ကယားပြည်နယ်ခရီးသွားလာလှည့်လည်ရေးကိုမြှင့်တင်ပေးနိုင်မည့်ထိုင်းနိုင်ငံနှင့်ဆက်သွယ် ထားသည့်နယ်စပ်ဂိတ်သစ်

...

ကယားပြည်နယ်ခရီးသွားလာလှည့်လည်ရေးကိုမြှင့်တင်ပေးနိုင်မည့်ထိုင်းနိုင်ငံနှင့်ဆက်သွယ် ထားသည့်နယ်စပ်ဂိတ်သစ်

Myanmar Times, 17 Jun 2015

URL: http://www.mmtimes.com/index.php/national-news/15066-new-border-crossing-with-thailand-to-give-kayah-state-tourism-a-boost.html
ကယားပြည်နယ်နှင့်ထိုင်းနိုင်ငံတို့အကြားနယ်စပ်ဖြတ်ကျော်ရာဂိတ်သစ်ကိုယခုနှစ်နောက်အကျဆုံးထားဖွင့်လှစ်ရန်မျှော်မှန်း
ထားသည်။ဝေးလံသီခေါင်ဖျားသောနေရာများတွင်ခရီးသွားလုပ်ငန်းများမြှင့်တင်ရန်နှင့်ဒေသတွင်းဖွံ့ဖြိုးတိုးတက်ဆောင်ရွက်
မှုများကိုကူညီနိုင်မည့်အပြောင်းအလဲတစ်ခုဖြစ်သည်ဟုမြန်မာကမျှော်လင့်ထားကြောင်းကိုကုန်သွယ်ရေးဝန်ကြီးဌာနမှဒုတိယ
ညွှန်ကြားရေးမှူးဖြစ်သူဦးညွှန့်အောင်ကမြန်မာတိုင်းမ်စ်သို့ယမန်နေ့ကပြောကြားခဲ့သည်။

“ကျွန်တော်တို့မေလ(၂၁)ရက်နေ့ကထိုင်းသံအမတ်ကြီးကနေတဆင့်ထိုင်းနိုင်ငံကိုပန်ကြားချက်တစ်ခုပို့ခဲ့ပါတယ်။ကျွန်တော်
တို့ကိုသူတို့အကြောင်းပြန်တာနဲ့နယ်စပ်ဂိတ်ကိုဖွင့်ဖို့အဆင်သင့်ဖြစ်နေပါပြီ”ဟုဦးညွှန့်အောင်ကပြောခဲ့သည်။

နယ်စပ်ဖြတ်ကျော်သည့်ဂိတ်သစ်သည်ထိုင်းနိုင်ငံမဲဟောင်ဆောင်ခရိုင်နှင့်မြန်မာနိုင်ငံ၏မယ်စဲ့မြို့နယ်တို့ကိုဆက်သွယ်ပေး
မည်ဟုဦးညွှန့်အောင်ကပြောခဲ့သည်၊တံတားအားမြန်မာဘက်ခြမ်းနယ်စပ်မှသံလွင်မြစ်ကို(၆၀)ကီကိုမီတာ(၃၇)မိုင်ဖြစ်သန်း၍
ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်ဟုထပ်ပေါင်းပြောကြားခဲ့သည်။

ဒေသတွင်းနေထိုင်သူတို့၏ကိုယ့်ရပ်ကိုယ့်မြေဒေသဖွံ့ဖြိုးတိုးတက်ရေးကိုကူညီရန်အတွက်ကယားပြည်နယ်ရှိပြည်သူလူထု၏
တောင်းဆိုမှုကိုတုန့်ပြန်သောအားဖြင့်တံတားသစ်ဖွင့်ရန်စီစဉ်နေကြောင်းဦးညွှန့်အောင်ကပြောခဲ့သည်။ထိုင်းနိုင်ငံမဲ့ဟောင်
ဆောင်ခရိုင်ရှိတာဝန်ရှိသူများမှနယ်စပ်ဖွင့်ခြင်းသည်နှစ်နိုင်ငံအကြားကုန်သွယ်မှုကိုပိုမိုအဆင်ပြေလွယ်ကူစေရန်ဖြစ်ကြောင်း
အကြံပြုခဲ့သည်။

“သယ်ယူပို့ဆောင်ရေးတွေပိုမိုကောင်းမွန်လာကြပြီ၊ဒါကြောင့်နယ်စပ်ဂိတ်သစ်ကမန္တလေး၊ရှမ်းပြည်နယ်နဲ့ကယားပြည်နယ်တို့
ကိုတစ်နေရာကနေတစ်နေရာဆီကိုဆက်သွယ်ကုန်သွယ်တော့နိုင်ပါတော့မယ်”ဟုသူကဆိုသည်။

လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနမှညွှန်ကြားရေးမှူးချုပ်ဖြစ်သူဦးမောင်မောင်သန်းကသူ့အနေနှင့်ဂိတ်အသစ်မည်သည့်အခါ
တွင်ဖွင့်မည်ဆိုသူကိုသူမသိကြောင်းပြောခဲ့သည်။နယ်စပ်ဖြတ်ကျော်ရာတွင်(၇)ရက်ဗီဇာနှင့်နယ်စပ်ဖြတ်သန်းခွင့်လက်မှတ်
များကိုမြန်မာဘက်ကမည်သည့်အချိန်တွင်ထုတ်ပေးမည်ဆိုသည်ကိုမသိကြောင့်ထပ်ပေါင်းပြောကြားခဲ့သည်။

ကယားပြည်နယ်၏ခရီးသွားလှည့်လည်ရေးတွင်အဆောက်အအုံအကန့်အသတ်ရှိခြင်း--ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီး
ဌာန၏တွက်
ဆချက်အရဟိုတယ်(၈)လုံးတွင်အခန်းစုစုပေါင်း(၁၇၅)ခန်းမျှသာရှိသည်၊နယ်မြေသို့သွားရောက်လည်ပတ်ရန်ခရီးသွားသူအ
ရေတွက်အနည်းငယ်မှာစိုးရိမ်စိတ်အနည်းငယ်ရှိနှင့်နေသည်ဟုဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ညွှန်ကြားရေးမှူး
ဖြစ်သူဦးမြင့်ရွှေကပြောခဲ့သည်။

“ကယားပြည်နယ်အခြေအနေကအခက်အခဲရှိပါတယ်၊ဒါပေမယ့်ကျွန်တော်တို့ဧည့်လမ်းညွှန်တွေနဲ့ဧည့်ဝတ်ကျေပွန်မှုဆိုင်ရာ
သင်တန်းတွေကိုဒေသတွင်းမှာရှိတဲ့လူထုကိုကမ္ဘာလည့်ခရီးသွားလာရေးအကြောင်းအသိပညာတွေမြင့်တက်စေဖို့သင်တန်း
တွေပေးခြင်းအားဖြင့်ကြိုတင်ပြင်နေကြပါပြီ”ဟုသူကပြောခဲ့သည်။“ကျွန်တော်တို့ခရီးသွားကုမ္ပဏီတွေနဲ့လည်းစွန့်စားသွား
လာရတဲ့ခရီးတွေနဲ့နိုင်ငံဖြတ်ကျော်ခရီးသွားလာရေးတို့ကိုအခြေခံပြီးတော့ကယားပြည်နယ်အတွက်ခရီးစဉ်တွေကိုဖန်တီးပေး
ဖို့ညှိနှိုင်းဆွေးနွေးနေပါတယ်”။

ကယားပြည်နယ်အစိုးရ၏ထွေထွေအတွင်းရေးမှူးဖြစ်သူဦးအောင်ဇော်မိုးမှသူ့အနေနှင့်ဤကဲ့သို့သောဖွံ့ဖြိုးတိုးတက်မှုများကို
ကြိုဆိုကြောင်း၊“အဘယ့်ကြောင့်ဆိုသော်ဒေသတွင်းနေထိုင်သူများတွက်အလုပ်အကိုင်ခွင့်အလမ်းအများအပြားဖန်တီးပေးနိုင်
ကြောင်း၊ကယားပြည်နယ်သည်ကမ္ဘာလှည့်ခရီးသွားလာရေးမြှင့်တင်ဖို့အတွက်အဆင်သင့်မဖြစ်သေးကြောင်း၊သို့သော်လည်း
ကျွန်တော်တို့အနေနဲ့ခရီးသွားများနဲ့ပတ်သက်ပြီးထိုက်သင့်သလောက်နိုင်နင်းလုပ်ဆောင်နိုင်ကြောင်း၊ဒါဟာကျွန်တော်တို့လူ
ထုအတွက်အကျိုးကျေးဇူးရရှိလိမ့်မည်ဖြစ်ကြောင်း”ပြောကြားခဲ့သည်။

မြန်မာ့ကမ္ဘာလှည့်ခရီးသွားလာရေးစျေးကွက်ဖော်ဆောင်ရေးကော်မတီဥက္ကဌဖြစ်သူဦးဖြိုးဝေဇော်မှကယားပြည်နယ်သည်ထိုင်း
နိုင်ငံမှလာရောက်သောနယ်စပ်ဖြတ်ကျော်ခရီးသွားလှည့်လည်သူများကြောင့်အကျိုးအမြတ်ရနိုင်မည်ဖြစ်သလိုပို၍ဝေးကွာ
သောနေရာများမှလာရောက်လည်ပတ်သည့်ကမ္ဘာလှည့်ခရီးသွားများကြောင်းလည်းအကျိုးအမြတ်ရရှိနိုင်ကြောင်းပြောခဲ့သည်။

“ကယားပြည်နယ်ကိုခရီးသွားတွေပိုမိုလာရောက်လည်ပတ်မယ်ဆိုရင်ခရီးသွားလုပ်ငန်းတွေနဲ့ဆက်စပ်တဲ့စီးပွားရေးလုပ်ငန်း
တွေအားလုံးဖွံ့ဖြိုးတိုးတက်လာပါလိမ့်မယ်”ဟုသူကဆိုသည်။

“မြန်မာ့အမျိုးသားလေကြောင်းလိုင်းဟာလွိုင်ကော်ကိုပျံသန်းပေးနေပါပြီ၊KBZလေကြောင်းလိုင်းကလည်းလွိုင်ကော်လေယဉ်
ခရီးကိုပျံသန်းပြေးဆွဲဖို့စီစဉ်နေပါတယ်။စီးပွားရေးလုပ်ငန်းတွေကျွန်တော်တို့ရရှိလာလေလေ၊ဒေသတွင်းလူထုတွေအလုပ်အ
ကိုင်အခွင့်အလမ်းတွေပိုမိုရရှိလာလေလေပါပဲ။”