အစိုးရနှင့်တိုင်းရင်းသားကိုယ်စားလှယ်များရန်ကုန်၌တွေ့ဆုံဆွေးနွေးရန်ရက်သတ်မှတ်

...

အစိုးရနှင့်တိုင်းရင်းသားကိုယ်စားလှယ်များရန်ကုန်၌တွေ့ဆုံဆွေးနွေးရန်ရက်သတ်မှတ်

Myanmar Information Zone, 15 Jul 2015

URL: http://mminfozone.net/govt-ethnic-reps-set-date-for-talks-in-rangoon/
ဗုဒ္ဓဟူးနေ့တွင်ထိုင်းနိုင်ငံ၊ချင်းမိုင်မြို့၌ကျင်းပပြုလုပ်ခဲ့သောဆွေးနွေးပွဲနောက်ဆက်တွဲအနေဖြင့်တိုင်းရင်းသားကိုယ်စားလှယ်များဖြစ်
ကြသည့်လဂျာနှင့်နော်စီဖိုးရာစိန်တို့သည်မြန်မာ့ငြိမ်းချမ်းရေးစင်တာမှဦးလှမောင်ရွှေနှင့်အတူသတင်းစာရှင်းလင်းပွဲကျင်းပခဲ့သည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့၏အဆင့်မြင့်ညှိနှိုင်းရေးအဖွဲ့သစ်သည်အစိုးရ၏ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မ
တီ(UPWC)နှင့်အတူရန်ကုန်၌ဇူလိုင်လ(၂၂)ရက်နေ့တွင်တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်း၊ဗုဒ္ဓဟူးနေ့တွင်ထိုင်းနိုင်ငံမြောက်ပိုင်း၌အ
ချီချအကြိုဆွေးနွေးပွဲပြုလုပ်ရာတွင်တက်ရောက်ခဲ့သည့်ကိုယ်စားလှယ်များ၏ပြောကြားချက်အရဖြစ်သည်။

ကရင်အမျိုးသားအစည်းအရုံး(KNU)မှဒုတိယဥက္ကဌဖြစ်သူနော်စီဖိုးရာစိန်ဦးဆောင်သည့်တိုင်းရင်းသားအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့
သည်ဦးအောင်မင်းဦးဆောင်သည့်မြန်မာငြိမ်းချမ်းရေးစင်တာ(MPC)ရှိတာဝန်ရှိသူများနှင့်အတူဗုဒ္ဓဟူးနေ့၌တွေ့ဆုံဆွေးနွေးခဲ့ကာ
နောက်ထပ်ဆွေးနွေးမှုများအတွက်နေရာနှင့်ရက်သတ်မှတ်ရန်သဘောတူညီခဲ့သည်။
“တိုင်းရင်းသားနဲ့အစိုးရခေါင်းဆောင်တွေကတနိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေးစာချုပ်မူကြမ်းအပြီးသတ်နိုင်ဖို့အတွက်ဆက်
လက်ညှိနှိုင်းဆွေးနွေးသွားမှာပါ”ဟုအစည်းအဝေးနောက်ဆက်တွဲအဖြစ်ဦးလှမောင်ရွှေမှပြောကြားခဲ့သည်။

ကချင်လွတ်မြောက်ရေးတပ်မတော်နှင့်တိုင်းရင်းသားအဆင့်မြင့်ညှိနှိုင်းရေးအဖွဲ့သစ်တို့မှဒုတိယခေါင်းဆောင်လဂျာမှပြီးခဲ့သည့်လ၌
ကရင်ပြည်နယ်တွင်ကျင်းပပြုလုပ်ခဲ့သောလော်ခီးလာညီလာခံရှိသဘောတူထားသည့်အတိုင်း“အားလုံးပါဝင်ရမည်”ဟူသောသဘော
တူညီချက်မူကိုထိန်းသိမ်းထားမည်ဖြစ်ကြောင်းပြောခဲ့သည်။

ညီလာခံနောက်ဆက်တွဲအရတိုင်းရင်းသားခေါင်းဆောင်များသည်အစိုးရနှင့်နှစ်ဦးနှစ်ဖက်အပစ်အခတ်ရပ်သဘောတူစာချုပ်လက်
မှတ်မရေးထိုးရသေးသည့်တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်၊မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်နှင့်ရ
က္ခိုင်တပ်မတော်တို့အပါအဝင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအားလုံးတနိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေးစာချုပ်တွင်
လက်မှတ်ရေးထိုးပါဝင်ခွင့်ပြုရန်အစိုးရထံတောင်းဆိုခဲ့သည်။

ကရင်ပြည်နယ်၌မကြာသေးမီကဖွင့်လှစ်ခဲ့သည့်အာရှဟိုင်းဝေးလမ်းမကြီးတလျှောက်တွင်မြန်မာစစ်တပ်နှင့်ဒီမိုကရေစီအကျိုးပြုက
ရင်တပ်မတော်(DKBA)တို့အတွင်းဖြစ်ပွားနေဆဲတိုက်ပွဲများနှင့်ပက်သက်၍ဗုဒ္ဓဟူးနေ့၌KNUမှကြေငြာချက်တစ်စောင်ထုတ်ပြန်ခဲ့
သည်။

KNUမှနှစ်ဖက်စလုံးအားစားပွဲထိုင်လာရောက်ညှိနှိုင်းဆွေးရန်တိုက်တွန်းလိုက်ပြီးဖြစ်ပွားနေဆဲတိုက်ပွဲများသည်တနိုင်ငံလုံးဆိုင်ရာ
အပစ်အခတ်ရပ်စဲရေးလုပ်ငန်းများအပေါ်အကျိုးသက်ရောက်နိုင်ကြောင်းထပ်ပေါင်းပြောကြားခဲ့သည်။

“တိုက်ပွဲတွေရပ်ဖို့ဆိုတာနှစ်ဖက်စလုံးမှာတာဝန်ရှိပါတယ်”ဟုဗုဒ္ဓဟူးနေ့၌နော်စီဖိုးရာစိန်ကပြောခဲ့သည်။“ဗဟိုအစိုးရကအကြောင်း
ကိစ္စတွေကိုကိုင်တွယ်ဖြေရှင်းခဲ့ပါပြီ၊ဒါပေမယ့်နောက်ထပ်အသေးစိတ်စီစဉ်ထားခြင်းမရှိခဲ့ပါဘူး”ဟုဦးလှမောင်ရွှေကထင်မြင်ချက်
ပေးခဲ့သည်။

အစိုးရနှင့်တိုင်းရင်းသားကိုယ်စားလှယ်များ၏ရန်ကုန်၌ဆွေးနွေးပွဲပြုလုပ်ရန်ရက်သတ်မှတ်ထားခြင်းကိုဧရာဝတီသတင်းစဉ်တွင်ဦး
စွာဖော်ပြခဲ့သည်။