေးကောက်ပွဲမတိုင်မီ
တနိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေးစာချုပ်ကိုလက်မှတ်ထိုးနိုင်မည်ဟူသောအစိုးရ၏မျှော်လင့်ချက်ကိုအပြင်းအထန်အလဲထိုးလိုက်
သည်။ကရင်ပြည်နယ်ရှိKNUအမာခံနေရာဖြစ်သည့်လော်ခီးလာခံတွင်ပြုလုပ်သောအစည်းဝေး၌ခေါင်းဆောင်များသည်အစိုးရနှင့်လက်
ရှိမူကြမ်းတွင်လက်မှတ်မထိုးရန်ဆုံးဖြတ်ခဲ့ကြပြီး၎င်းတို့၏ညှိနှိုင်းဆွေးနွေးရေးအဖွဲ့သည်မတ်လတွင်သဘောတူညီလုနီးပါးဖြစ်ခဲ့သည်။

ညီလာခံတွင်တက်ရောက်လာသည့်ကမ္ဘာ့ကုလသမဂ္ဂနှင့်တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနတို့မှစာချူပ်တွင်လက်မှတ်ရေးထိုးရန်တိုင်းရင်း
သားခေါင်းဆောင်များကိုတိုက်တွန်းခဲ့သော်လည်းဆုံးဖြတ်ချက်သည်နိုင်ငံတကာအသိုင်းအဝိုင်းကို၏တောင်းဆိုမှုကိုငြင်းဆိုပယ်ချခဲ့သည်။

သို့သော်လည်းလော်ခီးလာရှိအံ့အားသင့်ဖွယ်ရာဆုံးဖြတ်ချက်သည်အစိုးရနှင့်တိုင်းရင်းသားအဖွဲ့တို့အကြားဖြစ်နိုင်ခြေရှိသောနိုင်ငံရေး
ဆိုင်ရာအချီချဆွေးနွေးပွဲများအတွက်လမ်းပွင့်သွားနိုင်သည်။အပစ်အခတ်ရပ်စဲရေးစာချုပ်သည်ပိုတိုး၍အလှမ်းဝေးသွားသည်နှင့်အမျှ
လေ့လာသူတချို့မှအစိုးရသည်အစောပိုင်းတွင်အပစ်ရပ်စာချုပ်အရင်လက်မှတ်ထိုးပြီးမှမူဝါဒနှင့်နိုင်ငံရေးဆိုင်ရာအချီချဆွေးနွေးမှုများ
ကိုနောက်မှလုပ်ရန်စီစဉ်ထားသော်လည်းယခုအားလုံးကိုပြောင်းပြန်လှန်ဖွယ်ရာရှိသည်ဟုမျှော်လင့်ထားသည်။

အစောပိုင်းတွင်လက်နက်ကိုင်အဖွဲ့ခေါင်းဆောင်များမှပြောင်းလဲပြင်ဆင်ချက်သိသိသာသာမရှိပဲမူကြမ်းကိုလက်မှတ်ထိုးရေးရန်အရိပ်
အရောင်ပြခဲ့သော်လည်းလက်မှတ်မထိုးရန်၎င်းတို့၏ဆုံးဖြတ်ခြင်းသည်အစိုးရမှအပစ်ရပ်လုပ်ငန်းစဉ်အဆင့်နှစ်ဆင့်ကိုအဆိုပြုခြင်း
အားဖြင့်တိုင်းရင်းသားလှုပ်ရှားမှုများကိုအစိုးရမှအဖွဲ့ကွဲစေရန်ကြိုးပမ်းနေသည်ဟုစိုးရိမ်ပူပန်မှုများသိသာထင်ရှားစွာရှိနေသည်၊လော်
ခီးလာအဖွဲ့နှင့်သဘောတူညီမှုအရင်လုပ်နေပြီးကိုးကန့်တွင်တိုက်ပွဲများဆက်လက်ဖြစ်ပွားနေသည့်အဖွဲ့(၃)ဖွဲ့ဖြစ်သော(မြန်မာ့အမျိုး
သားဒီမိုကရက်တစ်မဟာမိတ်တပ်-MNDAA ၊တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်-TNLA နှင့်ရက္ခိုင်တပ်မတော်-AA)တို့နှင့်တူ
ငြိမ်းချမ်းရေးဆွေးနွေးပွဲများသီးခြားစတင်ပြုလုပ်နေသောကြောင့်ဖြစ်သည်။

ဇွန်လ(၇)ရက်နေ့တွင်ပြုလုပ်သောသတင်းစာရှင်းလင်းပွဲ၌မွန်ပြည်သစ်ပါတီမှဥက္ကဌဖြစ်သူနိုင်ဟံသာကခေါင်းဆောင်များသည်ငြိမ်းချမ်း
လုပ်ငန်းစဉ်တွင်ကိုးကန့်အဖွဲ့(၃)ဖွဲ့အားချန်ရစ်မထားရန်ဆုံးဖြတ်ခဲ့သည်ဟုပြောခဲ့သည်။၎င်းဦးဆောင်သည့်တိုင်းရင်းသားလက်နက်ကိုင်
အဖွဲ့များစုရုံးပါဝင်သောတနိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေးညှိနှိုင်းအသင်း(NCCT)တွင်၎င်းတို့ကိုပါဝင်စေချင်ခဲ့ပြီးအစိုးရနှင့်ဆက်
ဆံမှုများဆက်လက်ပြုလုပ်ရာတွင်အသင်း၏အဖွဲ့ဝင်အားလုံးကိုယ်စားဆက်လက်လုပ်ဆောင်သွားမည်ဖြစ်သည်။

အပစ်ရပ်ညှိနှိုင်းဆွေးနွေးပွဲများတွင်ညှိနှိုင်းဆောင်ရွက်သည့်မြန်မာ့ငြိမ်းချမ်းရေးစင်တာ၏ဝါရင့်အကြံပေးတစ်ဦးဖြစ်သူဦးလှမောင်ရွှေမှ
ကိုးကန့်အဖွဲ့(၃)ဖွဲ့ကိုထည့်ဖို့ခက်ခဲကြောင်းမြန်မာတိုင်းမ်သို့ပြောခဲ့သည်။

“ဒီအဖွဲ့(၃)ဖွဲ့ဟာလက်ရှိအစိုးရအာဏာရလာပြီးနောက်ပိုင်းမှပေါ်ထွက်လာတာပါ၊ဒါကြောင့်အစိုးရကဒီအဖွဲ့တွေကိုအခြားအဖွဲ့တွေနဲ့တန်း
တူအသိအမှတ်ပြုပေးဖို့ခက်ခဲပါတယ်”ဟုသူကပြောခဲ့သည်။

“ဦးအောင်မင်း(အစိုးရညှိနှိုင်းရေးအဖွဲ့ကိုဦးဆောင်နေသူ)ကငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာပဋိပက္ခခပ်သေးသေးရှိတောင်ထားခဲ့မှာမ
ဟုတ်ပါဘူးလို့သူကကျွန်တော်တို့အဖွဲ့အစည်းတွေနဲ့အတူနှစ်ဦးနှစ်ဖက်ဆွေးနွေးပွဲတွေမှာကတိပေးခဲ့ပါတယ်။ဒါဟာပြဿနာခပ်သေး
သေးမဟုတ်ပါဘူး”ဟုသူကပြောခဲ့သည်။

ခေါင်းဆောင်များတက်ရောက်နေသည့်ညီလာခံတွင်ကိုးကန့်အဖွဲ့၃ဖွဲ့ကိုဖယ်ထုတ်ထားသည့်ကိစ္စများအပါအဝင်NCAမူကြမ်းတွင်ပြင်
ဆင်ဖြည့်စွက်ရန်အဆိုပြုထားသည့်အချက်(၁၅)ချက်နှင့်အတူပြီးခဲ့သည့်ခြောက်ရက်လုံးလုံးတွင်ပြဿနာများနှင့်လုံးပန်းနေခဲ့သည်။

ယခုအခါသည်ပြင်ဆင်ဖြည့်စွက်ထားသည့်မူကြမ်းကိုနောက်ထပ်ဆွေးနွေးမှုများပြုလုပ်ရန်အတွက်အစိုးရထံပြန်လည်ယူဆောင်သွား
ပြီဖြစ်သည်။၎င်းသည်ရှင်းရှင်းလင်းလင်းမရှိသေးပေ၊သို့သော်လည်းခေါင်းဆောင်များမှမူကြမ်းရှိကျန်ရှိနေသေးသောအရာများနှင့်ပက်
သက်ပြီးအပြည့်အဝသဘောတူညီမှုရရှိသည်ဖြစ်စေ၊ရွေးကောက်ပွဲမတိုင်မီ၎င်းကိုလက်မှတ်ရေးထိုးနိုင်သည်ဖြစ်စေတစ်ခုခုဖြစ်လာမည်
ဖြစ်သည်။

ဇွန်လ(၂)ရက်နေ့တွင်ပြုလုပ်သောညီလာခံဖွင့်ပွဲတွင်UN၏အထူးကိုယ်စားလှယ်ဖြစ်သူVijayNambiarကတိုင်းရင်းသားခေါင်းဆောင်များ
သည်ပြုလုပ်ရန်အချိန်အကန့်အသတ်ရှိခဲ့ကြောင်းတက်ရောက်သူများကိုပြောကြားခဲ့ပြီးမြန်မာ့ငြိမ်းချမ်းရေးသည်သင်တို့လက်ထဲမှာသာ
ရှိကြောင်းထပ်ပေါင်းပြောကြားခဲ့သည်။သူသည်ရွေးကောက်ပွဲမတိုင်မီစာချုပ်တွင်လက်မှတ်ရေးထိုးနိုင်ရန်ကိုယ်စားပြုဆောင်ရွက်နေ
သော်လည်းတချို့သောတိုင်းရင်းသားခေါင်းဆောင်များကသူသည်အစိုးရဘက်မှဖြစ်ကြောင်းစွပ်စွဲစေရန်တွန်းအားပေးနေကြသည်။

ညီလာခံနောက်ပိုင်းတွင်နိုင်ငံရေးဆိုင်ရာအချီချဆွေးနွေးမှုများနှင့်ပက်သက်ပြီးလုပ်ဆောင်ရန်ဟန်ပြင်နှင့်ပြီဖြစ်သည်။

“ဇွန်လ(၁၀)ရက်နေ့ကချင်းမိုင်မှာပြုလုပ်တဲ့အစည်းအဝေးအကြောင်းနိုင်ဟံသာ၊(KNUအထွေထွေတွဲဖက်အတွင်းရေးမှူး)ပ​ဒိုကွယ်ထူးဝင်း
တို့နဲ့ကျွန်တော်တို့ပြောဖြစ်ခဲ့ပါတယ်”ဟုမြန်မာ့ငြိမ်းချမ်းရေးစင်တာမှဦးလှမောင်ရွှေကယမန်နေ့ကမြန်မာတိုင်းမ်သို့ပြောကြားခဲ့သည်။နိုင်
ငံရေးဆိုင်ရာအချီချဆွေးနွေးပွဲများမတိုင်မီအပစ်ရပ်ရေးနှင့်ပက်သက်၍အစိုးရချထားသည့်မူဝါဒသည်အပြောင်းအလဲသေချာသလောက်
ဖြစ်မည်ဟု၎င်းကထပ်ပေါင်းပြောကြားခဲ့သည်။

“အစိုးရကတော့နိုင်ငံရေးအချီချဆွေးနွေးပွဲတွေအရင်စပြီးလုပ်ဖို့ဆုံးဖြတ်မှာပဲ၊ဒါပေမယ့်ဗဟိုကော်မတီကနေပြီးတော့ဘာညွှန်ကြားချက်
မှကျွန်တော်တို့လက်ခံရရှိခြင်းမရှိသေးဘူး”၊ရန်ကုန်တွင်အစိုးရနှင့်NCCTတို့အကြားနောက်ထပ်ပြုလုပ်မယ့်အစည်းအဝေးမှာအချီချဆွေး
နွေးမှုတွေဆွေးနွေးနိုင်ပါလိမ့်မယ်ဟုသူကထပ်ပေါင်းပြောကြားခဲ့သည်။

ကိုးကန့်အဖွဲ့(၃)ဖွဲ့ထဲမှအဖွဲ့တစ်ဖွဲ့အတွက်ပြောရေးဆိုခွင့်ရှိသူတစ်ဦးကအပစ်ရပ်စာချုပ်တွင်လက်မှတ်မရေးထိုးရန်လော်ခီးလာ၏ဆုံး
ဖြတ်ချက်ကိုကြိုဆိုလိုက်ကြောင်းယမန်နေ့ကပြောခဲ့သည်။