ရွေးကောက်ပွဲကျင်းပမည့်ရက်ကိုမြန်မာမှကြေငြာ

...

ရွေးကောက်ပွဲကျင်းပမည့်ရက်ကိုမြန်မာမှကြေငြာ

Democratic Voice of Burma, 09 Jul 2015

URL: http://www.dvb.no/news/breaking-news-burma-announces-election-date/53782
မြန်မာ့အထွေထွေရွေးကောက်ပွဲကိုနိုဝင်ဘာလ(၈)ရက်နေ့၊တနင်္ဂနွေနေ့တွင်ကျင်းပမည်ဖြစ်ကြောင်းပြည်ထောင်စုရွေးကောက်ပွဲကော်
မရှင်(UEC)မှဗုဒ္ဓဟူးနေ့တွင်ပြောကြားခဲ့သည်။

ထင်မြင်ချက်များပေးနေသည့်လအတော်တော်ကြာကြာနောက်ပိုင်းတွင်ကြေငြာချက်ထွက်လာခြင်းဖြစ်ပြီးဒေါ်အောင်ဆန်းစုကြည်ကဲ့သို့
နိုင်ငံခြားသားမိသားစုဝင်များရှိသည့်ပုဂ္ဂိုလ်များအားသမ္မတဖြစ်ရန်အတွက်ဖွဲ့စည်းပုံဥပဒေကိုပြင်ဆင်ရန်ပြည်သူ့လွှတ်တော်ကိုယ်စား
လှယ်များမဲဆန္ဒခွဲဆုံးဖြတ်ရာတွင်ရှုံးနိမ်းသွားသည့်ရက်သတ္တပတ်နှစ်ပတ်အကြာတွင်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

၁၉၉၀ခုနှစ်တွင်ကျင်းပပြုလုပ်သည့်လွတ်လပ်ပြီးတရားမျှတမှုရှိသည့်ရွေးကောက်ပွဲတွင်အမျိုးသားဒီမိုကရေစီ(NLD)မှဒေါ်အောင်ဆန်း
စုကြည်အနိုင်ရရှိခဲ့သည်။စစ်တပ်မှရလဒ်ကိုလစ်လျူရှုခဲ့သည်။သူမ၏ခင်ပွန်းနှင့်သားနှစ်ယောက်တို့သည်ဗြိတိန်နိုင်ငံသားများဖြစ်ခြင်း
ကြောင့်သမ္မတဖြစ်မလာနိုင်ခဲ့ပေ။

ပြီးခဲ့သည့်နောက်ဆုံးအပတ်တွင်UECမှယခုနှစ်အထွေထွေရွေးကောက်ပွဲအတွက်မဲဆန္ဒနယ်မြေများသည်၂၀၁၀ခုနှစ်တွင်မဲဆန္ဒကောက်
ယူသည့်မဲဆန္ဒနယ်များနှင့်အတူတူဖြစ်လိမ့်မည်ဖြစ်ကြောင်းကြေငြာခဲ့သည်။လွှတ်တော်နှစ်ရပ်လုံးနှင့်ပြည်နယ်နှင့်တိုင်းဒေသကြီးလွှတ်
တော်များအတွက်လွှတ်တော်အဖွဲ့ဝင်စုစုပေါင်း(၁၁၄၂)ဦးရွေးကောက်မည်ဖြစ်သည်။

ဇူလိုင်လ(၁)ရက်နေ့ရက်စွဲနှင့်ထုတ်ပြန်ကြေငြာလိုက်ခြင်းဖြစ်သည်။UECမှအောက်လွှတ်တော်အတွက်မဲဆန္ဒနယ်မြေ (၃၃၀)နှင့်အထက်
လွှတ်တော်အတွက်မဲဆန္ဒနယ်မြေ(၁၆၈)ရှိကြောင်းပြောကြားခဲ့သည်။နောက်ထပ်ဒေသဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်နေရာ(၂၉)နေ
ရာကိုနိုင်ငံသားတိုင်းရင်းသားကိုယ်စားလှယ်များခန့်ထားမည်ဖြစ်သည်။

ရွေးကောက်ပွဲမကျင်းပမီနိုင်ငံရေးပါတီများသည်ရွေးကောက်ပွဲစည်းရုံးရေးဆင်းရန်အတွက်ရက်ပေါင်း(၆၀)ရမည်ဖြစ်သည်။

မဲစာရင်းမမှန်မှုများ၊မပါပဲကျန်ခဲ့မှုများစသည်တို့နှင့်ပတ်သက်သည့်အကြောင်းကိစ္စများအတွက်UECမှနိုင်ငံသားများသည်၎င်းတို့၏အ
မည်စာရင်းပါဝင်သည်ကိုသေချာမှုရှိစေရန်အတွက်မြို့နယ်ရှိမဲစာရင်းများတွင်သွားရောက်စစ်ဆေးနိုင်ရန်အတွက်အချိန်ကာလတိုးပေး
သည်။NLDမှအထွေထွေရွေးကောက်ပွဲတွင်ဝင်ရောက်ပါဝင်မည်မပါဝင်မည်ကိုယခုအပတ်တွင်ကြေငြာမည်ဖြစ်သည်။