UNHCR၏ဇီဝမှတ်တမ်းတင်စနစ်သစ်ဖြင့်​ထိုင်းနိုင်ငံရှိဒုက္ခသည်(၁၁၀,၀၀၀)ကို​ကူညီ​အတည်ပြုစစ်ဆေး

...

UNHCR၏ဇီဝမှတ်တမ်းတင်စနစ်သစ်ဖြင့်​ထိုင်းနိုင်ငံရှိဒုက္ခသည်(၁၁၀,၀၀၀)ကို​ကူညီ​အတည်ပြုစစ်ဆေး

The UN Agency, 30 Jun 2015

URL: http://www.unhcr.org/55926d646.html
ထမ့်ဟင်စခန်း၊ဇွန်လ(၃၀)ရက်(UNHCR)၊ထိုင်းနိုင်ငံ-ကုလသမဂ္ဂဒုက္ခသည်အေဂျင်စီသည်ထိုင်းနိုင်ငံရှိနယ်စပ်စခန်းကိုးခုတွင်နေထိုင်
ကြသောမြန်မာဒုက္ခသည်များကိုစီစစ်အတည်ပြုခွဲခြားရန်အတွက်နောက်ဆုံးပေါ်စနစ်တစ်ခုကိုအပြီးသပ်အောင်မြင်သွားပြီဖြစ်သည်။

ယခုနှစ်ဇန်နဝါရီလနှင့်မေလများအတွင်းကုလသမဂ္ဂဆိုင်ရာမဟာမင်းကြီးရုံးနှင့်ထိုင်းအစိုးရတို့သည်UNHCR၏ဇီဝမှတ်​တမ်း​စနစ်သစ်
(BIMS)အကူအညီဖြင့်မြန်မာနိုင်ငံမှဒုက္ခသည်အဖြစ်မှတ်ပုံတင်ပြီးသောသူများနှင့်မှတ်ပုံမတင်ရသေးသည့်ဒုက္ခသည်ပေါင်း(၁၁၀,၀၀၀)
နီးပါးကိုစီစစ်ခွဲခြားအတည်ပြုခဲ့သည်။

ထိုင်းနိုင်ငံကိုကမ္ဘာနှင့်အဝှမ်းစခန်းလူဦးရေ၏ဇီဝအချက်အလက်များမှန်မမှန်စစ်ဆေးခွဲခြားသည်ကနဦးအထောက်အကူစီမံကိန်း၏
ပထမဆုံးနေရာအဖြစ်ရွေးချယ်ထားသည်။စခန်းများတွင်ဒုက္ခသည်အဖြစ်မှတ်ပုံတင်မှုကိုလွန်ခဲ့သည့်ဆယ်နှစ်ကတည်းကရပ်ဆိုင်း
ထားခဲ့ရာမိသားစုဖွဲ့စည်းပုံ၊မွေးသေနှင့်လက်ထပ်မှုများ၏နောက်ဆုံးသတင်းအချက်အလက်များရရှိရန်ရေးတကြီးလိုအပ်လျက်ရှိသည်။

“မြန်မာနိုင်ငံမှာအခြေအနေတွေကပြောင်းလဲနေတော့ဒုက္ခသည်တွေကစခန်းပြင်ပမှာကိုယ်နည်းကိုယ့်ဟန်နဲ့ပြသနာကိုဖြေရှင်းလာကြ
တယ်”ဟုUNHCR၏ထိုင်းနိုင်ငံကိုယ်စားလှယ်Mireille Girard ကပြောကြားခဲ့ပြီးအရေအတွက်အနည်းငယ်ကကိုယ့်နည်းကိုယ့်ဟန်နဲ့
နေရပ်ကိုပြန်စပြုနေပြီလို့လည်းသူမကပြောခဲ့သည်။“ကိုယ်တိုင်ရပ်တည်နိုင်စွမ်းနည်းပါးသည့်ဒုက္ခသည်အများစုအပါအဝင်စခန်းထဲရှိ
သူတို့ရဲ့မိသားစုနဲ့တစ်ဦးချင်းစီအခြအနေကိုနားလည်သဘောပေါက်ခြင်းအားဖြင့်မရွှေ့ပြောင်းမီနှင့်ရွှေ့ပြောင်းပြီးနောက်သူတို့အခြေ
အနေတွေကိုကျွန်မတို့ချင့်ချိန်အကဲဖြတ်ရာမှာကျွန်မတို့နောက်ထပ်တိုးတက်ကောင်းမွန်အောင်ပြုလုပ်နိုင်ပါတယ်။”

အကူအညီတွေနဲ့စောင့်ကြည့်စစ်ဆေးမှုတွေကိုအထောက်အကူလည်းဖြစ်စေပါလိမ့်မယ်။

UNHCR၏အန်ဂျီအိုလုပ်ဖော်ကိုင်ဖက်များပံ့ပိုးကူညီပေးမှုဖြင့်ပြည်ထဲရေးဝန်ကြီးဌာနအရာရှိများနှင့်ပူးတွဲအကောင်အထည်ဖော်သော
ကနဦးလှုပ်ရှားမှုတွင်မိသားစုတစ်စုလုံး၏ရှိပြီးသားစာရွက်စာတမ်းအထောက်အထားများနှင့်ရုပ်ပိုင်းဆိုင်ရာသက်သေခံအချက်အလက်
များကိုအသေးစိတ်စစ်ဆေးခြင်းများပါဝင်သည်။စခန်းတစ်ခုစီတိုင်းရှိဒုက္ခသည်ခေါင်းဆောင်များမှလည်းလူထုကိုစည်းရုံးခြင်းများနှင့်
၎င်းတို့ကိုပူးပေါင်းပါဝင်ရန်တိုက်တွန်းမှုများပြုလုပ်ခြင်းဖြင့်အကူအညီပေးခဲ့ကြသည်။အကျိုးရလဒ်မှာ(၁၀)နှစ်တာအတွင်းဒုက္ခသည်
လူထုကိုစာရင်းဇယားအရေအတွက်ရှုထောင့်မှပြန်လည်သုံးသပ်ရန်နှင့်ယခင်ထက်ပိုမိုကျယ်ပြန့်လွှမ်းခြုံသောကာကွယ်မှုပေးရန်ပင်
ဖြစ်သည်။

ဇီဝတိုင်းတာမှုစနစ်BIMSကိုUNHCRသမိုင်းတွင်ပထမဆုံးအကြိမ်အသုံးပြုခြင်းဖြစ်ပြီးဒုက္ခသည်တစ်ဦးချင်းစီ၏လက်ဗွေနှင့်မျက်လုံး
သူငယ်အိမ်စကင်ဖတ်အချက်အလက်များကိုUNHCRအွန်လိုင်းဒေတာဗေ့ထဲတွင်စုစည်းသိုမှီးထားကာကမ္ဘာ၏မည်သည့်နေရာတွင်
မဆိုပြန်လည်ထုတ်ယူနိုင်မည်ဖြစ်သည်။

“ဒုက္ခသည်တွေဟာဒီစနစ်ကိုဖြတ်သန်းလိုက်ရုံနဲ့သူတို့ရဲ့လက်ဗွေတွေနဲ့သူငယ်အိမ်တွေကိုမှတ်တမ်းတင်လိုက်ပြီဆိုတော့သူတို့ဘယ်
သူတွေလဲဆိုတာကျွန်တော်တို့အမြဲတမ်းသိနိုင်နေလို့ဒီဇီဝတိုင်းတာစနစ်ကအနာဂတ်မှာဒုက္ခသည်တွေကိုအများကြီးအကူအညီပေး
နိုင်ပါလိမ့်မယ်”ဟုဂျနီဗာမှUNHCR၏တွဲဖက်ဇီဝတိုင်းတာစနစ်ဖြန့်ချထားရေးအရာရှိSam Jefferies ကပြောကြားခဲ့သည်။“အကယ်
၍သူတို့စာရွက်စာတမ်းအထောက်အထားတွေပျောက်ဆုံးသွားခဲ့ရင်လည်းကျွန်တော်တို့ဆီအချိန်မရွေးပြန်လာတောင်းလို့ရတာပေါ့”
ဟု၎င်းကပြောကြားခဲ့သည်။

သို့ရာတွင်ဝန်ထမ်းများနှင့်နည်းပညာများကိုထိုင်းနိုင်ငံ၏အချို့သောဝေးလံခေါင်ဖျားသည့်နေရာများသို့ဆောင်ယူလာရန်မှာထောက်
ပံ့ပို့ဆောင်ရေးအရစိန်ခေါ်မှုတစ်ခုပင်ဖြစ်သည်။ဖုန်းနှင့်အင်တာနက်လုံးဝမရှိသည့်ဒုက္ခသည်စခန်းများသို့ဂြိုလ်တုစလောင်းကိရိယာ
များအရောက်ပို့ကြရသည်။UNHCRဝန်ထမ်း(၇၅)ယောက်တို့မှာမြစ်များကိုဖြတ်သန်းကာထိုင်း-မြန်မာနယ်စပ်တစ်လျှောက်ရှိကီလိုမီ
တာရာနှင့်ချီသည့်တောင်ပေါ်မြွေလိမ်မြွေကောက်လမ်းများကိုရက်သတ္တပတ်(၁၃)ပတ်မျှအချိန်အတွင်းခရီးနှင်ကြရသည်။

ထိုင်းနိုင်ငံအတွင်းလူဦးရေစီစစ်အတည်ပြုခြင်းလှုပ်ရှားမှုအဆုံးတွင်ဒုက္ခသည်များမှာအင်တာနက်အဆက်အသွယ်မရှိသည့်ဝေးလံ
ခေါင်ဖျားသောနေရာများတွင်ပင်UNHCR၏ကတ်ဖတ်စက်များဖြင့်ပြန်လည်ထုတ်ယူနိုင်သောလုံခြုံစွာကုတ်ဖြင့်ပြုလုပ်ထားသည့်
၎င်းတို့၏မိသားစုဝင်များ၏ဇီဝအချက်အလက်နှင့်ဓာတ်ပုံများပါသောစမတ်ကတ်ကိုယ်စီနှင့်ဖြစ်သွားကြသည်။

ဒီကဒ်တွေနဲ့ဆိုတော့ကျွန်မတို့ဆာဗာလိုလေးလံတဲ့ကိရိယာကြီးတွေနဲ့လျှောက်သွားနေစရာလိုအပ်တော့ဘူးပေါ့ဟု UNHCRကိုယ်စား
လှယ်Girardကပြောကြားခဲ့သည်။မိမိဆန္ဒအလျောက်နေရပ်ပြန်တဲ့အခါမှာလည်းပြန်လည်အခြေချသူတွေဘာဖြစ်သွားပြီလဲ၊ပြန်လည်
ပေါင်းစည်းဖို့အကူအညီအထောက်အပံ့ရသလားဆိုတာကိုမှတ်တမ်းတင်ဖို့ကွင်းဆင်းတဲ့အခါမြန်မာပြည်တွင်းကကျွန်မတို့အဖွဲ့တွေရဲ့
ကျောပိုးအိတ်တွေထဲမှာကတ်ဖတ်စက်တစ်ခုရှိနေလိမ့်မယ်။ကျွန်မတို့အချက်အလက်တွေကိုအခြားလူသားချင်းစာနာထောက်ထားမှု
ကူညီသူတွေနဲ့အာဏာပိုင်တွေကိုလွှဲပေးမယ်ဆိုရင်သူတို့အနေနဲ့လည်းဒုက္ခသည်တွေကိုလိုအပ်တဲ့အကူအညီတွေပေးနိုင်မယ်ဟု
လည်းသူမကပြောကြားခဲ့သည်။

ရတ်(ခ်ျ)ဘူရီရှိထမ့်ဟင်စခန်းတွင်ကရင်ဒုက္ခသည်ကော်မတီအတွက်အလုပ်လုပ်ပေးနေသည့်ဒုက္ခသည်တစ်ဦးဖြစ်သူဂျွန်စမစ်ကဒီစီ
စစ်အတည်ပြုခြင်းကတ်ကကျွန်တော်ပါအဝင်ဒုက္ခသည်အားလုံးအတွက်အရမ်းကိုအရေးကြီးပါတယ်။ဒီကတ်ကအနာဂတ်မှာကျွန်တော့်
ဘဝအတွက်အဆုံးအဖြတ်ဖြစ်လာနိုင်ပါတယ်။ကျွန်တော်တို့မြန်မာနိုင်ငံကိုပြန်ဖို့အခွင့်အရေးရမယ်ဆိုရင်UNHCRဒါမှမဟုတ်ထိုင်းအ
စိုးရကိုပြဖို့ကျွန်တော်တိုအတွက်ဒီကတ်ကကောင်းမွန်တဲ့အထောက်အထားဖြစ်လာပါလိမ့်မယ်။ကျွန်တော်ကတော့ဒီကတ်ကိုတခြားသူ
တွေရဲ့အဖိုးတန်ဆုံးအရာတွေနဲ့အတူလုံလုံခြုံခြုံသိမ်းထားဖို့သူတို့ကိုအမြဲတမ်းပြောပြပါတယ်ဟုပြောကြားသွားခဲ့သည်။