တိုင်းရင်းသားခေါင်းဆောင်ပိုင်းအထိအခြေခံဥပဒေပြင်ဆင်ရေးဆန္ဒမဲအခြေအနေ၊ယုံကြည်မှု နောက်ထပ်ပျက်စီးခြင်း

...

တိုင်းရင်းသားခေါင်းဆောင်ပိုင်းအထိအခြေခံဥပဒေပြင်ဆင်ရေးဆန္ဒမဲအခြေအနေ၊ယုံကြည်မှု နောက်ထပ်ပျက်စီးခြင်း

Irrawaddy News, 30 Jun 2015

URL: http://www.irrawaddy.org/burma/charter-reform-vote-ripples-through-ethnic-leadership-further-damaging-trust.html
လွှတ်တော်၌ကြာသာပတေးနေ့မွန်းလွဲပိုင်းတွင်ပြုလုပ်သောဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဆင်ရန်အကြိတ်အနယ်ဆွေးနွေးရာတွင်ဖွဲ့စည်း
ပုံကိုပြင်ဆင်ရန်အတွက်အဓိကကျသည့်ပြောင်းလဲမှုများကိုဆန့်ကျင်မဲခွဲဆုံးဖြတ်ခဲ့သည်။မြန်မာနိုင်ငံရှိတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့
များမှထိုသို့ဆုံးဖြတ်ခြင်းသည်နိုင်ငံရှိငြိမ်းချမ်းရေးရရှိအောင်ကြိုးပမ်းအားထုတ်မှုများကိုပိုမိုအကျပ်အတည်းဖြစ်စေသည်ဟုခန့်မှန်းပြော
ဆိုခဲ့ကြသည်။

အစိုးရနှင့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြားငြိမ်းချမ်းရေးဆွေးနွေးမှုများပြုလုပ်ရာတွင်ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကို
အဓိကထားဆွေးနွေးခဲ့ပြီးတုန့်ပြန်ချက်များအရအတိုက်အခံပါတီဖြစ်သည့်အမျိုးသားဒီမိုကရေစီအဖွဲ့(NLD)ကိုနှစ်သက်မှုများပြားသည်၊
ဆန္ဒမဲခွင့်မပြုခြင်းသည်ကြံ့ခိုင်ရေးပါတီနှင့်စစ်တပ်ကိုလူထုထောက်ခံမှုထိခိုက်လိမ့်မည်ဟုတိုင်းရင်းသားခေါင်းဆောင်များမှယုံကြည်ကြ
သည်။

တနိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေးညှိနှိုင်းအသင်း(NCCT)၏ဒုတိယဥက္ကဌဖြစ်သည့်အဖွဲ့သစ်တွင်ခေါင်းဆောင်ဖြစ်သူတိုင်းရင်းသား
ငြိမ်းချမ်းရေးညှိနှိုင်းဆွေးနွေးပွဲများတွင်ဦးဆောင်ရသည့်နိုင်ဟောင်စာမှဗီတိုအာဏာသည်အဖွဲ့အစည်းများအတွင်းယုံကြည်မှုအားနည်း
နေသည်များကိုနောက်ထပ်ထိခိုက်မှုများဖြစ်ပွားနိုင်သည်ဟုပြောခဲ့သည်။

သောကြာနေ့၌ဧရာဝတီသို့ပြောကြားရာတွင်နိုင်ဟောင်စာမှမြန်မာစစ်တပ်သည်၎င်းတို့၏လူထုထံမှထောက်ခံမှုများဆုံးရှုံးမည်မှာသေချာ
ကြောင်း၊ဖွဲ့စည်းပုံပြင်ဆင်ရန်အတွက်လည်းပိတ်ပင်ထားသောကြောင့်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များပြုလုပ်ရာ၌ယုံကြည်မှုဆုံးရှုံးနိုင်ကြောင်း
ပြောကြားခဲ့သည်။

စစ်တပ်မှရေးဆွဲထားခဲ့သည့်၂၀၀၈ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဆင်ရန်အတွက်လွှတ်တော်တွင်သုံး​ပုံ​နှစ်​ပုံ​ခန့်​မဲခွဲဆုံးဖြတ်ခဲ့သို့သော်
လည်းပြင်ဆင်မှုကိုအတည်ပြုရန်လိုအပ်သည့်(၇၅)ရာခိုင်နှုန်းအထက်ရရှိရန်မလုံလောက်ခဲ့ပေ။ဖွဲ့စည်းပုံဥပဒေပြင်ဆင်ရန်ပါဝင်ခဲ့သည်များ
ထဲမှတစ်ခုဖြစ်သည့်ပြင်ဆင်မှုများတွင်သက်ရောက်မှုရှိသောစစ်တပ်ဗီတိုအာဏာကိုလျော့ချပေးနိုင်သည့်(၇၀)ရာခိုင်နှုန်းလိုအပ်မှုကိုလျော့
ပေါ့ပေးခဲ့သည်။

အစိုးရနှင့်ရာစုနှစ်ထက်ဝက်ကျော်တိုက်ပွဲများဖြစ်ပွားခဲ့သည့်နိုင်ငံ၏တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များသည်ဖွဲ့စည်းပုံကိုပြောင်းလဲရန်
အားလုံးတညီတညွတ်ထဲဆန္ဒရှိကြသည်။တချို့မှာတိုက်ပွဲများဖြစ်ပွားနေပြီးတနိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေးစာချုပ်(NCA)တွင်ပြန်
လည်ပြုပြင်ရေးလုပ်သည်အထိလက်မှတ်ရေးထိုးမည်မဟုတ်ပေ။

ငြိမ်းချမ်းရေးစာချုပ်အောင်မြင်စေရန်အတွက်ဖွဲ့စည်းပုံအခြေခံဥပဒေပြောင်းလဲခြင်းသည်အဓိကကျသည်။နိုဝင်ဘာလတွင်ပြုလုပ်မည့်
ရွေးကောက်ပွဲမတိုင်မီအောင်မြင်ခဲ့ပါကသမ္မတဦးသိန်းစိန်၏အုပ်ချုပ်မှုအောင်မြင်မှုသရဖူဆောင်းလိမ့်မည်ဖြစ်သည်။လက်ရှိအေခြအနေ
အရတနိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေးစာချုပ်လက်မှတ်ရေးထိုးပြီးနောက်ရက်ပေါင်းခြောက်ဆယ်အတွင်းနိုင်ငံရေးအချီချဆွေးနွေး
မှုများစတင်ပြုလုပ်ရန်တိုင်းရင်းသားအဖွဲ့များမှခွင့်ပြုလိမ့်မည်မဟုတ်ပေ။အကယ်၍စစ်တပ်မှဖွဲ့စည်းပုံကိုပြန်လည်မပြင်ဆင်ပါကနောင်
တွင်လည်းပြင်ဆင်လိမ့်မည်မဟုတ်ဟုတိုင်းရင်းသားခေါင်းဆောင်များကစိုးရိမ်နေကြသည်။

“အခုလက်ရှိမှာပြင်ဆင်ဖို့ပိတ်ပင်ထားတဲ့လက်ရှိအခြေအနေကိုကျွန်တော်တို့ကြည့်မယ်ဆိုရင်ကျွန်တော်တို့နိုင်ငံရေးဆိုင်ရာအချီချဆွေး
နွေးမှုတွေလုပ်တဲ့အခါသူတို့ပြင်တာနဲ့ပတ်သက်ပြီးသဘောတူမှာမဟုတ်ပါဘူး”ဟုနိုင်ဟောင်စာကပြောခဲ့သည်။“သူတို့မပြင်ဘူးဆိုရင်ငြိမ်း
ချမ်းရေးလည်းရလာမှာမဟုတ်ပါဘူး”ဟုသတိပေးခဲ့သည်။

“ဖွဲ့စည်းပုံပြင်ဆင်တာနဲ့ပက်သက်ပြီးကျွန်တော်တို့မျှော်လင့်ချက်ကြီးကြီးမထားပါဘူး၊ဘာကြောင့်လဲဆိုတော့ဒါကိုမြန်မာစစ်တပ်ကရေး
ဆွဲထားခဲ့တာလေ၊ဒါကြောင့်ကျွန်တော်တို့ဒါကိုမပြောင်းလဲနိုင်ပါဘူး”ဟုပြည်ထောင်စုအဆင့်ဆွေးနွေးပွဲများတွင်မပါဝင်သည့်လက်နက်
ကိုင်အဖွဲ့အနည်းငယ်မှတစ်ခုဖြစ်သည့်စိုင်းလှကပြောခဲ့သည်။
“ဒါပေမယ့်တပ်မတော်(မြန်မာတပ်မတော်)အနေနဲ့သူတို့မပြင်ချင်ဘူးလို့ရှင်းရှင်းလင်းလင်းပြတာကိုတွေ့ရတာကောင်းပါတယ်။လွှတ်
တော်မှာကျွန်တော်တို့တိုင်းရင်းသားဥပဒေပညာရှင်တွေဘယ်လောက်ပဲရှိနေပါစေတရားဥပဒေစည်းမျဉ်းစည်းကမ်းတွေကိုကျွန်တော်
တို့မဆန့်ကျင်ပါဘူး”ဟုသူပြောခဲ့သည်။

“အတိုက်အခံခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်အပါအဝင်အများအပြားကဖွဲ့စည်းပုံအခြေခံဥပဒေကိုလွှတ်တော်ကပြင်ဆင်နိုင်တယ်
လို့ထင်ခဲ့ကြပါတယ်”ဟုသူကပြောခဲ့သည်။“ဒါပေမယ့်ကျွန်တော်တို့အတွက်ကတော့ဒါဟာအလုပ်မဖြစ်ဘူးဆိုတာသိထားပြီးသားပါ။အခု
သူတို့မလုပ်နိုင်ဘူးဆိုတာသက်သေပြလိုက်ပါပြီ။”