ချင်းမိုင်ဆွေးနွေးပွဲပြီးနောက်အစိုးရနှင့်တိုင်းရင်းသားကိုယ်စားလှယ်များမျှော်လင့်ချက်လမ်းပွင့်လာ

...

ချင်းမိုင်ဆွေးနွေးပွဲပြီးနောက်အစိုးရနှင့်တိုင်းရင်းသားကိုယ်စားလှယ်များမျှော်လင့်ချက်လမ်းပွင့်လာ

The Irrawaddy, 06 Jul 2015

URL: http://www.irrawaddy.org/burma/govt-ethnic-reps-hopeful-after-peace-talks-in-chiang-mai.html
ချင်းမိုင်၊ထိုင်းနိုင်ငံ--စနေ့နေ့တွင်ပြီးဆုံးသွားပြီဖြစ်သည့်အစိုးရကိုယ်စားလှယ်များနှင့်အသစ်ဖွဲ့စည်းထားသည့်တိုင်းရင်းသားအဆင့်မြင့်
ညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့တို့အတွင်းနှစ်ရက်တာပြုလုပ်သည့်အလွတ်သဘောတွေ့ဆုံဆွေးနွေးပွဲပြီးဆုံးပြီးနောက်တနိုင်ငံလုံးဆိုင်
ရာအပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ်ကိုလက်မှတ်ရေးထိုးနိုင်ရန်လမ်းပွင့်သွားပြီဖြစ်ကြောင်းမြန်မာ့ငြိမ်းချမ်းရေးညှိနှိုင်းသူခေါင်း
ဆောင်ဦးအောင်မင်းကပြောကြားခဲ့သည်။

အစိုးရဘက်မှတနိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ်မူကြမ်းကိုမပြင်ဆင်ချင်ခဲ့သော်လည်းတိုင်းရင်းသားကိုယ်စား
လှယ်များဘက်မှတောင်းဆိုထားသည့်ပြင်ဆင်ချက်(၁၂)ချက်ကိုစာပိုဒ်နောက်ဆက်တွဲတွင်ထည့်သွင်းသွားနိုင်ကြောင်းဦးအောင်မင်းမှ
သတင်းထောက်များကိုသောကြာနေ့တွင်ပြောကြားခဲ့သည်။

သို့သော်လည်းနှစ်ရက်တာဆွေးနွေးပွဲ၏နောက်ဆက်တွဲအရသဘောထားများပိုမိုအပြုသဘောဆောင်လာခဲ့သည်။ယခင်လ၌ကရင်ပြည်
နယ်၊လော်ခီးလာညီလာခံတွင်အသစ်ဖွဲ့စည်းလိုက်သည့်တိုင်းရင်းသားအဆင့်မြင့်ညှိနှိုင်းရေးအသင်းနှင့်အစိုးရကိုယ်စားလှယ်တို့အတွင်း
ပထမဦးဆုံးအကြိမ်ပြုလုပ်သည့်အစည်းအဝေးလည်းဖြစ်သည်။

“ဒီနေ့ဆွေးနွေးပွဲအောင်မြင်တယ်”ဟုဦးအောင်မင်းကသတင်းထောက်များသို့သုံးသပ်ချက်အတိုချုပ်ပေးခဲ့သည်။“NCAကိုလက်မှတ်ရေး
ထိုးဖို့အတွက်နောက်ထပ်ခြေလှမ်းလှမ်းဖို့ကျွန်တော်တို့တံခါးတစ်ချပ်ဖွင့်လှစ်နိုင်ပြီပေါ့။”

တိုင်းရင်းသားအဖွဲ့များမှမူကြမ်းတွင်ပြင်ဆင်ရန်အဆိုပြုထားသည်များအပါအဝင်နောက်ထပ်ဆွေးနွေးမှုများကိုနှစ်ဖက်စလုံးမှရန်ကုန်တွင်
ဇူလိုင်လတတိယအပတ်၌ကျင်းပလိမ့်မည်ဖြစ်ကြောင်း၎င်းကပြောကြားခဲ့သည်။

ကနဦးပိုင်းတွင်အစိုးရဘက်မှဆွေးနွေးသူများသည်တိုင်းရင်းသားများဘက်မှအသစ်ဖွဲ့စည်းလိုက်သည့်အဆင့်မြင့်ညှိနှိုင်းရေးအဖွဲ့သစ်ကို
လက်ခံရန်တွန့်ဆုတ်နေခဲ့သော်လည်းတိုင်းရင်းသားကိုယ်စားလှယ်များသည်အပြုသဘောဆောင်ခဲ့သည်။

ယခင်နှစ်ဦးနှစ်ဖက်အပစ်အခတ်ရပ်စဲရေးဆိုင်ရာညှိနှိုင်းဆွေးနွေးပွဲများအတွင်းခေါင်းဆောင်တစ်ဦးချင်းစီနှင့်လုပ်ကိုင်ခဲ့သောကြောင့်အ
ဖွဲ့သစ်ဖွဲ့စည်းခဲ့သော်လည်းဦးအောင်မင်းမှကိုယ်စားလှယ်အသစ်များအားအဖွဲ့ဟောင်းအဖြစ်နှင့်သာရည်ညွှန်းပြောဆိုခဲ့သည်။

အဆင့်မြင့်ညှိနှိုင်းရေးအသင်းခေါင်းဆောင်နှင့်ကရင်အမျိုးသားအစည်းအရုံး၏ဒုတိယဥက္ကဌဖြစ်သူနော်စီဖိုးရာစိန်ကဆွေးနွေးမှုသည်အ
ပြုသဘောဆောင်သည့်တိုးတက်မှုတစ်ခုဖြစ်ပြီးဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်းဧရာဝတီသို့ပြောခဲ့သည်။

ရှမ်းပြည်နယ်တောင်းပိုင်းတွင်မြန်မာစစ်တပ်နှင့်ပဋိပက္ခများဖြစ်ပွားနေသည့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့သုံးဖွဲ့ဖြစ်သည့်တအောင်း
အမျိုးသားလွတ်မြောက်ရေးတပ်၊ရက္ခိုင်တပ်မတော်၊မြန်မာ့ဒီမိုကရက်တစ်မဟာမိတ်တပ်မတော်စသည်တို့နှင့်ပတ်သက်သည့်အကြောင်း
အရာများကိုနှစ်ဖက်စလုံးကဆက်လက်နွေးမည်ဖြစ်ကြောင်းပြောခဲ့သည်။
“အားလုံးအပြည့်အစုံပါဝင်ခြင်းဟာတနိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေးအတွက်အရေးကြီးပါတယ်ကျွန်မတို့ကအောင်မြင်မှုရရှိ
အောင်ကြိုးစားနေပြီးအစိုးရကလည်းကြိုးစားသင့်ပါတယ်။အစိုးရဘက်ကလည်းအဲ့ဒါကိုအခုအခါလုပ်ဆောင်နေပါပြီ”ဟုနော်စီဖိုးရာစိန်
ကပြောခဲ့သည်။

အဆင့်မြင့်ညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့၏လက်ထောက်ခေါင်းဆောင်ပူးဇင်ကျုံးကလည်းသမ္မတဦးသိန်းစိန်အစိုးရတာဝန်ထမ်းဆောင်
ဆဲကာလတွင်တနိုင်ငံလုံးဆိုင်ရာငြိမ်းချမ်းရေးအောင်မြင်မှုများနှင့်ပတ်သက်၍အစီအစဉ်တကျဖြစ်ခဲ့ပြီဖြစ်ကြောင်းပြောခဲ့သည်။

“ကျွန်တော်တို့ဆွေးနွေးခဲ့တဲ့NCAမူကြမ်းမှာအမှန်တကယ်ထည့်သွင်းဖို့ပြင်ဆင်ချက်တစ်ခုနှစ်ခုလောက်ပဲရှိတော့တာပါ။ပြီးတော့ဒါက
လည်းနောက်ထပ်နောက်ဆက်တွဲအစည်းအဝေးတွေမှာအပြီးသတ်နိုင်ပါတယ်”ဟုသူကပြောခဲ့သည်။

“နှစ်ဖက်စလုံးကငြိမ်းချမ်းရေးရှေ့ဆက်ဆောင်ရွက်သွားဖို့နဲ့ဒီအစိုးရအုပ်ချုပ်မှုအောက်မှာNCAကိုလက်မှတ်ရေးထိုးနိုင်ဖို့၊နိုင်ငံရေးအချီ
ချဆွေးနွေးမှုတွေအတွက်မူဘောင်ကိုအပြီးသတ်ဖို့အတွက်ကြိုးစားကြဖို့ကတိဝတ်ပြုခဲ့ကြပါတယ်။”

ဦးအောင်မင်းသည်စနေနေ့တွင်ချင်းမိုင်၌ရှမ်းပြည်နယ်ပြန်လည်ထူထောင်ရေး/ရှမ်းပြည်နယ်တောင်ပိုင်းတပ်အဖွဲ့ဝင်များနှင့်လည်းသီး
ခြားတွေ့ဆုံဆွေးနွေးခဲ့သည်။ရှမ်းလက်နက်ကိုင်တပ်ဖွဲ့သည်တနိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေးအသင်း၏အသင်းဝင်မဟုတ်ပေ။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကိုယ်စားအပစ်အခတ်ရပ်စဲရေးညှိနှိုင်းမှုများကိုဦးဆောင်သည့်အထူးအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့
တွင်ယခုအခါပြန်လည်အစားထိုးထားသည်။