ငါးတစ်ကောင်ကိုသစ်ပင်ပေါ်တက်ခိုင်းခြင်းနှင့်မြန်မာနိုင်ငံပညာရေးစနစ်

...

ငါးတစ်ကောင်ကိုသစ်ပင်ပေါ်တက်ခိုင်းခြင်းနှင့်မြန်မာနိုင်ငံပညာရေးစနစ်

The Nation, 01 Jun 2015

URL: http://www.nationmultimedia.com/opinion/Asking-a-fish-to-climb-a-tree-and-Myanmars-educati-30261251.html
နယ်စပ်ဒေသရှိဒုက္ခသည်စခန်းများတွင်စာသင်ယူနေကြသောဒုက္ခသည်များမှမိမိတို့၏ပညာရေးစနစ်ကိုအသိအမှတ်ပြုရန်လိုအပ်
ကာတွန်းအဟောင်းတစ်ကွက်ကိုလူမှုကွန်ရက်ပေါ်တွင်ဝေမျှပေးပို့ကြသည်။ထိုကာတွန်းတွင်သစ်ပင်တစ်ပင်၊ကျောင်းအုပ်ဆရာနှင့်
တရိစ္ဆာန်အမျိုးမျိုးအပါအဝင်ရွှေငါးတစ်ကောင်၊ဆင်တစ်ကောင်နှင့်ဖျံတစ်ကောင်ကိုပုံဖေါ်ထားသည်။ပြီးလျှင်ထိုကာတွန်းတွင်
“ကျောင်းအုပ်ဆရာက.ကဲ..ညီတူညီမျှဖြစ်ရအောင်အားလုံးစာမေးပွဲတစ်ခုဖြေရမယ်၊ကျေးဇူးပြုပြီးသစ်ပင်ပေါ်တက်ပါ”ဟုပြောသည်။
ကားတွန်းအောက်တွင်သိပ္ပံပညာရှင်အဲလ်ဘတ်အိုင်းစတိုင်း၏စကားကိုရေးထားသည်။“လူတိုင်းဟာပါရမီရှင်တွေပါ၊ဒါပေမယ့်ငါး
တစ်ကောင်ကိုသူ့ရဲ့သစ်ပင်တက်နိုင်တဲ့အစွမ်းပေါ်မူတည်ပြီးဆုံးဖြတ်ရင်သူ့ဘဝတစ်ခုလုံးမှာမိုက်မဲတဲ့အရာဆိုပြီးယုံကြည်သွားမယ်။”

ဟောင်စာသည်ထိုင်းနိုင်ငံတောင်ဘက်အစွန်းရှိကရင်နီဒုက္ခသည်စခန်းအမှတ်(၁)တွင်နေထိုင်ပြီးသူသည်ကာတွန်းဥပမာအရသစ်ပင်
ကိုကြိုးစားတက်ရသောရွှေငါးတစ်ကောင်ဖြစ်သည်။ယဉ်ကျေးပြီးမိမိကိုယ်ကိုယုံကြည်စိတ်ချမှုရှိသောဟောင်စာသည်မနှစ်ကအခက်
အခဲတစ်ခုနှင့်ကြုံခဲ့ရသည်။သူ၏အထက်တန်းကျောင်းကိုစခန်းထဲတွင်အောင်မြင်စွာပြီးဆုံးပြီးရရှိသောအောင်လက်မှတ်အားမိမိအိမ်
ရှင်နိုင်ငံဖြစ်သောမြန်မာနိုင်ငံ(သို့)မိမိနေထိုင်နေသောနိုင်ငံဖြစ်သည့်ထိုင်းနိုင်ငံတို့မှအသိအမှတ်ပြုမည်မဟုတ်ပေ။ထို့နောက်သူ
သည်မြန်မာနိုင်ငံသို့ပြန်သွားပြီးအစိုးရပညာရေးစနစ်နှင့်ဆီလျော်သောအထက်တန်းအောင်လက်မှတ်ကိုရရှိရန်ကြိုးစားခဲ့သည်။

“ကျွန်တော်ပြီးခဲ့တဲ့နွေရာသီမှာမြန်မာနိုင်ငံကိုပြန်ပြီးအဲဒီမှာ၁၀တန်းတက်ရအောင်ကြိုးစားပါတယ်”ဟုဆိုသည်။“ကျောင်းအုပ်ဆရာ
ကြီးကကျွန်တော်ကိုးတန်းမှာရှိတဲ့ဘာသာရပ်အားလုံးကိုဖြေဖို့လိုတယ်ပြောပါတယ်၊ဒါပေမယ့်ဘာသာရပ်အားလုံးနီးပါးကဒီမှာနဲ့ကွဲ
တယ်၊ဒါကြောင့်ကျွန်တော်မဖြေပဲဒီစခန်းထဲကိုပြန်လာဖို့ရွေးချယ်လိုက်တာပါ။”

သင်ရိုးတစ်ခုတည်းပင်လျှင်ပြန်သွားသည့်ကျောင်းသားများအတွက်ရှိနေသောစိန်ခေါ်မှုမဟုတ်ပါ။ဒုက္ခသည်အများစုမှာကရင်လူမျိုး
များဖြစ်ကြပြီးမြန်မာဘာသာစကားဖြင့်မသင်ရသကဲ့သို့မိမိတို့နေထိုင်သောနေရာပတ်ဝန်းကျင်တွင်လည်းမြန်မာဘာသာစကားပြော
ခြင်းမရှိပေ။ကျောင်းဝင်ခွင့်အဆင့်သည်မြန်မာဘာသာစကားဖြင့်ဖြစ်သည်။

ဤသတ်မှတ်ချက်များဖြစ်သည့်မရင်းနှီးသောသင်ရိုးပေါ်တွင်မူတည်သည့်မရင်းနှီးသောဘာသာစကားဖြင့်ဖြေဆိုရမည့်ဝင်ခွင့်စာ
မေးပွဲများအစရှိသည်တို့သည်ပြန်သွားသည့်ကျောင်းသားများအတွက်အစိုးရပညာရေးစနစ်ကိုဝင်ရောက်ရန်မကျော်လွှားနိုင်သော
အခက်အခဲများဖြစ်သည်။ထိုကဲ့သို့လက်ခံဆောင်ရွက်မှုများသည်အသက်ရွယ်အလိုက်မလျော်ညီသောစာသင်တန်းများရရှိခြင်း
အားဖြင့်ကလေးငယ်များ၏သင်ယူမှု၊လူမှုရေးနှင့်စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှုများကိုအကျိုးသက်ရောက်မှုရှိသည်။အခြားဒုက္ခသည်
ကလေးငယ်များလည်းပညာရေးကိုအစဉ်အမြဲစွန့်လွှတ်ရတော့မည်ဖြစ်သည်။ဤအရာသည်ကလေးကာကွယ်မှုအကြောင်းရင်း
ကိုဦးတည်စေသည်။ကလေးငယ်များကိုကျောင်းထားခြင်းသည်၎င်းတို့အားညှင်းပန်းနှိပ်စက်ခြင်းများမှကာကွယ်သည့်ကောင်း
သောနည်းလမ်းဖြစ်သည်။

မကြာမီက“လက်ခံရယူမှုအလွန်”ခေါင်းစဉ်ဖြင့်ကလေးကယ်ဆယ်ရေးအဖွဲ့အစည်းမှထုတ်ဝေထားသောစာတမ်းအရဒုက္ခသည်
ကလေးငယ်များအနေဖြင့်အစိုးရပညာရေစနစ်ကိုရယူရန်ရုန်းကန်နေခြင်းတစ်ခုတည်းမဟုတ်၊၎င်းတို့ဝင်ခွင့်ရရှိသည့်တိုင်
အောင်ပံ့ပိုးကူညီမှုများမရရှိကြပေ။ဤစိန်ခေါ်မှုများသည်စာသင်ကြားခြင်းဆိုင်ရာနည်းလမ်းများနှင့်ဆက်နွယ်သောအကြောင်း
အရာများအားဖြင့်ပေါင်းစပ်ထားသည်။ဒုက္ခသည်ရှိကျောင်းသားများအနေဖြင့်ကျောင်းသားအဓိကကျသောဆွေးနွေးတိုင်ပင်ပါ
ဝင်မှုနှင့်တကွသင်ယူမှုနည်းများကိုအတွေ့အကြုံရရှိချိန်တွင်မြန်မာနိုင်ငံပညာရေးအဓိကစနစ်မှာတတိယအဆင့်တွင်ပင်အ
လွတ်ကျက်မှတ်ခြင်းစနစ်သာရှိနေသေးသည်။

ဒုက္ခသည်စခန်းနှင့်အစိုးရပညာရေးစနစ်ကိုယှဉ်ကြည့်ပါကဖေါ်ပြရခက်သောအကောင်းယောင်ဆောင်သည့်အခြေအနေကိုဦး
တည်သွားသည်။အစိုးရအနေဖြင့်စခန်းတွင်းပညာရေးလက်ခံအသိအမှတ်ပြုရန်နှောင့်နှေးနေချိန်တွင်TBCအနေဖြင့်၎င်းတို့၏
“ဒုက္ခသည်များဘာပြောလဲ”စာတမ်းတွင်ဒုက္ခသည်စခန်းတွင်းရှိအပြိုင်အဆိုင်စရိတ်နည်းသောပညာရေးသည်စရိတ်မြင့်မားပြီး
အရေအသွေးကျဆင်းသောမြန်မာနိုင်ငံ၏အရှေ့တောင်ပိုင်းရှိပညာရေးနှင့်နိုင်းယှဉ်လျှင်အများဆုံးတွေ့နိုင်သောအခြားသော
ပညာရေးတစ်ခုဖြစ်သည်။

ဤကဲ့သို့ပညာတတ်ချင်သောဆန္ဒနှင့်မြန်မာနိုင်ငံကိုပြန်ပြီးရုန်းကန်မှုများကူညီမည်ဟုဒုက္ခသည်အများကပြောဆိုဝေမျှကြသည်။
အသက်(၁၁)ရှိအရွယ်သေးသေးနော်မူက“ကျွန်မကသူနာပြုဆရာမတစ်ယောက်ဖြစ်ချင်တယ်၊ဒါမှလူနာတွေကိုကူညီနိုင်မယ်။
လူငယ်အနေနဲ့ကျန်းမာရေးကောင်းရင်သင်ယူရတာပိုကောင်းတယ်”။တချို့ကျောင်းသားများကတော့ဆရာ၊ဆရာမများနည်းပါး
သည့်အတွက်ဆရာ၊ဆရာမများဖြစ်ချင်ကြပြီးတစ်ချို့မှာမြန်မာနိုင်ငံ၏အဆောက်အဦးများမှာအားနည်းချက်ရှိသောကြောင့်အင်
ဂျင်နီယာများဖြစ်ချင်ကြသည်။

စခန်းအခြေစိုက်အထက်တန်းကျောင်းအုပ်တစ်ဦးဖြစ်သူကပေါ်ရှီးကအသက်ပိုကြီးပြီးဘွဲ့ရဒုက္ခသည်များအနေဖြင့်မြန်မာပြည်
တိုးတက်ဖွံ့ဖြိုးမှုအတွက်ပါဝင်ရာတွင်အပြုသဘောကိုဆောင်ကြောင်းအခိုင်အမာပြောဆိုသွားသည်။

လက်ရှိတွင်စခန်းအခြေစိုက်အထက်တန်းကျောင်းပြီးအောင်လက်မှတ်များမှာမြန်မာပြည်တွင်တတိယအဆင့်ပညာရေး(သို့)
အလုပ်အကိုင်လျှောက်တင်ရန်အတွက်အသိအမှတ်အပြုမခံရသေးပေ။ဤသည်မှာ၎င်းတို့၏အသက်မွေးဝမ်းကျောင်းရရှိနိုင်
မှုကိုအကျိုးသက်ရောက်စေသည်။

ဤကဲ့သို့ပြန်သွားသောဒုက္ခသည်များ၏အခြေအနေသည်ပိုမိုကျယ်ပြန့်သောထိုင်းမြန်မာနယ်စပ်ရှိဒုက္ခသည်များနေရပ်ရင်းသို
ပြန်သွားခြင်းတွင်ဂယက်ရိုက်မှုများရှိသည်။ကြီးကြပ်ဦးဆောင်မှုပြုသောနိုင်ငံတကာလူသားချင်းစာနာထောင်ထားသည့်မူမှာဒု
က္ခသည်များအနေဖြင့်မိမိဆန္ဒနှင့်ဂုဏ်သရေရှိစွာပြန်သွားရေးဖြစ်သည်။ဒုက္ခသည်များ၏ပညာရေးကိုအသိအမှတ်မပြုခြင်း
သည်မိမိဆန္ဒအလျောက်ပြန်သွားခြင်း၏ပြည့်စုံသောအဓိပ္ပယ်ဖြစ်လာရန်အဟန့်အတားများဖြစ်နိုင်သည်။

ကျောင်းသားများ၊ပြည်တွင်းရှိအစိုးရမဟုတ်သည့်အဖွဲ့အစည်းများနှင့်မြို့ပြလူမှုအဖွဲ့များမှဥပဒေမူကြမ်းကိုကန့်ကွက်ခဲ့ကြသည်။
သင်ရိုးညွှန်းတမ်းများကိုပြန်လည်သုံးသပ်ခြင်းနှင့်လုပ်ပိုင်ခွင့်ကိုအထက်မှအောက်သို့လွှဲပြောင်းပေးခြင်း၊မိခင်ဘာသာစကားသင်
ကြားပို့ချမှုအတွက်အခွင့်အရေးများ၊ကျောင်းသားစုံညီစုဝေးခြင်းများနှင့်ပတ်သတ်၍ကန့်သတ်ချက်များ၊နှင့်နိုင်ငံတော်ထိန်းချုပ်
မှုကိုကိုယ်စားပြုကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်ပေးသည့်အမျိုးသားပညာရေးကော်မရှင်စသည်တို့အပေါ်အာရုံစိုက်စိုးရိမ်ပူပန်
မှုများရှိသည်။

ကရင်နီစခန်းအမှတ်(၁)သို့ပြန်လှည့်ကြည့်မည်ဆိုပါကဟွန်းစာသည်၎င်း၏ရည်ရွယ်ချက်ကိုဆုပ်ကိုင်ထားကြောင်းတွေ့ရသည်။
“ကျွန်တော်ပညာအလုံအလောက်တတ်မယ်ဆိုရင်ကျွန်တော့်စိတ်ကူးအိမ်မက်ထဲတစ်ခုကိုပြီးမြောက်ချင်ပါတယ်။”

ယခုအခါသူ၏အစီအစဉ်မှာ၆၀၀ကီလိုမီတာအကွာအဝေးရှိသည့်ထိုင်းနိုင်ငံရှိနယ်စပ်မြို့တစ်မြို့ဆီသို့ခရီးထွက်ရန်ဖြစ်သည်။
“မဲဆောက်ဒါမှမဟုတ်အခြားကျောင်းတစ်ခုခုကိုတက်ရောက်ဖို့ကျွန်တော်ကြိုးစားပါမယ်”ဟုသူကဆိုသည်။“ပညာသင်ကြားပြီး
တဲ့နောက်ကျွန်တော်အဖွဲ့အစည်းမှာအလုပ်လုပ်ဖို့အစီအစဉ်ရှိပါတယ်။အဲ့ဒီနောက်တစ်ဆင့်ပြီးတစ်ဆင့်ပေါ့၊ကျွန်တော်နိုင်ငံ
ရေးလုပ်ဖို့အစီစဉ်ရှိပါတယ်။”ဤအရာသည်သူ၏အိမ်မက်ပင်ဖြစ်သည်။