အဓိကကျသည့်ဒေသများ​တွင်ကရင်ပါတီဝင်ရောက်ယှဉ်ပြိုင်မည်

...

အဓိကကျသည့်ဒေသများ​တွင်ကရင်ပါတီဝင်ရောက်ယှဉ်ပြိုင်မည်

Myanmar Times, 07 Jul 2015

URL: http://www.mmtimes.com/index.php/national-news/15371-kayin-party-plots-regional-domination.html
တိုင်းရင်းသားကရင်ပါတီသည်နိုဝင်ဘာလတွင်ကျင်းပပြုလုပ်မည့်ရွေးကောက်ပွဲ၌ကရင်ပြည်နယ်ရှိယှဉ်ပြိုင်မှုများတွင်အနိုင်ရရန်အ
တွက်၎င်းတို့မှဝင်ရောက်ယှဉ်ပြိုင်ဆောင်ရွက်ရန်ဆုံးဖြတ်လိုက်ပြီဖြစ်သည်။

PSDPမှဒုတိယဥက္ကဌဖြစ်သူဦးမန်းအောင်ပြည်စိုးမှအမျိုးသားလွှတ်တော်နှင့်ပြည်ထောင်စုလွှတ်တော်အတွက်ပြည်ထောင်စုအဆင့်ရွေး
ကောက်ပွဲများတွင်ပါဝင်ယှဉ်ပြိုင်ရန်အတွက်ပါတီမှရွေးကောက်ပွဲဝင်ကိုယ်စားလှယ်လောင်းများကိုစီစစ်ရွေးထုတ်ခဲ့ပြီဖြစ်ကြောင်းပြော
ခဲ့သည်။

ရွေးကောက်ပွဲတွင်ပါတီမှကိုယ်စားလှယ်လောင်း(၃၅)ဦးနှင့်အထက်အရွေးခံမည်ဖြစ်ကြောင်း၎င်းမှပြောကြားခဲ့သည်။

“ကရင်ပြည်နယ်မှာရှိတဲ့မြို့နယ်၇ခုမှာဆိုရင်အမျိုးသားလွှတ်တော်ကိုယ်စားလှယ်နေရာ(၁၄)နေရာရှိပါတယ်။သံတောင်နဲ့ဖာပွန်ကလွဲ
ပြီးအခြားမြို့နယ်တွေကကျွန်တော်တို့မဲဆန္ဒနယ်တွေပါ။ကျွန်တော်တို့ရည်မှန်းထားတာကတော့အမျိုးသားလွှတ်တော်နေရာ(၁၂)နေ
ရာမှန်းထားပါတယ်”ဟု၎င်းကပြောခဲ့သည်။

ကရင်လူဦးရေအများအပြားရှိသည့်မွန်ပြည်နယ်ရှိပေါင်နှင့်ကျိုက်မရောမြို့နယ်တို့တွင်ကိုယ်စားလှယ်လောင်းများမှကိုယ်စားပြုအရွေး
ခံရန်လည်းPSDPမှစီစဉ်နေသည်။

ဖက်ဒရေးရှင်းသည်ပြည်နယ်လွှတ်တော်နေရာတွင်ဝင်ရောက်ယှဉ်ပြိုင်အနိုင်ယူရန်အတွက်ဆုံးဖြတ်ထားပြီးဖြစ်သလိုနေပြည်တော်
တွင်ဒုတိယသမ္မတနေရာတွင်ရွေးကောက်ခံအမည်တင်သွင်းရန်အတွက်လွှတ်တော်ကိုယ်စားလှယ်နေရာအလုံအလောက်ရှိနေပြီဖြစ်
သည်။

“ကျွန်တော်တို့ပြည်နယ်မှာရှိတဲ့လွှတ်တော်ကိုယ်စားလှယ်နေရာအားလုံးနီးပါးအနိုင်ရဖို့ဟာကျွန်တော်တို့ရဲ့အဆုံးစွန်ဆုံးရည်မှန်း
ချက်ပါပဲ။ကရင်လူထုရဲ့အခြေအနေဟာ၂၀၁၀ကတည်းကလိုပဲသိပ်အပြောင်းအလဲများများစားစားမရှိပါဘူး။အဲ့ဒီ့တုန်းကထက်ပိုမို
တိုးတက်သင့်တာပေါ့”ဟုဦးမန်းအောင်ပြည်စိုးကပြောခဲ့သည်။

ယခုလက်ရှိတွင်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP)နေရာဖြစ်သည့်ပြည်နယ်လွှတ်တော်မဲဆန္ဒထိန်းချုပ်ရာနေရ
များတွင်အနိုင်ရပါကသူ၏ပါတီသည်ကရင်ပြည်နယ်နေထိုင်သူများ၏အသက်မွေးမှုများကိုတိုးတက်အောင်လုပ်မည်ဖြစ်ကြောင်း
၎င်းမှကတိပေးခဲ့သည်။

မြန်မာနိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေလက်အောက်တွင်လက်ရှိသမ္မတဖြစ်သူဦးသိန်းစိန်သည်လည်းUSDPမှဖြစ်ပြီးအစိုးရအဖွဲ့မှဖြစ်
သည့်ပြည်နယ်အဆင့်ဝန်ကြီးများကိုခန့်ထားခဲ့သည်။ဝန်ကြီးအများစုသည်USDPမှဖြစ်ပြီးPSDPသည်လည်းအစိုးရအဖွဲ့တွင်ကိုယ်
စားလှယ်နှစ်ဦးရှိသည်။သယ်ယူပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးမှဝန်ကြီးဦးစောခင်မောင်မြင့်နှင့်လျှပ်စစ်နှင့်စက်မှုဝန်ကြီးဦးစော
ကြည်လင်းတို့ဖြစ်ကြသည်။

အသင်းဝင်တစ်သောင်းကျော်မှတ်ပုံတင်ထားသည့်ဘားအံအခြေစိုက်ပါတီသည်နောက်ဆုံးတွင်မှ၂၀၁၀အထွေထွေရွေးကောက်ပွဲ
ကိုပါဝင်ယှဉ်ပြိုင်ရန်ဆုံးဖြတ်ချက်ချခဲ့ခြင်းဖြစ်သည်ဟုဦးမန်းပြည်စိုးကပြောခဲ့သည်။ပြည်သူ့လွှတ်တော်တွင်လွှတ်တော်ကိုယ်စား
လှယ်နေရာ(၂)နေရာနှင့်အမျိုးသားလွှတ်တော်တွင်(၃)နေရာအနိုင်ရခဲ့သလိုပြည်နယ်လွှတ်တော်တွင်လည်း(၄)နေရာရခဲ့သည်။

“ရွေးကောက်ပွဲတွင်ဝင်ရောက်ဖို့အတွက်USDPကနိုင်ငံရေးပါတီဖြစ်လာတဲ့အခါကျွန်တော်တို့လည်းဝင်ရောက်ယှဉ်ပြိုင်ရန်​အ​တွက်​
ဆုံးဖြတ်ခဲ့တာပါဟုသူကပြောခဲ့သည်။နိုင်ငံရဲ့ဒီမိုကရေစီနဲ့ပြုပြင်ပြောင်းလဲရေးအကူးအပြောင်းကာလမှာကျွန်တော်တို့လည်းတစ်
စိတ်တစ်ပိုင်းနေနဲ့ပါဝင်ချင်ခဲ့ပါတယ်။”

PSDPသည်NBFမှတဆင့်အခြားတိုင်းရင်းသားအဖွဲ့များအတူလုပ်ကိုင်ဆောင်ရွက်နေသောကြောင့်အခြားကရင်ပါတီများနှင့်ဆက်
ဆံရေးသည်ရင်းနှီးမှုနည်းခဲ့သည်။PSDPသည်ကနဦးတွင်ကရင်ပြည်နယ်ဒီမိုကရေစီနှင့်ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ကရင်ဒီမိုကရက်
တစ်ပါတီ၊ကရင်လူထုပါတီတို့နှင့်အတူမဟာမိတ်ဖွဲ့စည်းရန်ကြိုးပမ်းခဲ့သော်လည်းနောက်ပိုင်းတွင်ဆွေးနွေးမှုများမှနှုတ်ထွက်ခဲ့သည်။